သူငယ်ချင်းတို့ရေ…
အွန်လိုင်းပေါ်က သတင်းဓာတ်ပုံတွေက အမှန်လို့ ယူဆလို့ရလား?
အွန်လိုင်းပေါ်မှာ တွေ့ရတဲ့ ဓာတ်ပုံတွေ ဒါမှမဟုတ် သတင်းတွေဟာ သေချာစစ်ဆေးကြည့်မှ တော်ကာကြမှာပါ။ သတင်းတွေရေးသားဖော်ပြကြတဲ့အခါမှာ သတင်းဓာတ်ပုံတွေကို တွေ့တိုင်း ယုံကြည်စိတ်ချလို့မရပါဘူး။ photoshop တွေနဲ့ ပြုလွယ်ပြောင်းလွယ် ပြုလုပ်ဖို့ app တွေ အများကြီးရှိကြတာ သူငယ်ချင်းတို့လည်း သိရှိပြီး ဖြစ်ကြမှာပါ။ ဒီလို photoshop တွေနဲ့ ပတ်သက်ပြီး သတင်းလေးတစ်ပုဒ်ကို ဖော်ပြပေးလိုက်ပါတယ်။
ပဲခူးတွင် နျူကလီးယားထုတ်လုပ်ရန် ကြိုးစားနေမှုကြောင့် ကုလသမဂ္ဂက အရေးပေါ်ခေါ်ယူလိုက်ရတယ်ဆိုတဲ့ photoshop နဲ့ ပြုလုပ်ထားတဲ့ သတင်းဓာတ်ပုံ အွန်လိုင်းမှာပေါ်တော်တော်များများ ပြန်နှံ့ကြတာကို သူငယ်ချင်းတို့လည်း သိရှိပြီးဖြစ်မှာပါ။ သရော်လှောင်ပြောင်ပြီး ပြုလုပ်ထားတဲ့ သတင်းဓာတ်ပုံတွေကို အသုံးပြုပြီး သတင်းရေးသား တင်ဆက်မှုတွေကလည်း သတင်းမှားရဲ့ လက္ခဏာရပ်တစ်ခုပါပဲ။
အွန်လိုင်းပေါ်မှာ သတင်းမှားတွေ၊ ပြန်ပြုပြင်ထားတဲ့ ဓာတ်ပုံတွေဟာ အများအပြားရှိကြပါတယ်။ သူငယ်ချင်းတို့လည်း ဒီလို သတင်းမှားတွေ တွေ့ရှိခဲ့ရင် တွေးပြီးမှယုံကို ပေးပို့စစ်ဆေးလို့ရပါတယ်နော်။