သူငယ်ချင်းတို့ရေ…
သတင်းတု၊သတင်းမှားတွေက ပြီးခဲ့တဲ့ရက်ပိုင်းအရမ်းကိုပျံ့နှံ့လာနေတာတွေ့ရပါတယ်။ ဒီလိုသတင်းတုတွေ သတင်းမှားတွေကို တချို့ group တွေ၊ page တွေ တော်တော်များများ ဖော်ပြကြပါတယ်။ သတင်းတုတွေဖန်တီးတဲ့သူတွေဟာ Facebook သုံးစွဲသူတွေကို အဓိကဦးတည်ပြီး လူတွေကို အထင်အမြင်လွဲမှားအောင် ပုံဖော်ရေးသားကြဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ပြန့်နှံ့ခဲ့ သတင်းမှားတွေ တွေးပြီးမှယုံက တစ်စုတစ်စီးတည်း ဖော်ပြပေးလိုက်ပါတယ်နော်။
(၁) TNLA က မန္တလေးနန်းတွင်းကို ဝင်ရောက်တိုက်ခိုက်မယ်ဆိုတဲ့သတင်းမှား
ပြင်ဦးလွင် စစ်သင်တန်းကျောင်းကို TNLA က တိုက်ခိုက်ခဲ့ပြီးနောက် ယခုလို ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ပါတယ်။
(၂) ပြင်ဦးလွင် စစ်သင်တန်းကျောင်းကို ပစ်ခတ်တိုက်ခိုက်သာတဲ့ ပတ်သက်၍ ရဲမှူးမှ ကျေးဇူးတင်ကြောင်း ပြောဆိုတယ်ဆိုတဲ့ သတင်းမှား
ပြင်ဦးလွင် စစ်သင်တန်းကျောင်းကို TNLA က တိုက်ခိုက်အပြီး ဗွီဒီယိုဖိုင် အဟောင်းကို အချိန်ကိုက် ပြန်လည်ဖြန့်ဝေခြင်း ဖြစ်ပါတယ်။
(၃) မန္တလေးမှာ စစ်ပွဲရပ်ဖို့ ပြောတဲ့သူကို တိုက်ခိုက်တယ်ဆိုတဲ့သတင်းမှား
ဖော်ပြပါ သတင်းဓာတ်ပုံဟာ ၂၀၁၇ ခုနှစ်က ဓာတ်ပုံကို ပြန်လည်ယူသုံးထားပြီး အထင်အမြင်လွဲမှားအောင် ပြုလုပ်ထားခြင်းသာ ဖြစ်ပါတယ်။
(၄) TNLA မှ ဒေသခံများကို ပေါ်တာဆွဲတယ်ဆိုတဲ့ သတင်းမှား
ဒီသတင်းဟာ ဓာတ်ပုံဟောင်းကို အသုံးပြု၍ အကြောင်းအရာများကို ဇာတ်လမ်းဇာတ်ကွက် ပုံစံရေးသားထားခြင်းသာ ဖြစ်ပါတယ်။
(၅) ရှမ်းပြည် မြောက်ပိုင်းမှား အင်တာနက် ဖြတ်တောက်လိုက်တယ်ဆိုတဲ့ သတင်းမှား
ပြင်ဦးလွင် စစ်သင်တန်းကျောင်းကို TNLA မှ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့နှင့် တပ်မတော် တိုက်ပွဲများဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး အချိန်ကိုက် သတင်းမှားကို ပုံဖော်ရေးသားထားခြင်း ဖြစ်ပါတယ်။