သူငယ်ချင်းတို့ရေ…..
ဒီနေ့အတွက် Fake News Alert ကတော့……
“ထမီချွတ်ပြီးကတဲ့ ရန်ကုန် အရှေ့တိုင်း တက္ကသိုလ်ကျောင်းသူ ကျောင်းထုတ်ခံရတဲ့ ဗီဒီယိုဖိုင်” ဆိုတဲ့ခေါင်းစဉ်နဲ့ ဗီဒီယိုဖိုင်တစ်ခုပါ။ ဒီသတင်းအတုကို တွေးပြီးမှယုံက သတိထားမိတဲ့အချိန်မှာ Like-819 နဲ့ Share-141 ရှိနေပါပြီ။
ဒီသတင်းတုကို စစ်ကြည့်လိုက်တဲ့အခါမှာ ၂၀၁၆ ခုနှစ်ကတည်းက Youtube မှာတင်ထားခဲ့ပြီးသား ဖိုင်တစ်ခုဖြစ်နေပါတယ်။
တက္ကသိုလ်ကျောင်းသူ ဆိုတဲ့ ဦးတည်ချက်မျိုးနဲ့ ရေးသားထားပြီး Comment တွေမှာဆိုရင်လည်း အမျိုးသမီးဖြစ်တည်မှုကို တိုက်ခိုက်ရေးသားထားတာမျိုးတွေ တွေ့နေရပါတယ်။
တွေးပြီးမှယုံရဲ့ သူငယ်ချင်းတို့ရေ……..
သတင်းတစ်ခုကိုတွေ့တဲ့ခါ အတုအစစ် ဆန်းစစ်ပြီး ကိုယ့်ကြောင့် သတင်းတုတွေမပျံ့နှံ့ဖို့ သတိထားရမယ့်အပြင် သတင်းတုတွေကို အခြေခံပြီး Comment တွေမှာ တခြားသူတွေကို မထိခိုက်မိစေဖို့ကို သတိထားဖို့လိုပါတယ်။