သူငယ်ချင်းတို့ရေ…
လူအများစိတ်ဝင်စားတဲ့ သတင်းတွေ ထွက်လာတဲ့အတူ သတင်းမှားတွေလည်း ထွက်ပေါ်လာတတ်ပါတယ်။ ဒီလို သတင်းမှားတွေထွက်လာတဲ့အမျှ စိုးရိမ်စိတ်တွေနေနဲ့ ပြန်လည်ကိုးကားဖော်ပြကြတာ ရှိသလို၊ ယူဆချက်တွေ အမျိုးမျိုးနဲ့ ပြန်လည်ဖော်ပြတတ်ကြပါတယ်။
အခုလည်း “ဘူးသီးတောင် ဒီချုပ်ဥက္ကဌ အလောင်း ပြန်ရရှိ” ဆိုတဲ့ သတင်းမှားပဲဖြစ်ပါတယ်။ ဒီသတင်းဟာ ဘူးသီးတောင်း NLD ဥက္ကဌ ဦးရဲသိန်း ဖမ်းဆီးခံရပြီးနောက် ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
(၁) ဘူးသီးတောင် NLD ဥက္ကဌ သေဆုံးတယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး တရားဝင် သတင်းပြန်ကြားရေးတွေ၊ သတင်းမီဒီယာတွေမှာလည်း ဖော်ပြထားခြင်း၊ ထုတ်ပြန်ထားခြင်း မရှိပါဘူး
(၂) ဘူးသီးတောင် ဥက္ကဌ ဖမ်းဆီးခံရခြင်းနဲ့ ပတ်သက်ပြီး ဧရာဝတီသတင်းဌာနကနေ ဆက်သွယ်မေးမြန်းထားတဲ့ သတင်းကို ဖော်ပြပေးလိုက်ပါတယ်။
ဒီသတင်းမှားကို တချို့ group တွေမှာ အမြင်သဘောထား အမျိုးမျိုးနဲ့ ပြန်လည်ကိုးကားဖော်ပြနေကြတာကိုလည်း တွေ့ရှိရပါတယ်။