သူငယ်ချင်းတို့ရေ…..
COVID-19 ကူးစက်ရောဂါနဲ့ ပတ်သတ်လို့ သတင်းတုများကတော့ အမျိုးမျိုးထွက်ပေါ်လျက်ရှိပါတယ်နော်။ ယခုဆိုရင်လည်း 9Han News ဆိုတဲ့ website တစ်ခုမှာ COVID-19 ကူးဆက်ခံထားရတဲ့ ၁နှစ်နဲ့ ၆လသား ကလေးငယ် သေဆုံးကြောင်း သတင်းတု တစ်ခုကို ဖြန့်ဝေထားပါတယ်။
အဆိုပါ သတင်းတုနဲ့ ပတ်သတ်လို့ DVB သတင်းဋ္ဌာနရဲ့ သတင်းထုတ်လွှင့်ချက်မှာ COVID-19 ကူးစက်ခံထားရတဲ့ ကလေးတွေကို ကုသပေးနေတဲ့ ကလေးအထူးကုဆရာဝန် ဒေါက်တာခင်ခင်ထားနှင့် ဆက်သွယ်မေးမြန်းထားရာမှာတော့ ကလေးငယ်မှာ ပြန်လာသက်သာလာနေပြီ ဖြစ်ကြောင်း ဖြေဆိုထားပါတယ်။
အသက်ကြီးတဲ့သူတွေနဲ့ ကလေးငယ်တွေကို ကူးစက်ခံရရင် ပိုမိုထိခိုက်နိုင်တဲ့အကြောင်း သတိပေးမှုတွေလည်း ရှိထားတဲ့ အတွက် အများပြည်သူများအကြား စိုးရိမ်ထိတ်လန့်ဖွယ်ရာဖြစ်ခဲ့ပါတယ်။ အခုလို သတင်းတုတွေကို Think Before You Trust (တွေးပြီးမှယုံ) ရဲ့ သူငယ်ချင်းတွေ အနေနဲ့ လွယ်လင့်တကူ မျှဝေတာမျိုးမလုပ်သင့်သလို ဝေခွဲရခက်ခဲနေတဲ့ သတင်းတွေနဲ့ ပတ်သက်လို့လဲ တွေးပြီးမှယုံ ရဲ့ Chat Box မှာ လာရောက်မေးမြန်းနိုင်ပါတယ်။