သူငယ်ချင်းတို့ရေ…..
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ ငမိုးရိပ်ချောင်းအတွင်းကို တုတ်၊ ဓား၊ လေးဂွ စတဲ့ လက်နက်တွေ ကိုင်ဆောင်ထားတဲ့ ဘင်္ဂလီတွေ (မူရင်းအသုံးအနှုန်းအတိုင်း ရေးသားဖော်ပြခြင်း) အယောက် ၁၀၀ ကျော် ခိုးဝင်လာတယ်ဆိုတဲ့ သတင်းတုဟာ ညတွင်းချင်းမှာပဲ အရမ်းပြန့်နှံ့နေပါတယ်။ အဆိုပါ သတင်းတုဟာ ယခုချိန်မှာ ပြန်လည်မျှဝေသူပေါင်း ၃၇၀၀ ကျော်ရှိနေပါပြီ။
ဒီသတင်းတုနဲ့ ပတ်သက်ပြီးတော့ Comment တွေမှာ ပြန်လည်ရှင်းပြထားတာတွေ ရှိသလို ချောင်းထဲမှာ သဲခိုးစုတ်တဲ့လှေကို အထင်လွဲမှားတာ ဖြစ်တယ်လို့ ယခုလို ရေးသားဖော်ပြထားပါတယ်။ တောင်ဥက္ကလာပသားများ Group ထဲမှာတော့ လူမျိုးရေး၊ ဘာသာရေး သတင်းမှားတွေကို မယုံကြည်ဖို့ အသိပေးစာကို ယခုလို ဖော်ပြထားပါသေးတယ်။
ထိုအတူပဲ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ မှလည်း သက်ဆိုင်ရာရဲဋ္ဌာနကို မေးမြန်းပြီးတော့ သတင်းအမှားဖြစ်ကြောင်း သူ့ရဲ့ facebook account မှ တင်ထားပါတယ်။ သူရဲ့ facebook account ကို ဒီမှာဒီမှာ သွားရောက်ကြည့်ရှု့လို့ရပါတယ်။
COVID-19 ကပ်ရောဂါကြောင့် အများပြည်သူများ စိုးရိမ်ထိတ်လန့်နေချိန်တွင် ယခုလို သတင်းတုများဟာ စိုးရိမ်ထိတ်လန့်မှုကို ပိုဖြစ်စေနိုင်သလို ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခများ ဖြစ်တည်ဖို့ရာအတွက်လည်း ဦးတည်စေနိုင်ပါတယ်။ ဒါကြောင့် Think Before You Trust (တွေးပြီးမှယုံ) ရဲ့ သူငယ်ချင်းတွေ အနေနဲ့ လည်း ဒီလို သတင်းတုတွေကို သတိထားသင့်ပါတယ်နော်။ ယခုလို သတင်းတုတွေအနေနဲ့ သိချင်တာများ ရှိခဲ့ရင် တွေးပြီးမှယုံ ရဲ့ Chat Box မှာ လာရောက်မေးမြန်းနိုင်ပါတယ်။