တွေးပြီးမှယုံ ရဲ့ သူငယ်ချင်းတို့ရေ …
ဒီနေ့ ဖော်ပြချင်တဲ့ သတင်းမှား တစ်ခုက တော့ “NLD ပြည်သူ့အစိုးရ အာဏာသိမ်းခံရပါက အဓိကတရားခံများမှာ အစ္စလာမ်ဘာသာဝင်များ ဖြစ်ကြောင်း ဦးဝင်းထိန်ပြောပြီ” ဆိုပြီး ကောလဟာလ ဖြန့်နေကြတာပါ။ 😒😒
ဒီသတင်းနဲ့ ပက်သက်လို့ Friday Times News Journal ကလည်း “အာဏာသိမ်းလျှင် အဓိကတရားခံမှာ အစ္စလာမ်ဘာသာဝင်များဖြစ်ကြောင်း ဦးဝင်းထိန်မပြောဟု ပါတီပြောခွင့်ရကဆို” ဆိုတဲ့ သတင်းခေါင်းစဉ်နဲ့ ပြန်ပြီး ဖြေရှင်းထားတဲ့ သတင်းကိုတွေ့ရမှာပါ။
သတင်းတစ်ခုက Hot ဖြစ်တဲ့ခါ အဲ့ဒီသတင်းနဲ့ စပ်ဆက်တဲ့ သတင်းအမှား/အတု တွေဟာလည်း အလျင်အမြန်ပဲ ထွက်လာပြီး သတင်းဖတ်တဲ့သူတွေကို လှည့်စားပြီး စိတ်ဝင်စားမှု များအောင် လုပ်နေကြတာ တွေပါ။
တွေးပြီးမှယုံ ရဲ့ သူငယ်ချင်းတွေအနေနဲ့ သတင်းတွေကို တွေ့တာနဲ့ ချက်ချင်းမယုံလိုက်ပဲနဲ့ သေချာပေါက် ဆန်းစစ်ကြပါနော်။😎😎😎
ပြီးပြည့်စုံတဲ့ Week End လေး ဖြစ်ပါစေ….။