သူငယ်ချင်းတို့ရေ
ဇွန်လ (၁၉) နေ့ရက်စွဲဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒဂုံအရှေ့ပိုင်းမြို့နယ်ပါတီ ဥက္ကဌ ဦးလှထွန်းဦးကို ဥက္ကဌရာထူးမှ အပြီးသတ်ထုတ်မယ်လိုက်တယ်ဆိုတဲ့ ကြေညာချက်အတုထွက်ခဲ့ပါတယ်။
ဒီကြေညာချက်အတုကို ကြည့်မယ်ဆိုရင် ကြေညာချက်တစ်စောင်မှာ တွေ့ရတဲ့ အထောက်အထားတွေနဲ့ လုပ်ထားတာကို တွေ့ရမှာပါ။ ဒီလိုကြေညာချက်အတုတွေဟာ ရုတ်တရက် သူငယ်ချင်းတို့ စဉ်းစားလို့မရအောင် ဖြစ်တတ်ပါတယ်။ ဒီကြေညာချက်ကို ပြန်လည်တုန့်ပြန်ထားတဲ့ Bago Information Committee – NLD page ကဖော်ပြထားတယ့် ပုံကို ပြန်လည်ဖော်ပြပေးထားပါတယ်။
သူငယ်ချင်းတို့လည်း ဒီလိုကြေညာချက် အတုတွေကို သတိထားရအောင် မျှဝေပေးလိုက်ပါတယ်။
#တွေးပြီးမှယုံ