သူငယ်ချင်းတို့ရေ
သတင်းမဟုတ်သော သတင်းအမှားတွေဟာ သတင်းပုံစံလို တော်တော်များများ ရေးသားဖော်ပြကြပါတယ်။ တွေးပီးမှယုံကနေသတင်းတစ်ခုကို ဘယ်လိုဆန်းစစ်ရမယ်ဆိုတာကို ဖော်ပြပေးခဲ့ဖူးပါတယ်။
ယခုလည်း နိုင်ငံတော်အတိုင်ပင်ခံ မွေးနေ့ပွဲမတက်သည့် တပ်ချုပ်ကြီး ဝေဖန်ခံနေရတယ်ဆိုတဲ့ ဒီသတင်းကို ဘယ်သတင်းဌာနမှဖော်ပြထားခြင်းမရှိသလို၊ ဒီသတင်းကို ဘယ်သူကပြောတယ်ဆိုတာ လဲတိတိကျကျရေးထားတာမတွေ့ရှိပါဘူး။ ဒီသတင်းကို ဘယ်သူကဘယ်သူ့ကို ဘယ်နေရာမှာပြောလဲ ဆိုတာကိုဖော်ပြထားတာမရှိသလို၊ သတင်းအရင်းမြစ်ကလည်း တိကျသေချာမှု မရှိပါဘူး ဒီလိုသတင်းတွေဟာ ယုံကြည်လို့မရပါဘူး။
သူငယ်ချင်းတို့အနေနဲ့လဲ သတင်းတခုကိုတွေ့ရင် #တွေးပီးမှယုံ ကဖော်ပြပေးခဲ့ဖူးတယ့် IMVAIN နဲ့တိုက်စစ်ဖို့မမေ့ကြနဲ့နော်။
#တွေးပြီးမှယုံ