သူငယ်ချင်းတို့ရေ
ဒီတခါပြောပြချင်တာကတော့ နိုင်ငံခြားက သတင်းဓာတ်ပုံတွေကိုယူပြီး လိုသလို ဘာသာပြန်ကာ ရေးတာတွေဟာ သတင်းအတုဖန်တီးသူတွေ လုပ်လေ့လုပ်ထ ရှိတဲ့ပုံစံပါပဲ။ ယခုသတင်းအတုမှာလည်း
၂၀၁၂ ခုနှစ် နီပေါနိုင်ငံက ပုံကို ကူးယူပြီး ရက္ခိုင့်တပ်မတော် AA နဲ့ ARSA အဖွဲ့ ပူးပေါင်းပြီး တပ်မတော်နဲ့ တိုက်ပွဲဖြစ်တယ်ဆိုပြီး တကယ်ဖြစ်နေသယောင် ရေးသားထားတဲ့ သတင်းအတုပါပဲ။
တကယ်တော့ အကြောင်းအရာပါ သတင်းဓာတ်ပုံသည် June 13 2012 နီပေါနိုင်ငံက drones နှင့်ပတ်သတ်ပြီး သရုပ်ပြ သင်ကြားနေတဲ့ပုံပါ။ ဓာတ်ပုံကို ယူသုံးပြီး သတင်းအတုဖန်တီးပြီး ၂၀၁၇ မှာ Arkan Army page က တင်ခဲ့သလို၊ ယခုလည်း သတင်းအတုကို ထင်ယောင်ထင်မှားဖြစ်အောင် ပြန်လည်ဖော်ပြ နေတာတွေ့ရပါတယ်။
သူငယ်ချင်းတို့လည်း လိုသလိုဘာသာပြန်ထားတဲ့ သတင်းအတုတွွေကို သတိထားမိအောင် admin တို့က ဖော်ပြလိုက်ပါတယ်။ သူငယ်ချင်းတို့လည်း ကျန်တဲ့သူငယ်ချင်းတွေ သိရအောင် ပြန်လည်မျှဝေလိုက်ပါအုံးနော်။
#တွေးပြီးမှယုံ