ဒီသတင်းဟာဆိုရင် ဇန်နဝါရီ၂၆ ရက်နေ့ ရက်စွဲနဲ့ သတင်းစာဖြတ်ပိုင်းအနေနဲ့ ပြန့်နှံ့လာခဲ့ပြီး သတင်းထဲမှာ “မဲမသမာမှုလို ကိစ္စတွေကို အရင်မရှင်းပဲ အစိုးရမဖွဲ့သင့်ကြောင်းနဲ့ မဲခိုးခဲ့မှုကြောင့်ထောင်ထဲ မဝင်ချင်ဘူး” ဆိုပြီးရေးသားထားတာကိုတွေ့ရပါတယ်။ ဒီသတင်းကို တွေးပြီးမှယုံက အချက်အလက်စစ်ဆေးကြည့်ရာမှာတော့ အောက်က အချက်တွေအရ သတင်းတုဖြစ်ကြောင်းကို အတည်ပြုနိုင်ခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုပြန်ကြားရေးကော်မတီ၊အတွင်းရေးမှူးဖြစ်သူ မုံရွာအောင်ရှင်ကို ဖုန်းနဲ့ ဆက်သွယ်မေးမြန်းကြည့်ရာမှာတော့ “ဒီသတင်းဟာ လုပ်ကြံရေးသားထားတဲ့ သတင်းတုဖြစ်ပါတယ်။ အခုနောက်ပိုင်း သတင်းစာဖြတ်ပိုင်းအတုတွေနဲ့ သတင်းတုရေးသားလာတာကိုလဲ သတိထားမိပါတယ်။ ကျွန်တော်လဲ ဒီလိုပုံစံမျိုးနဲ့ လုပ်ခံရပါတယ်။ သတင်းတုထဲက ဗဟိုအရေးပေါ်အစည်းဝေးခေါ်တယ်ဆိုတာလဲ မဟုတ်ပါဘူး။ ဦးဝင်းထိန်လဲ ပါတီကနေ မထွက်ပါဘူး” ဆိုပြီး ပြန်လည်ဖြေကြားခဲ့ပါတယ်။
ဒါ့အပြင် ၂၆ ရက်နေ့ ရက်စွဲနဲ့ မည်သည့် သတင်းစာမှလည်း ဒီလိုသတင်းမျိုးဖော်ပြခဲ့တာဆိုတာကို ရှာဖွေမတွေ့ရှိခဲ့ပါဘူး။
NLD နာယက ဦးဝင်းထိန်နဲ့ပတ်သက်ပြီး အရင်တစ်ခေါက်ကလည်း “မဲမသမာမှုတွေအရင်ဖြေရှင်းပြီးမှ အစိုးရဖွဲ့ဖို့ဦးဝင်းထိန်ဖြေကြားခဲ့သလား” ဆိုတဲ့ သတင်းတုကိုတွေးပြီးမှယုံကနေပြန်လည်တင်ပေးထားခဲ့ပါတယ်။ ရွေးကောက်ပွဲမဲရလာဒ်နဲ့ပတ်သက်ပြီး သတင်းတုတွေဟာ မကြာခဏ ထွက်ပေါ်လာနေပြီး အမတ်အချို့ကိုလဲ သတင်းတုတွေနဲ့ တိုက်ခိုက်လာတာကို တွေ့ရှိလာရပါတယ်။ ဒီလိုသတင်းစာဖြတ်ပိုင်းနဲ့ ပြန့်နှံ့လာတဲ့ သတင်းတုတွေဟာ လူအများအပေါ် လွယ်လင့်တကူ လှည့်စားနိုင်တာကြောင့် ဒီလိုပုံစံနဲ့ ရေးသားထားတဲ့ သတင်းတွေကို မယုံသင့်ပဲ မိမိကိုယ်တိုင် စစ်ဆေးကြည့်သင့်ပါတယ်။ သတင်းစစ်ဆေးဖို့ အခက်အခဲရှိရင်လဲ တွေးပြီးမှယုံရဲ့ Chat box နဲ့ အချက်အလက်စစ်ဆေးပေးရန် အကြောင်းကြားလွှာကို ဖြည့်စွက်ပေးပြီး လာရောက်မေးမြန်းနိုင်ပါတယ်နော်။

ရွေးကောက်ပွဲမဲမသမာမှုများကိစ္စသမိုင်းတရားခံမဖြစ်လို NLDနာယကကြီး ဦးဝင်းထိန်နှုတ်ထွက်စာတင်မည်ဆိုတဲ့သတင်းတု