သူငယ်ချင်းတို့ရေ
တိုင်းရင်းသားလက်နက်ကိုင်တွေကို ၂၀၂၀ မတိုင်မီမှာ အပြုတ်တိုက်မယ်ဆိုပြီး ကာကွယ်ရေးဦးစီးချုပ်က ပြောတယ်ဆိုတဲ့ သတင်းအတု တစ်ခုတက်နေတာကို တွေ့ရပါတယ်။ တွေးပြီးမှယုံက ကာကွယ်ရေးဦးစီးချုပ်ပြောခဲ့သမျှ မိန့်ခွန်းတွေနဲ့ ဒီသတင်းအတုကို တိုက်ဆိုင်စစ်ဆေးတဲ့အခါမှာ အချက်အလက်တွေက မှန်ကန်ခြင်းမရှိတာကို တွေ့ရပါတယ်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အောင်မြင်အောင်လို့ ဘက်ပေါင်းစုံက ကြိုးစားနေတဲ့အချိန်မှာ ဒီလိုမျိုး သတင်းအတုတွေဟာ ရည်ရွယ်ချက်ရှိရှိနဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်အောင်ပြုလုပ်နေတာပါ။ သူငယ်ချင်းတို့အနေနဲ့သတိထားမိအောင် ဖော်ပြပေးလိုက်ပါတယ်။
သူငယ်ချင်းတို့အနေနဲ့လည်း အလားတူ သံသယဖြစ်စရာ သတင်းတွေကို တွေ့လာတယ်ဆိုရင် တွေးပြီးမှယုံဆီကို မက်ဆေ့ကနေပေးပို့ပြီးတော့ သတင်းအတု ဟုတ်မဟုတ်ကို စစ်ဆေးလို့ရပါတယ်နော်။