ဒီသတင်းတုဟာ ဒီနေ့ မနက်ပိုင်းမှာပဲ အများအပြားပျံ့နှံ့လာနေတာတွေ့ရပါတယ်။ သတင်းထဲမှာဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ NLD ပါတီဖျက်သိမ်းကြောင်း လက်မှတ်ထိုးပေးခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲရလာဒ်ကိုလည်း တရားမဝင်ပါဟု လက်မှတ်ရေးထိုးထားတယ်လို့ ဖော်ပြထားပါတယ်။
ဒီသတင်းနဲ့ ပတ်သက်လို့ တွေးပြီးယုံကနေ အချက်အလက်စစ်ဆေးခဲ့ရာမှာတော့ ကောလာဟလ သတင်းတပုဒ်သာဖြစ်နေကြောင်း တွေ့ရှိခဲ့ပါတယ်။
ဘာ့ကြောင့် ဒီသတင်းကို ကောလဟာလ တစ်ပုဒ်သာဖြစ်ကြောင်း ဆိုရသလဲဆိုရင်
– NLD ပါတီမှ ဗဟိုထိပ်တန်း ခေါင်းဆောင်တစ်ချို့သည် ယခုအချိန်ထိ လွတ်မြောက်လျက်ရှိသော်လည်း ဒီသတင်းနဲ့ ပတ်သက်လို့ ပြည်သူသို့ အကြောင်းကြားတာမျိုး မတွေ့ရသေးပါဘူး။
– ဒါ့အပြင့် အခုလို ထိပ်တန်း သတင်းတစ်ပုဒ်ကိုလည်း နိုင်ငံတကာမီဒီယာတွေနဲ့ ပြည်တွင်းက လွတ်လပ်တဲ့ မီဒီယာတွေမှာလည်း ဖော်ပြထားတာမျိုး မတွေ့ရသေးပါဘူး။
– ဒါအပြင် NLD ပါတီဝင် အနိုင်ရကိုယ်စားလှယ်အများစုနဲ့ ဖွဲ့စည်းထားတဲ့ CRPH နဲ့ NUG တို့ရဲ့ Facebook page တွေမှာလည်း ဒီသတင်းနဲ့ ပတ်သက်လို့ တစုံတရာဖော်ပြထားတာမျိုး မတွေ့ခဲ့ရပါဘူး။
- နောက်ဆုံးအနေနဲ့ ဒီသတင်းကို ဖြန့်ဝေနေသူတွေရဲ့ Facebook အကောင့်တွေကို လေ့လာခဲ့ရာမှ NLD ပါတီအား တိုက်ခိုက်သည့် ပိုစ့်များနှင့် သတင်းတုများကို စဥ်ဆက်မပြတ်ဖြန့်ဝေနေတဲ့ အကောင့်တွေ ဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။
ဒီအချက်တွေကြောင့် ယခုလတ်တလောကာလမှာ ဒီသတင်းဟာကောလဟလ တစ်ခုသာဖြစ်နေသေးကြောင်း မျှဝေပေးလိုက်ပါတယ်။
စာဖတ်သူတွေအနေနဲ့ ဒီလိုသတင်းတွေ တွေ့ရရင် သတင်းရင်းမြစ်ကို စုံစမ်းမေးမြန်းပါ။ သတင်းရင်းမြစ်လည်း မပေးနိုင်ဘူး၊ မယုံကြည်ရတဲ့ အကောင့်တွေကလည်း ဖြန့်ဝေနေကြတယ်ဆိုရင် Facebook ကို False News နဲ့ Report လုပ်ကြဖို့ တိုက်တွန်းပါတယ်။ ဒီလိုသတင်းတွေကို စစ်ဆေးဖို့ရာ အခက်အခဲရှိခဲ့ရင်လည်း တွေးပြီးမှယုံရဲ့ Chat box မှာ လာရောက်မေးမြန်းနိုင်ပါတယ်။