ဒီသတင်းကို ဇွန်၊ ၁၇ ရက်နေ့မှာ နိုင်ငံတကာ မီဒီယာတွေနဲ့ ပြည်တွင်းမီဒီယာတချို့မှာ ဖော်ပြခဲ့ပါတယ်။ သတင်းမှာဆိုရင် မြန်မာနိုင်ငံအား လူသားချင်းစာနာမှုဆိုင်ရာကူညီထောက်ပံ့မည့် ကုလသမဂ္ဂရဲ့ ပရောဂျက်တခုမှာ မြောက်ကိုရီးယားကနေ ကန်ဒေါ်လာ သုံးသိန်းလှူဒါန်းခဲ့တယ်လို့ ရေးသားပါတယ်။
ဒီသတင်းနဲ့ ပတ်သက်လို့ တွေးပြီးယုံရဲ့ တွေ့ရှိချက်မှာဆိုရင် မြောက်ကိုရီးယားက လှူဒါန်းတာမဟုတ်ပဲ တောင်ကိုရီးယားက လှူဒါန်းခြင်းသာဖြစ်ကြောင်း အလွတ်တန်း နိုင်ငံတကာ သတင်းထောက်တစ်ဦးဖြစ်တဲ့ Cape Diamond ကို ကုလသမဂ္ဂရဲ့ အရာရှိတစ်ဦးကနေ Twitter မှာ ပြန်လည်ဖြေကြားထားတာကို တွေ့ခဲ့ရပါတယ်။ ဒီမှာ ဝင်ကြည့်ရှု့နိုင်ပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး ခေတ်သစ်မီဒီယာကနေလည်း တောင်ကိုရီးယားက အမေရိကန်ဒေါလာ ၉ သိန်းလှူဒါန်းတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဒီမှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။ မြောက်ကိုရီးယားက လှူဒါန်းခဲ့ကြောင်း ဖော်ပြထားခဲ့တဲ့ နိုင်ငံတကာမီဒီယာတွေနဲ့ ပြည်တွင်းမီဒီယာအချို့မှာ သတင်းမှန်ဖြစ်တဲ့တောင်ကိုရီးယားက လှူဒါန်းခြင်းဖြစ်ကြောင်းကို ပြန်လည်ပြင်ဆင်ဖော်ပြတာတွေ လုပ်ခဲ့ကြပါတယ်။