ဒီမနက်မှာ မန္တလေး PDF ရဲ့ သင်တန်းတစ်ခုက စစ်ကောင်စီတပ်တွေက ဝင်ရောက်စီးနင်းခဲ့တဲ့ အတွက် နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပါတယ်။ ဒီအကြောင်းကို မန္တလေး PDF အဖွဲ့ရဲ့ Facebook Page ဖြစ်တဲ့ People Defence Force Mandalay ကနေ အများပြည်သူကို အသိပေးထားခဲ့ပြီး နောက်ဆက်တွဲအနေနဲ့ ပြည်သူတွေရဲ့ အကူအညီကို လိုအပ်နေကြောင်း ထပ်မံ အသိပေးခဲ့ပါတယ်။
ဒီလို စာတွေ ထွက်ပေါ်လာပြီး မကြာခင်မှာပဲ Facebook cele တစ်ယောက်ဖြစ်တဲ့ ဇာနည်ထိုက် ရဲ့ Facebook Account မှ မန္တလေး PDF အဖွဲ့ဝင်များ အောင်မြင်စွာ ဆုတ်ခွာနိုင်ကြောင်း ဖြန့်ဝေလာပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ မန္တလေး PDF အဖွဲ့ရဲ့ Facebook page ကနေ အများပြည်သူကို အသိပေးထားတာ မရှိခဲ့ပါဘူး။ PDF အဖွဲ့နဲ့ ဆက်သွယ်မေးများထားတဲ့ တခြား Facebook သုံးစွဲသူတစ်ယောက်ကလည်း ဒီသတင်းကို Mdy PDF အဖွဲ့က သတင်းအမှားသာဖြစ်ကြောင်း အတည်ပြုထားခဲ့ပါတယ်။ သီးခြားလွတ်လပ်တဲ့ မီဒီယာတစ်ခုဖြစ်တဲ့ ခေတ်သစ်မှာလည်း ဒီသတင်းဟာ သတင်းအမှားသာဖြစ်ကြောင်း ဖော်ပြထားခဲ့ပါတယ်။
အခုချိန်မှာ ဒီသတင်းကို ဖြန့်ဝေထားသူ ဇာနည်ထိုက်က ပြန်လည်ဖျက်သိမ်းခဲ့ပေမဲ့ ထပ်ဆင့်ကူးယူဖော်ပြသူတွေ၊ Screenshot နဲ့ ထပ်မံဖြန့်ဝေသူတွေ ကနေ ထပ်ဆင့် ပြန့်နှံ့လျက်ရှိပါတယ်။ ဒါကြောင် စာဖတ်သူတွေအနေနဲ့ ဒီသတင်းကို ထပ်ဆင့်ဖြန့်ဝေသူတွေကို တွေ့ခဲ့ရင် သတင်းအမှားသာဖြစ်ကြောင်း အသိပေးကြဖို့ တိုက်တွန်းပါတယ်။