Than Toe Aung – သန်းတိုးအောင် နာမည်နဲ့ Facebook page တခုကနေ ဇူလိုင်လ ၁၉ရက်နေ့မှာပဲ အာဇာနည်နေ့ အခမ်းအနား နဲ့ အတူ ရိုဟင်ဂျာအလံကိုပါ လွှင့်ထူလာကြောင်း သတင်းဓါတ်ပုံတွေ တင်ခဲ့ပါတယ်။ သတင်းထဲမှာဆိုရင် “လူမျိုးရေး၊ ဘာသာရေး ထိပါးစော်ကားထားသည့် အမုန်းစကားများပါသည့် အရေးအသားများအပြင် နွေဦးတော်လှန်ရေးသည် ဘာသာရေးတစ်ခုမှ ခိုင်းစေမှုများကိုသာ ပြုလုပ်နေရခြင်းဖြစ်ကြောင်း” ရေးသားထားပါတယ်။ ဒါ့အပြင် ဇူလိုင်၊ ၂၂ ရက်နေ့(ဒီနေ့) မှာလည်း ပုံစံတူ သတင်းတပုဒ်ကို ထပ်ပြီးဖြန့်ဝေထားပြန်ပါတယ်။
သတင်းတုမှာအသုံးပြုထားတဲ့ ပုံတွေကို တွေးပြီးမှယုံ ကနေ အချက်အလက် စစ်ဆေးခဲ့ရာမှာတော့ ခေတ်သစ်မီဒီယာ ရဲ့ Twitter ကနေ တင်ဆက်ထားတဲ့ ဇူလိုင်၊ ၁၉ ရက်နေ့က ဘုတလင်မြို့မှာ ပြုလုပ်ခဲ့တဲ့ အာဇာနည်နေ့ အကြမ်းဖက် စစ်ကောင်စီဖြုတ်ချရေး လှုပ်ရှားမှုမှ သတင်းဓါတ်ပုံတွေဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။ သတင်းတုမှာ ပြောထားတဲ့အတိုင်း အလံမှာလဲ ရိုဟင်ဂျာအလံ မဟုတ်ဘဲ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာပါတဲ့ အလံသာဖြစ်နေပါတယ်။ ဓါတ်ပုံများကို အနီးကပ်ဆွဲကြည့်လျှင် ရှင်ရှင်းလင်းလင်းမြင်နိုင်ပါတယ်။ မူရင်း Link (ဒီနေရာမှာ တွေးပြီးမှယုံ အနေနဲ့ အသိပေးလိုတာက လူမျိုးစု အသီးသီးရဲ့ ကိုယ်ပိုင် ဝိသေသက္ခာဏာများ ကို ငြင်းပယ်ခြင်းမဟုတ်ပဲ သတင်းအချက်အလက်အမှားကိုသာ စိစစ်ဖော်ပြခြင်းဖြစ်ပါတယ်။)
သတင်းတု ဖန်တီးရေးသားတဲ့ Than Toe Aung – သန်းတိုးအောင် ဆိုတဲ့ page ဟာဆိုရင်လည်း စစ်ကောင်စီကိုထောက်ခံအားပေးတဲ့ ပိုစ့်တွေကို သတင်းတုနဲ့ သတင်းမှန် ရောထွေးပြီးဖြန့်ဝေနေတဲ့ page တခုသာဖြစ်ပါတယ်။ သတင်းတွေဖတ်ရှုတဲ့အခါ ပုံတွေကို သတိထားသင့်ပါတယ်။ ပုံတွေစစ်ဆေးတာမျိုးပြုလုပ်ပြီး အဲ့သတင်းနဲ့ပတ်သက်လို့ တရားဝင် သတင်းမီဒီယာတွေက တင်ထားလားဆိုတာ စစ်ဆေးသင့်ပါတယ်။ သတင်းတုလို့ယူဆရရင်လည်း တွေးပြီးမှယုံ ရဲ့ Chat box မှာလာရောက်မေးမြန်းနိုင်ပါတယ်နော်။

စစ်ကောင်စီဆန့်ကျင်ရေး အာဇာနည်နေ့ ဆန္ဒပြပွဲကို ဘာသာရေးနဲ့သွေးထိုးနေတဲ့ သတင်းတု