ဒီရက်ပိုင်းထဲမှာ တချို့ လင့်ခ်တွေထဲဝင်လိုက်ပြီဆိုရင် City Mart ၂၅ နှစ်ပြည့်အတွက်ဆိုပြီး ဆုမဲပေါက်ပါတယ် ဆိုပြီး ကြေငြာတာတွေ ပေါ်လာနေပါတယ်။ ဒီကြေငြာ Website Pop-up ads တွေနဲ့ ပတ်သက်လို့ တွေးပြီးမှယုံကနေ City Mart ရဲ့ တရားဝင် Facebook Page မှာ ရှာဖွေကြည့်ခဲ့ရာမှာတော့ ဒါတွေဟာ သတင်းအမှားတွေသာ ဖြစ်တယ်လို့ တွေ့ခဲ့ရပါတယ်။
ဒီအကြောင်းတွေနဲ့ ပတ်သက်လို့ City Mart ရဲ့ တရားဝင် Facebook Page ကနေ ဒီ အခမဲ့ စျေးဝယ်ခွင့်နဲ့ ဆုမဲတွေ ပေးအပ်နေတယ်ဆိုတာ သတင်းအမှားသာဖြစ်ကြောင်းနဲ့ ၎င်းတို့နဲ့ လုံးဝသက်ဆိုင်တာမရှိကြောင်း ဖော်ပြထားပါတယ်။ ဒီလို Website Pop-up ads တွေနဲ့ လိမ်လည်တာဟာ အရင်တည်းက ဒေါ်လာတွေ ဘယ်ရွှေ့ဘယ်မျှရသွားပါပြီ၊ I Phone 12 ပေါက်ပါတယ် စလို့ ကံစမ်းမဲ့ ပေါက်ကြောင်းပြောဆိုထားပြီး သူတို့ပြောတဲ့ အချက်အလက်တွေ ဖြည့်၊ လင့်ခ်တွေကို ဝင် လိုက်လုပ်ရပါတယ်။ အဲ့နောက်မှာတော့ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေ ဖောက်ထွင်းခံရပြီး Facebook အကောင့်တွေ ဟက်ခံရလို့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ ပေါက်ကြားကုန်တာတွေ၊ ဘဏ်အကောင့်နဲ့ ချိတ်ထားရင် ဘဏ်အကောင့်တွေ ဖောက်ထွင်းခံရတာတွေ ဖြစ်လာပါတယ်။
ဒါကြောင့် ဒီလိုတွေ တွေ့ရင် လွယ်လင့်တကူ မလုပ်မိဖို့ လိုအပ်ပါတယ်။ ဝင်ပြီး လုပ်ထားမိရင်လည်း အဲ့သလို ဂျင်းကြော်ငြာလင့်တွေကို နှိပ်မိထားတယ် ဆိုရင်တော့ Facebook setting ထဲက App & websites ထဲဝင်ပြီး ကိုယ်မလိုချင်တဲ့ ဟာတွေကို ထောက်ပြီး remove ဝင်လုပ်လို့ရပါတယ်။ ဒီလင့်ခ် ကနေဝင်ပြီး ကိုယ်ဘာတွေ လုပ်ထားမိတယ်ဆိုတာ ပြန်စစ်ဆေး၊ ပယ်ဖျက်နိုင်ပါတယ်။ ဒီလင့်ထဲကို ဝင်ရောက်ပြီး အလွယ်တကူ ဖျက်လို့ရပါတယ်။ ကိုယ်မသိပဲနဲ့ ဝင်ထားမိတဲ့ လင့်တွေလဲ ရှိနိုင်တာမို့ ဝင်ရောက်ပြီး စစ်ဆေးဖို့ တိုက်တွန်းလိုက်ပါတယ်။ သက်ဆိုင်တဲ့ ဌာနတွေရဲ့ အခုလို ထုတ်ပြန်ချက်တွေကိုလည်း ရှာဖွေဖတ်နိုင်သလို အတည်ပြုဖို့ ခက်ခဲတယ်ဆိုရင်လည်း တွေးပြီးမှယုံ ရဲ့ Chat box မှာ လာပြီး မေးမြန်း အတည်ပြုနိုင်ပါတယ်။