ဒီသတင်းတုကို Thar Gyi ဆိုတဲ့ Facebook Account တစ်ခုကနေ ဒီနေ့ ညနေ့ခင်းလောက်မှ ဖြန့်ဝေခဲ့ပြီး အခုချိန်ထိအောင် ပြန်လည်မျှဝေသူပေါင်း ၄၇၀ ရှိနေပြီ ဖြစ်ပါတယ်။ အခုချိန်မှာတော့ စတင်ဖြန့်ဝေခဲ့သူက မူရင်းပိုစ့်က ဖြုတ်ချခဲ့ပေမယ့် ထပ်ဆင့်ကူးယူမျှဝေသူတွေ ရှိနေပါတယ်။ဒီသတင်းနဲ့ ပတ်သက်လို့ တွေးပြီးမှယုံ ရဲ့ အချက်အလက် စစ်ဆေးသူတွေကနေ အချက်အလက် စစ်ဆေးခဲ့ရာမှာတော့ သတင်းအမှားသာ ဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။
မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့အပြိုင် အာဏာသိမ်းစစ်ကောင်စီ ကနေ တင်သွင်းမဲ့ ကုလမှာ နိုင်ငံကိုယ်စားပြု ကိုယ်စားလှယ် ရွေးချယ်တာကို စက်တင်ဘာ ၁၄ ရက်နေ့မှသာ ပြုလုပ်မှာ ဖြစ်ပါတယ်။ ဒီအတွက် ဒါဟာသတင်းတု တစ်ခုသာဖြစ်နေပါတယ်။ ဒီ “နိုင်ငံကိုယ်စားပြုခွင့်” အကြောင်းနဲ့ ပတ်သက်လို့ လုပ်ငန်းစဥ်အဆင့်ဆင့်ကို General Strike Coordination Body – GSCB Page ကနေ မျှဝေပေးထားတဲ့ ပိုစ့်မှာ ကြည့်ရှုလေ့လာနိုင်ပါတယ်။ Link
ဒီပိုစ့်မှာ ဆိုရင် UN အထွေထွေ ညီလာခံ အကြောင်း၊ ဖြစ်လာနိုင်ခြေတွေ အပြင် တိုက်ပွဲကနေ ပြည်သူတွေ ဘာကိုမျှော်လင့်လို့ရသလဲ? ပြည်သူတွေ ဘယ်လိုပါဝင်ရမလဲ? ဆိုတဲ့ အကြောင်းတွေ ရေးသားထားပါတယ်။ ဒီလို အများပြည်သူကို မျှော်လင့်ချက် အမှားတွေ ပေးတဲ့ သတင်းတုတွေဟာ ခဏ ခဏ ထွက်ပေါ်နေပါတယ်။ ဒီအကြောင်းတွေနဲ့ ပတ်သက်လို့ လွတ်လပ်တဲ့ တရားဝင်သတင်းမီဒီယာတွေရဲ့ သတင်းထုတ်ပြန်ချက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးဖို့ လိုအပ်ပါတယ်။ တိုက်ဆိုင်စစ်ဆေးဖို့ရာ အခက်အခဲရှိခဲ့ရင်လည်း တွေးပြီးမှယုံ ရဲ့ Chat Box မှာ လာရောက်မေးမြန်းနိုင်ပါတယ်။