ဒီသတင်းတုကိုတော့ ဩဂုတ်၊ ၂၅ (ဒီနေ့) ရဲ့ မနက်ခင်းပိုင်းမှာပဲ စစ်တပ်လော်ဘီတွေကနေ ဖြန့်ဝေလာကြပါတယ်။ Han Nyein Oo နာမည်နဲ့ Facebook Account ကနေ ဖြန့်ဝေမှုမှာဆိုရင် ပြန်လည်မျှဝေသူပေါင်း ၁၂၀၀ ကျော်အထိ ရှိနေပါတယ်။
သိမ်းဆီးရမိတဲ့ လက်နက်တွေပုံနဲ့ တင်ထားခဲ့တဲ့ ဒီသတင်းမှာဆိုရင် “မင်းမော်ကွန်း ပုန်းနေခဲ့တဲ့ ဘီးလင်း PDF စခန်း အသိမ်းခံရ၊ သူတောင်ညတွင်းချင်း အပြေးမြန်လို့ လွတ်သွားတာ” လို့ ဆက်လက်ရေးသားထားပါတယ်။
ဒီသတင်းနဲ့ ပတ်သက်လို့ တွေးပြီးမှ ယုံ ကနေ အချက်အလက်စစ်ဆေးခဲ့ရာမှာတော့ သတင်းအမှားတစ်ခုသာဖြစ်နေပါတယ်။
ဒီသတင်းမှာ အသုံးပြုထားတဲ့ ဓါတ်ပုံတွေဟာ ဩဂုတ်၊ ၁၁ ရက်နေ့က မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲအိမ်ကျေးရွာလမ်းဆုံရှိ KNU တပ်မဟာ ၁ မြို့နယ်ရုံးကို စစ်ကောင်စီတပ်က စီးနင်းခဲ့တဲ့ ဖြစ်စဥ်က ပုံတွေကို အသုံးပြုထားတာဖြစ်ပါတယ်။
ဒီအကြောင်းကို ဩဂုတ် ၁၄ ရက်က ခေတ်သစ်မီဒီယာမှာ တင်ဆက်ထားတဲ့ သတင်းမှာ သွားရောက်ကြည့်ရှု့နိုင်ပါတယ်။ ခေတ်သစ်က တင်ဆက်ထားခဲ့တဲ့ သတင်းမှာ သတင်းတုမှာလို ပုံမပါခဲ့ပေမဲ့ ဖမ်းဆီးရမိတဲ့ လက်နက်စာရင်းကို ဖော်ပြထားတဲ့အတွက် ဒီစာရင်းနဲ့ ပုံနဲ့ တူနေပါတယ်။ Link
ဒါ့အပြင် ဒီသတင်းဟာ သတင်းအမှားတစ်ခုသာဖြစ်ကြောင်းကိုလည်း လွတ်လတ်တဲ့ တရားဝင်မီဒီယာတွေဖြစ်တဲဲ့
Than Lwin Times နဲ့
Mizzima – News in Burmese တို့ကလည်း သတင်းရေးသားတင်ဆက်ထားပါသေးတယ်။စာဖတ်သူတွေအနေနဲ့ သတင်းဦးတွေကို ဖတ်မိပါက လွတ်လပ်တဲ့ တရားဝင်မီဒီယာတွေဟုတ်မဟုတ် နဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ သတင်းဌာန Facebook Page တွေနဲ့ တိုက်ဆိုင် စစ်ဆေးကြဖို့ တိုက်တွန်းပါတယ်။ အခက်အခဲတစုံတရာရှိခဲ့ရင်လည်း
တွေးပြီးမှယုံ ရဲ့
Chat Box မှာ လာရောက်မေးမြန်းနိုင်ပါတယ်။