ဒီသတင်းတွေကို စောဂျွန် နာမည်နဲ့ Facebook Account၊ Saw June နာမည်နဲ့ Facebook Page တို့ကနေ စပြီး ဖြန့်လာခဲ့ပြီး Ethinicity News Burmese Edition ဆိုတဲ့ ပေ့ချ်ကနေ ထပ်မံဖြန့်ဝေလာခဲ့ရာ ခုဆိုရင် ဖေ့ဘွတ်ခ်မှာ အုတ်အော်သောင်းနင်းပြန့်နှံ့နေပါတယ်။
ဒီသတင်းတွေနဲ့ ပတ်သက်လို့ တွေးပြီးမှယုံကနေ အချက်အလက်စစ်ဆေးခဲ့ရာမှာတော့ သတင်းအမှားသာ ဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။
KNU ရဲ့ ဒူးပလာယာခရိုင် Facebook Page ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဒါဟာ သတင်းအမှား တစ်ခုသာဖြစ်ပြီး ဒီနေ့အတွက် တပ်မဟာ ၆ နယ်မြေမှာ တိုက်ပွဲမရှိကြောင်း တပ်ရင်း၊ တပ်ခွဲတွေက ထုတ်ပြန်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒီ လင့်ခ် မှာ ဝင်ဖတ်လို့ ရပါတယ်။
ဒါအပြင် Khitthit မီဒီယာကနေလည်း ဒီအကြောင်းနဲ့ ပတ်သက်လို့ သတင်းတု တစ်ခုသာဖြစ်တယ်လို့ သတင်းတင်ဆက်ထားတာကို ဒီ လင့်ခ် မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
ဒီလို သတင်းတွေနဲ့ ပတ်သက်ရင် တရားဝင် သတင်းဌာနတွေကိုသာ စောင့်ကြည့်ဖတ်ရှု့သင့်သလို သက်ဆိုင်ရာ ဌာနတွေရဲ့ သတင်းထုတ်ပြန်ချက်တွေကိုသာ စောင့်ကြည့်ဖတ်ရှု့ကြဖို့ တိုက်တွန်းပါတယ်။ ကိုယ်တိုင် စစ်ဆေးအတည်ပြုရင်း တစုံတရာ ခက်ခဲခဲ့ရင်လည်း တွေးပြီးမှယုံ ရဲ့ Chat Box မှာ လာရောက် မေးမြန်းနိုင်ပါတယ်