သူငယ်ချင်းတို့ရေ
ဒီတခါတော့ နေပြည်တော် မှ ရန်ကုန် ပြေးဆွဲနေတဲ့ လေယာဉ်ပျက်ကျတယ်ဆိုတဲ့ သတင်းဟာ Facebook မှာ တော်တော် ပြန့်နေတာပါ။ တကယ်တော့ ဒီသတင်းဟာ
ဒီဇင်ဘာ ၂၅ ၊၂၀၁၂ ခုနှစ်ကသတင်းပါ။ ရန်ကုန်-မန္တလေး-ဟဲဟိုး ပြေးဆွဲနေတဲ့ Air Bagan လေကြောင်းလိုင်းဟာ မန္တလေး မှ ဟဲဟိုး ပြေးဆွဲနေချိန် ဟဲဟိုးမြို့ ရှမ်းပြည်နယ်မှာ ပျက်ကျခဲ့တဲ့သတင်းပါပဲ။
ဒီသတင်းအဟောင်းက ပုံတွေကို ယခုအချိန်မှာ ဖြစ်နေသယောင် ပြန်တင်ပြီး အထင်မှားအမြင်မှားဖြစ်အောင် ပြုလုပ်ကြတာပါ။ Air Bagan လေကြောင်းလိုင်းဟာ ပြေးဆွဲမှုကို ရပ်တန့်ထားတာ ကြာပါပြီ။ ဒီလိုသတင်းအမှားတွေဟာ အမြဲလိုလို Like ၊Share အရေအတွက်ဟာ အလွန်ကိုများပြားပါတယ်။ ဒီလိုပဲ သတင်းအမှားတွေဟာ သူငယ်ချင်းတို့ နေ့စဉ်သုံးနေတဲ့ လူမှုကွန်ယက်မှာ နေ့စဉ်နဲ့အမျှ သတင်းမှားတွေ ဘယ်လောက်တောင် များပြားနေမလဲဆိုတာ သူငယ်ချင်းတို့ သိနိုင်မှာပါ။
အဲ့လိုမဖြစ်ရအောင် သူငယ်ချင်းတို့လည်း ဒီလိုသတင်းတုတွေကို admin တို့ဖော်ပြပေးလိုက်ပါတယ်။ သူငယ်ချင်းတို့လည်း ကျန်တဲ့သူငယ်ချင်းတွေ သတင်းတုတွေကိုမယုံမိရအောင် share ပြီး အသိပေးလိုက်ပါအုံးနော်။