အောက်တိုဘာ ၃ရက်နေ့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီ မှ အဂတိလိုက်စားမှုနဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းကနေ သက်သေထွက်ဆိုခဲ့ပါတယ်။
ဒီဖြစ်စဥ်တွေ ထွက်ပေါ်လာပြီးနောက်မှာတော့ Hlegu Defence Force – Hlegu PDF ကနေ စစ်ကောင်စီအလိုတော်ရိ ဖြိုးမင်းသိန်းအား သတိပေးခြင်းဆိုတဲ့ ထုတ်ပြန်ချက်ထွက်ပေါ်ခဲ့ပါတယ်။
ထုတ်ပြန်ချက်ထဲမှာဆိုရင် ”ဒေါ်အောင်ဆန်းစုကြည်ကို သစ္စာဖောက်ခဲ့တဲ့ အတွက်၊ ဇနီး ဒေါ်ခင်မိမိကြွယ်အပါအဝင် သူရဲ့ ဆွေမျိုးအားလုံးရဲ့ အသကွလုံခြုံမှုကို အာမခံ မခံနိုင်ကြောင်း ကြေငြာလိုက်သည်။” လို ဖော်ပြထားပါတယ်။
ဒီကြေငြာချက်နဲ့ ပတ်သက်လို့အချက်အလက် စစ်ဆေးပေးရန် တွေးပြီးမှယုံကို ပြည်သူတဦးမှ လာရောက်ပေးပို့ခဲ့ပါတယ်။
ဒီသတင်းကို တွေးပြီးမှယုံကနေ စစ်ဆေးကြည့်ရာမှာတော့ Hlegu Defence Force – Hlegu PDF page မှ ဒီကြေငြာချက်ဟာ အတုသာဖြစ်တယ်လို့ ယခုလို ထုတ်ပြန်ကြေငြာထားတာကို တွေ့ခဲ့ရပါတယ်။
ယမန်နေ့ညပိုင်းက Facebook, Messenger, Instagram နဲ့ WhatsApp Applicationတို့ရဲ့ Server များ တကမ္ဘာလုံးကျခဲ့ပြီး ယနေ့မနက်ပိုင်းမှပြန်ရလာတာဖြစ်ပါတယ်။ ဒီလိုအချိန်မှာ သတင်းတုတွေ ပြန့်နှံ့လွယ်တဲ့အချိန်လည်းဖြစ်တာကြောင့် သတင်းဖတ်ရှုတဲ့အခါ သတိထားစေလိုပါတယ်။ သတင်းတုလို့ယူဆ ရရင်လည်း တွေးပြီးမှယုံ ရဲ့ Chat box သို့ လာရောက်ပေးပို့ဆက်သွယ်နိုင်ပါတယ်။