ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ဖမ်းဆီးထိန်းသိမ်းခံရတယ်ဆိုတဲ့ သတင်းတခုဟာ နိုဝင်ဘာ၊ ၁၀ မနက်အစောပိုင်းမှာ တပ်ထောက်ခံတဲ့ Facebook Acc တချို့နဲ့ Telegram Channel တချို့ကနေ စတင်ပြန့်နှံ့လာခဲ့ပြီး သတင်းအေဂျင်စီ တခုကပါ တင်ဆက်ခဲ့ပါတယ်။
ဒီသတင်းနဲ့ ပတ်သက်လို့ ဦးရဲထွဋ်ရဲ့ Facebook အကောင့်မှ ဒါဟာ သတင်းအမှား တခုသာဖြစ်တယ်လို့ ဒီနေ့(နိုဝင်ဘာ၊ ၁၀)မနက် ၉:၄၈ မိနစ်မှာပြန်လည်ဖြေရှင်းထားခဲ့ပါတယ်။
ဒါ့အပြင် သတင်းတင်ဆက်ခဲ့တဲ့ သတင်းအေဂျင်စီမှလည်း ၎င်းတို့ သတင်းအမှားတင်ဆက်ခဲ့မိကြောင်း ပြန်လည်တင်ဆက်လာပြီး ပိုစ့်အားပြန်လည်ဖြုတ်ချခဲ့ပါတယ်။
ဒီလို သတင်းထူး၊ သတင်းဦးတွေကို တွေ့လာခဲ့ရင် သက်ဆိုင်ရာအလိုက် ဖေ့ဘွတ်ခ်အကောင့်တွေနဲ့ ဖေ့ဘွတ်ခ်စာမျက်နှာတွေကနေတဆင့် သတင်းအမှန် ဟုတ်၊မဟုတ် စိစစ်နိုင်ပါတယ်။
ဒါ့အပြင် လတ်လပ်တဲ့ တရားဝင်မီဒီယာတွေရဲ့ သတင်းတွေကို စောင့်ကြည့်ဖတ်ရှု့ပြီး အခက်အခဲတွေ့ခဲ့ရင်လည်း တွေးပြီးယုံရဲ့ Chat box မှာ လာရောက်မေးမြန်းနိုင်ပါတယ်။
