ဒီသတင်းဗွီဒီယိုဖိုင်ဟာ နိုဝင်ဘာ၊ ၂၃ ရက်နေ့ကစလို့ Facebook သုံးစွဲသူတွေအကြားမှာ အများအပြား ပျံ့နှံ့လာနေပါတယ်။ သတင်းမှာဆိုရင် ကားနှစ်စီး အရှိန်းပြင်းပြင်းနဲ့ မျက်နှာချင်းဆိုင် တိုက်ခဲ့ကြတဲ့ ဗွီဒီယိုဖိုင်နဲ့ အတူ ဆောမြို့ကို ဝင်လာတဲ့ ဗျူဟာမှူးရဲ့ ကားကို ဆောဒေသခံတဦးကနေ အသေခံတိုက်ခဲ့ပြီး ဗျူဟာမှူးနဲ့ စကစ အဖွဲ့ဝင် ၄ ဦးသေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒီသတင်း ဗွီဒီယိုဖိုင်နဲ့ ပတ်သက်လို့ တွေးပြီးမှယုံကနေ အချက်အလက်စစ်ဆေးခဲ့ရာမှာတော့ ဒီဖြစ်စဥ်ဟာ မြန်မာနိုင်ငံက ဖြစ်စဥ်မဟုတ်ပဲ အောက်တိုဘာ ၁၇ ရက်နေ့က အိန္ဒိယနိုင်ငံ၊ ဘီယာပြည်နယ် ထဲမှာ ယာဥ်တိုက်မှု ဖြစ်စဥ်ဖြစ်ခဲ့တဲ့ ဗွီဒီယိုဖိုင်သာ ဖြစ်နေပါတယ်။ ဒီဖြစ်စဥ်ကြောင့် ယာဥ်မောင်းတဦး သေဆုံးခဲ့တယ်လို့ ဒီဗွီဒီယိုဖိုင်ကို ဒီလင့်ခ်မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
ဒီလို ဖြစ်စဥ်တလွဲက ဓါတ်ပုံတွေ၊ ဗွီဒီယိုဖိုင်တွေကို အသုံးချပြီး သတင်းအမှားဖြန့်တာတွေဟာ မကြာခဏ ပေါ်ထွက်လာလေ့ရှိပါတယ်။ သတင်းအမှား၊ အမှန် ယုံကြည်ဖို့ရာ အခက်အခဲရှိခဲ့ရင်လည်း တွေးပြီးမှယုံရဲ့ Chat box ကို လာရောက် မေးမြန်းနိုင်ပါတယ်။