သူငယ်ချင်းတို့ရေ
KIA က နိုင်ငံရေးပါတီထောင်မယ်ဆိုပြီး April Fool လုပ်ကြတာအခုထိကို မပြီးနိုင်သေးတာကို #တွေးပြီးမှယုံက တွေ့ရပါတယ်။ တကယ်တော့ ဒါက အပြောင်အပျက်သဘောဆိုတာထက်ကို နိုင်ငံရေးလည်း ဆန်နေတာမို့လို့ April Fool သက်သက်လုပ်တယ်လို့တောင် ယုံရခက်ခက်ပါတယ်။ အခုထိလည်း share နေကြတော့ #တွေးပြီးမှယုံကနေ ဟာသလုပ်ထားတဲ့ သတင်းသာဖြစ်ကြောင်း ပြောပါရစေ။ သူငယ်ချင်းတို့ရေ ဘယ်သတင်းကိုပဲတွေ့တွေ့ #တွေးပြီးမှယုံက ခဏခဏပြောနေသလို ယုံကြည်ရတဲ့ သတင်းအရင်းမြစ်ဖြစ်မှသာ ယုံကြည်ကြပါလို့ပြောချင်ပါတယ်။