ဧရာဝတီမြစ်ကြောင်းထဲမှာ သွားလာနေတဲ့ ခရီးသွားပြည်သူတွေကို KIA + PDF ကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတယ်ဆိုတဲ့ ရုပ်သံအလွဲ တစ်ခုဟာ ဆိုရှယ်မီဒီယာပေါ်မှာ ယနေ့ ပြန့်နှံ့နေပါတယ်။
နိုဝင်ဘာလ ၂၈ ရက်နေ့ ရက်စွဲနဲ့ “ဧရာဝတီမြစ်ကြောင်းမှာ ဗန်းမော် ရွှေကူ ကသာခရီးစဉ် ခရီးသည်တင်ယာဉ်ကို အကြမ်းဖက် သမား kia + pdf များမှ လက်နတ်ကြီး၊ လက်နတ်ငယ်များ ဖြင့် ဝိုင်းပြစ်သွားတဲ့ ရုပ်သံ” လို့ရေးသားထားတဲ့ ဗီဒီယိုဖိုင်တစ်ခုဟာ လူမှုကွန်ယက်ပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် ပြန့်နှံ့နေခဲ့ပါတယ်။ အဆိုပါ ရုပ်သံဖိုင်မှာဆိုရင် မြစ်ကြောင်းတစ်ခုမှာ သွားလာနေတဲ့ ရေယာဉ်တစ်စီးကို လက်နက်ကြီးနဲ့ အဝေးကလှမ်းပစ်နေတဲ့ ဗီဒီယိုဖိုင်ပဲ ဖြစ်ပါတယ်။
ဒီဗီယိုဖိုင်ကို စတင်ဖြန့်ဝေတဲ့နေရာကတော့ Subscrices 28 ဦးသာရှိသေးတဲ့ တယ်လီဂရမ် ချန်နယ်တစ်ခုကပဲဖြစ်ပါတယ်။ ဒါကိုပြန် credit ပေးပြီး Facebook လူမှုကွန်ယက်စာမျက်နှာမှာ ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်ဖြန့်ဝေနေကြတာပဲဖြစ်ပါတယ်။ “ဝဏ္ဏမီယာ” “သာကီသွေး သာကီသွေး” “Ko Nyein Chan Tun” စတဲ့ Facebook အကောင့်တွေကနေ ပြန်လည်ဖြန့်ဝေနေကြပါတယ်။
ဖြစ်စဉ်အမှန်မှာ ဆိုရင် – နိုဝင်ဘာ၊ ၂၂ ရက်နေ့က ချင်းတွင်းမြစ် အထက်ပိုင်းကို ရိက္ခာနဲ့ တပ်ကူတွေ သွားပို့နေတဲ့ စကစရဲ့ ကုန်တက်အမြန်ယာဥ်နှစ်စီးနဲ့ ရေတပ်သုံးစပိဘုတ်တစီးတို့ကို မဟာမိတ်ညီနောင်တပ်ပေါင်းစုမှ ပစ်ခတ်တိုက်ခတ်ခဲ့တဲ့ ဗွီဒီရိုဖိုင်သာ ဖြစ်နေပါတယ်။ ယင်းပျောက်ကြားတိုက်ပွဲမှာ စကစ ဘက်မှ အကျအရှုံးရှိနိုင်သော်လည်း မဟာမိတ်ညီနောင်တပ်ပေါင်းစုမှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း People’s Defence Army – Yinmarbin ပေ့ချ်ကနေ ယခုလို ကြေငြာထားခဲ့ပါတယ်။
ဒီသတင်းတုဟာဆိုရင် ဗီဒီယိုဖိုင် အဟောင်းကို အသုံးပြုပြီး ဖြစ်စဥ်၊ နေရာတလွဲတွေနဲ့ ရေးသားဖြန့်ဝေထားတဲ့ သတင်းတု တစ်ခုပါ။ ဒီလို သတင်းဗွီဒီယိုဖိုင်တွေ၊ ဓါတ်ပုံတွေကို သုံးပြီး သတင်းတုတွေကို ဖန်တီးဖြန်ချီမှုတွေဟာ မကြာခဏဆိုသလို ပျံ့နှံ့နေပါတယ်။ ဒါကြောင့် လွတ်လပ်တဲ့ တရားဝင်မီဒီယာတွေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ ကြေငြာချက်တွေကို စောင့်ကြည့်ဖတ်ရှု့ကြဖို့ တိုက်တွန်းပါတယ်။ သတင်းတွေ စောင့်ကြည့်ဖတ်ရှု့ရင်း အခက်အခဲတွေ့ခဲ့ရင်လည်း တွေးပြီးမှယုံ ရဲ့ chat box မှာ လာရောက်မေးမြန်းနိုင်ပါတယ်။