၂၀၁၃ ခုနှစ်က ဖိလစ်ပိုင်နိုင်ငံမှာ တိုက်ခိုက်ခဲ့တဲ့ မုန်တိုင်းဒဏ်သင့် ပုံအဟောင်းကို ပြန်သုံးပြီးတော့ မြန်မာနိုင်ငံ၊ လပွတ္တာမြို့မှာ မုန်တိုင်းဝင်ပြီး အခြေအနေဆိုတဲ့ သတင်းဓါတ်ပုံအမှားတခု ပြန့်နှံ့နေပါတယ်။ ဒီသတင်းကို မတ်၊ ၂၃ မှာ “လပြည့် ချိုချို” နံမည်နဲ့ အကောင့်တခုကနေ ဖြန့်ဝေထားတာ တွေ့ရပြီး ပြန်လည်မျှဝေသူပေါင်း ၄၅၇ ဦးအထိ ရှိနေပါတယ်။ ဒါအပြင် ဒီစာသားကိုပဲ ထပ်ဆင့် ကူးယူဖော်ပြနေတဲ့သူတွေလည်း အများအပြားရှိနေပါတယ်။ “လပြည့် ချိုချို” နံမည်နဲ့ ဖြန့်ဝေထားသူကတော့ သူမ သတင်းတု ဖြန့်ဝေခဲ့ထားကြောင်း ပြန်လည် ဖြေရှင်းခဲ့သော်လည်း ထပ်ဆင့်ကူးယူဖော်ပြသူတွေ ရှိနေသလို သတင်းကိုလည်း ဖြုတ်မချခဲ့တာကြောင့် ဆက်လက် ပြန့်နှံ့နေပါတယ်။
ဒီသတင်း ဓါတ်ပုံနဲ့ ပတ်သက်လို့ တွေးပြီးမှယုံကနေ ပုံတွေ ထပ်တူပြုစစ်ဆေးတဲ့ Reverse Image Search ကို အသုံးပြုစစ်ဆေးခဲ့ရာမှာတော့ နိုင်ငံရပ်ခြားက ဖြစ်စဥ်က ပုံတွေကို ပြန်သုံးပြီး သတင်းတု ဖြန့်ဝေနေတာကို တွေ့ခဲ့ရပါတယ်။ ၂၀၁၃ခုနှစ်၊ နိုဝင်ဘာ၊ ၁၂ မှာ ဖိလစ်ပိုင်နိုင်ငံ၊ Tacloban မြို့တော်မှာ Super Typoon Haiyan မုန်တိုင်းဝင်ရောက် တိုက်ခိုက်ခဲ့တဲ့ဖြစ်စဥ်က ဓါတ်ပုံသာဖြစ်နေပါတယ်။ ဒီလင်ခ့် မှာ ကြည့်ရှု့ပါတယ်။
လပွတ္တာမြို့မှာ မုန်တိုင်းရိုက်ခတ်နေတဲ့ လတ်တလော အခြေအနေကို လပွတ္တာမြို့၊ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ ရဲ့ Heart Laputta နံမည်နဲ့ ဖေ့ဘွတ်ခ်အကောင့်မှာလည်း ဓါတ်ပုံတွေ မျှဝေဝေပေးထားပါတယ်။ (Link)
အပူပိုင်းမုန်တိုင်းငယ် ASANI ဟာ မတ်၊ ၂၂ ရက်နေ့ကစလို့ မြန်မာနိုင်ငံ၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနဲ့ ရခိုင်ပြည်နယ် ဂွမြို့အနီးကနေဖြစ်ကျော်ခဲ့တာဖြစ်ပါတယ်။ သတင်းအမှားတွေဟာ လတ်တလော လူအများ စိတ်ဝင်တစားရှိနေတဲ့ ကိစ္စရပ်တွေပေါ် မူတည်ပြီးတော့ ပုံအဟောင်းတွေ၊ ဖြစ်စဥ်အလွဲတွေနဲ့ ပြန်လည် ဖြန့်ဝေလေ့ရှိကြပါတယ်။အခုလို ခေတ်ကျပ်ထဲမှာဆိုရင် ပိုလိုတောင်များနေပါတယ်။ ဒါကြောင့် ဒီလို လူစိတ်ဝင်စားမှုမြင့်တက်နေတဲ့ သတင်းတွေနဲ့ ပတ်သက်ရင် လွတ်လင့်တကူ မယုံကြပဲ သတင်းမီဒီယာတွေကနေ ဖြန့်ဝေမှုတွေကို စောင့်ကြည့် ဖတ်ရှု့ကြဖို့ တိုက်တွန်းပါတယ်။ ဒါအပြင် ဒီလို သတင်းဓါတ်ပုံတွေကိုလည်း Reverse Image Search လို နေရာမှာ လွယ်လင့်တကူ ကိုယ်တိုင် စစ်ဆေးနိုင်ပါတယ်။
#factcheck
#thinkbeforeyoutrust