Home>>တိုက်ပွဲ>>အာဏာသိမ်းစစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် တနင်္သာရီတိုင်း NLD လွှတ်တော်အမတ်ဟောင်း ကိုဘိုနီ ကျဆုံးတယ်ဆိုတဲ့ သတင်းတု
တိုက်ပွဲနိုင်ငံရေးPage အတု

အာဏာသိမ်းစစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် တနင်္သာရီတိုင်း NLD လွှတ်တော်အမတ်ဟောင်း ကိုဘိုနီ ကျဆုံးတယ်ဆိုတဲ့ သတင်းတု

တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များနဲ့ အာဏာသိမ်းစစ်တပ်တိုက်ပွဲထဲမှာ စစ်တပ်ဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးထိမှန်ခဲ့တာကြောင့် ကိုဘိုနီ(ခ) ကိုအောင်ကျော်ဟိန်း(တနင်္သာရီတိုင်း လွှတ်တော်ကိုယ်စားလှယ်)ကျဆုံးခဲ့တယ်ဆိုတဲ့ သတင်းတု တခုပြန့်နှံ့နေပါတယ်။
ဒီသတင်းကို Taninthary PDF အမည်ရှိတဲ့ ဖေ့ဘွတ်ခ် ပေ့ချ် တခုကနေ တင်ခဲ့တာဖြစ်ပြီး သတင်းတုထဲမှာဆိုရင် “အထူးဝမ်းနည်းကြေကွဲခြင်းဆိုပြီး ရေးသားထားကာ မေ၁၉၊ ၂၀၂၂ တနင်္သာရီ ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ စစ်ကောင်စီတပ်တို့ ယနေ့နေ့လည် တိုက်ပွဲဖြစ်ပွါးရာ စစ်ကောင်စီဘက်မှ ပစ်ခတ်သော လက်နက်ကြီး ထိမှန် ကိုဘိုနီ (ခ) အောင်ကျော်ဟိန်း (NLD လွှတ်တော်အမတ်ဟောင်း) သည် တိုင်းပြည်အတွက် အသက်စွန့်သွားရာ မိမိတို့ ဂုဏ်ယူဝမ်းနည်းမိပါကြောင်း မိဘပြည်သူများကို အသိပေး ဖော်ပြအပ်ပါသည်။
#တပ်ရင်း၃” လို့ရေးထားပါတယ်။
ဒီသတင်းကို တွေးပြီးမှယုံကနေ အချက်အလက်စစ်ဆေးကြည့်ရာမှာတော့ ကိုဘိုနီ(ခ) ကိုအောင်ကျော်ဟိန်း (NLD လွှတ်တော်အမတ်ဟောင်း) သေဆုံးဆိုတဲ့ သတင်းမှာ သတင်းမှား တပုဒ်သာဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။
တနင်္သာရီ ပြည်သူ့ကာကွယ်ရေးတပ်မတော် ရဲ့ ဖေ့ဘွတ်ခ် တရားဝင်ဖေ့ဘွတ်ခ်ပေ့ချ်ဖြစ်တဲ့ Taninthary Defense Force ကနေ အဆိုပါသတင်းဟာ သတင်းအမှားသာဖြစ်ကြောင်းနဲ့ ဖြန်းဆက်အတည်ပြုထားတယ်လို့ ဖော်ပြချက်အရ သတင်းတုဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။
ဒါ့အပြင် သတင်းတု တင်ခဲ့တဲ့ ပေ့ချ်မှာလည်း Taninthary PDF ပေ့ချ်အတုဖြစ်ကြောင်းကို ဆက်လက်ဖော်ပြထားပါတယ်။
ဒါ့အပြင် တနင်္သာရီတိုင်း NLD လွှတ်တော်ကိုယ်စားလှည်ဟောင်း သေဆုံးတဲ့သတင်းတွေကိုလည်း လွတ်လပ်တဲ့ မီဒီယာတွေက တင်ထားတာမျိုး မတွေ့ရသေးပါဘူး။
ဖေ့ဘွတ်ခ်လူမှုကွန်ရက်ဟာ ဖေ့ဘွတ်ခ်အကောင်၊ ပေ့ချ်၊ ဂရုတွေကို လွယ်လင့်တကူ ဖွင့်လို့ရပါတယ်။ ဒါတွေကြောင့်ပဲ အယောင်ဆောင်တွေ အများအပြားပေါ်ပါလာပြီး သတင်းတုတွေဖြန့်ဝေတာတွေနဲ့ လိမ်လည်မှုတွေ မကြာခဏကျူးလွန်လေ့ရှိကြပါတယ်။ ဒါ့ကြောင့် သတင်းတွေကိုဖတ်ရှုတဲ့အခါ ကိုဖတ်ရှုလိုက်တဲ့ သတင်းက ယုံကြည်ရတဲ့ သတင်းရင်းမြစ်ကဟုတ်မဟုတ် စစ်ဆေးသင့်ပါတယ်။ သတင်းတုလို့ယူဆရရင်လည်း သတင်းမှန်တွေ ပြန်ကြားပေးနေတဲ့ တွေးပြီးမှယုံရဲ့ Chat box သို့ လာရောက်မေးမြန်းနိုင်ပါတယ်နော်။
%d bloggers like this: