Home>>တိုက်ပွဲ>>အဖွားအိုတဦးသေဆုံးခဲ့ပြီး နေအိမ် ၇၀ ကျော်မီးလောင်ပျက်ဆီးခဲ့တဲ့ ခင်ဦးမြို့နယ်က ကျေးရွာမီးရှို့မှုကို PDF တွေ က ကျူးလွန်သယောင် ဖြန့်ဝေထားတဲ့ သတင်းတု
တိုက်ပွဲနိုင်ငံရေး

အဖွားအိုတဦးသေဆုံးခဲ့ပြီး နေအိမ် ၇၀ ကျော်မီးလောင်ပျက်ဆီးခဲ့တဲ့ ခင်ဦးမြို့နယ်က ကျေးရွာမီးရှို့မှုကို PDF တွေ က ကျူးလွန်သယောင် ဖြန့်ဝေထားတဲ့ သတင်းတု

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က သာဂရကျေးရွာကို ဇွန် ၄ရက်နေ့က အာဏာသိမ်းစစ်တပ် ဘက်က ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ဒီဖြစ်စဥ်ကိုပဲ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေက ကျူးလွန်ပါတယ်လို့ အာဏာသိမ်းစစ်တပ် ဝါဒဖြန့် အကောင့်တုတွေက သတင်းတွေ ဖြန့်နေကြပါတယ်။
ဒီသတင်းကို ခြသေ့်လိုလူ ပန်းလိုလူ ဆိုတဲ့အကောင့်က ဇွန် ၅ ရက်နေ့မှာ တင်ထားပြီး သတင်းထဲမှာဆိုရင် ” ၇၉ နှစ်အရွယ်ကို သတင်းပေးဒလန်တဲ့လားကွာ” ဆိုပြီး ခေါင်းစဥ်တည် ရေးသားထားပြီးတော့ စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ခင်ဦးမြို့နယ် သာဂရကျေးရွာရှိ အသက် ၇၉နှစ်အရွယ် အဘွားအို ဒေါ်ရှိ အားသတင်းပေး ဒလန်အဖြစ်စွပ်ဆွဲပြီး PDF အကြမ်းဖတ်များမှ မီးရှို့ သတ်ဖြတ် ကျေးရွာကိုပါမီးရှို့ ဆန်စပါး တင်းပေါင်း သောင်းကျော် ပျက်စီး နေအိမ်အလုံး၇၀ကျော် ပြာကျ” (မူရင်းအရေးအသား) ဆိုပြီး ရေးထားတာ တွေ့ရပါတယ်။ သတင်းကို ကြိုက်နှစ်သက်သူပေါင်း ၃၃၆ ယောက်နဲ့ ပြန်လည်မျှဝေသူပေါင်း ၁၁၁ ယောက်ရှိနေပြီဖြစ်ပါတယ်။
ဒီသတင်းနဲ့ပတ်သက်လို့ တွေးပြီးမှယုံကနေ စစ်ဆေးကြည့်ရာမှာတော့ သတင်းတုထဲမှာရေးထားတဲ့အတိုင်း စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ခင်ဦးမြို့နယ်မှာ ရှိတဲ့ နေအိမ် ၇၀ ကျော်မီးလောင်ကျွမ်းပြီး အသက် ၇၉ နှစ်အရွယ် အဖွားတစ်ဦး မီးထဲပါသည်မှာ မှန်သော်လည်း PDF များမှ မီးရှို့ဖျက်စီးခဲ့တာမဟုတ်ဘဲ စစ်တပ်ဘက်က မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ကြောင်းကို တွေ့ခဲ့ရပါတယ်။ ဒီသတင်းကို လွတ်လပ်တဲ့သတင်းမီဒီယာဖြစ်တဲ့ Delta News Agency နဲ့ Khit Thit Media တို့မှာ ဒီအောက်က လင့်တွေကနေတဆင့် သွားရောက်ဖတ်ရှုနိုင်ပါတယ်။
မေ၊ လကုန်ပိုင်းကလည်း စစ်ကိုင်းတိုင်းယင်းမာပင်မြို့နယ်၊ ပုလဲမြို့နယ်တို့က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်ကနေ မီးရှို့ဖျက်ဆီးနေတာတွေကြောင့် ကျေးရွာ ၂၀၀၀ ကျော်မီးလောင်ပျက်ဆီးခဲ့ရ ကြောင်းနဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ရပ်တန့်ပေးဖို့ရာ ရွှေဆံပင်ဆရာတော်ကနေ သူရဲ့ ဖေ့ဘွတ်ခ်အကောင့်ကနေ တဆင့် အာဏာသိမ်းစစ်တပ်ကို မေတ္တာရပ်ခံခဲ့ရပါသေးတယ်။
ဒီလို သတင်းအမှန်နဲ့ ရောထွေးဖန်တီးထားတဲ့သတင်းတုတွေကို မယုံမိဖို့လိုပါတယ်။ သတင်းတွေဖတ်တဲ့အခါ သတင်းရင်းမြစ်ကို သတိထားသင့်ပါတယ်။ ယုံကြည်ရတဲ့ သတင်းရင်းမြစ်က ဟုတ်မဟုတ်ကိုလည်း စစ်ဆေးသင့်ပါတယ်။ သတင်းတုလို့ ယူဆရရင်လည်း တွေးပြီးမှယုံရဲ့ Chat box သို့ လာရောက်မေးမြန်းနိုင်ပါတယ်နော်။
%d bloggers like this: