Home>>တိုက်ပွဲ>>ကရင်ပြည်နယ်က စစ်ပွဲထဲမှာ တိုက်လေယာဥ်နဲ့ တိုက်ခဲ့မိတယ်တဲ့ ငှက်ဆိုတဲ့ ဓါတ်ပုံအမှား
တိုက်ပွဲ

ကရင်ပြည်နယ်က စစ်ပွဲထဲမှာ တိုက်လေယာဥ်နဲ့ တိုက်ခဲ့မိတယ်တဲ့ ငှက်ဆိုတဲ့ ဓါတ်ပုံအမှား

ကရင်ပြည်နယ်ထဲက၊ ဥကထရစ်စခန်းသိမ်း တိုက်ပွဲမှာ အာဏာသိမ်းစစ်တပ်က တိုက်လေယာဥ်နဲ့ လာရောက်ပစ်ခတ်စဥ် တိုက်လေယာဥ်တစီး ငှက်တကောင်နဲ့ တိုက်မိပြီး သုံးမရတော့တဲ့အထိ ပျက်ဆီးခဲ့တယ်ဆိုတဲ့ သတင်းတခု ထွက်ပေါ်ခဲ့ပါတယ်။ ဒီသတင်းနဲ့ နောက်ဆက်တွဲမှာပဲ လေယာဥ်တစင်းနဲ့ ငှက်တကောင် တိုက်မိနေတဲ့ ပုံကိုသုံးပြီး မြန်မာနိုင်ငံမှာပဲ ဖြစ်နေသယောင် သတင်းဖြန့်ဝေမှုတွေ ရှိနေပါတယ်။
ဒီသတင်းကို Naw Shar ဆိုတဲ့ ဖေ့ဘွတ်ခ်အကောင့်တခုကနေ စဖြန့်ထားတာကိုတွေ့ရပြီး ပုံနဲ့ စာကိုပဲ ပြန်ပြီးကူးယူဖော်ပြနေသူတွေလည်း အများအပြားရှိနေပါတယ်။
သတင်းပါဓါတ်ပုံနဲ့ ပတ်သက်လို့ တွေးပြီးမှယုံ ကနေ အချက်အလက်စစ်ဆေးခဲ့ရာမှာတော့ မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ မြဝတီထဲက တိုက်ပွဲတွင်းက ပုံတွေ မဟုတ်တာကို တွေ့ခဲ့ရပါတယ်။
၂၀၁၉ ခုနှစ်၊ ဧပြီ၊ ၁၇ မှာ အမေရိကန်နိုင်ငံ၊ နယူးမက္ကဆီကို ပြည်နယ်၊ Holloman Air Force လေတပ်အခြေစိုက်စခန်းမှ F – 16 တိုက်လေယာဥ်အမျိုးအစားတစီး သိမ်းငှက်တကောင်နဲ့ တိုက်မိခဲ့တဲ့ ပုံသာဖြစ်နေပါတယ်။
အောက်ကလင့်ခ်မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
ဒီလို သတင်းတွေကို အခြားဖြစ်စဥ်က ဓါတ်ပုံတွေသုံးပြီး သတင်းတုဖြန့်ဝေတာတွေဟာ သတင်းတု ပုံစံတွေထဲက တခုအပါအဝင်ဖြစ်ပါတယ်။ ဒီလို ဓါတ်ပုံတွေ ပါတဲ့ သတင်းတွေကိုဆိုရင် Google Image, Reverse Image Search စတဲ့ နေရာတွေမှာ မိမိဘာသာ လွယ်လွယ်ကူကူ တိုက်ဆိုင်စစ်ဆေး အတည်ပြုနိုင်ပါတယ်။ တစုံတရာ အခက်အခဲရှိခဲ့ရင်လည်း တွေးပြီးမှယုံရဲ့ Chat Box မှာ လာရောက်မေးမြန်းအတည်ပြုနိုင်ပါတယ်။
%d bloggers like this: