Home>>ကျန်းမာရေးနှင့် ဘေးအန္တရာယ်>>ကိုဗစ် ဗီဇပြောင်း BA(4) နဲ့ BA(5) တို့ရဲ့ လက္ခဏာတွေဆိုပြီး ၂၀၂၁ က စာအဟောင်းကို ပြန်ဖွနေ
ကျန်းမာရေးနှင့် ဘေးအန္တရာယ်COVID-19

ကိုဗစ် ဗီဇပြောင်း BA(4) နဲ့ BA(5) တို့ရဲ့ လက္ခဏာတွေဆိုပြီး ၂၀၂၁ က စာအဟောင်းကို ပြန်ဖွနေ

၂၀၂၁ ကိုဗစ်ကပ်ရောဂါကာလက ကိုဗစ်ဗီဇပြောင်းလက္ခဏာများဆိုတဲ့ ပိုစ့်မှ စာတွေကို ပြန်ကူးယူပြီး ထိုင်းနိုင်ငံ၊ ချူလာလောင်ကောင်ဆေးရုံမှ BA(4) နဲ့ BA(5) တို့ရဲ့ လက္ခဏာတွေပါဆိုပြီး ပြန်လည်ဖြေဝေမှုတွေ ရှိနေပါတယ်။
ဒီသတင်းကို Health & &Knowledge ဆိုတဲ့ ပေ့ချ်တခုကနေ ဖြန့်ဝေလာတာကို တွေ့ရပြီး ပြန်လည်မျှဝေသူပေါင်းဟာ ၆၆၂၀ ဦးအထိ ရှိနေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် မီဒီယာတခုကနေလည်း ကူးယူဖော်ပြလာတာကိုတွေ့ရသလို အခြားထပ်ဆင့်ကူးယူဖော်ပြသူတွေလည်း အများအပြားရှိနေပါတယ်။
ဒီသတင်းနဲ့ ပတ်သက်လို့ တွေးပြီးမှယုံကနေ သတင်းတုမှာပါတဲ့ အရေးကြီးစကားလုံးတွေကို အသုံးပြုပြီး ရှာဖွေစစ်ဆေးခဲ့ရာမှာတော့ Phyo Katay နာမည်နဲ့ သူနာပြုတဦး ဟု ယူဆရသူ တဦးမှ ၂၀၂၁, ဇူလိုင်, ၅ ရက်နေ့က ဖြန့်ဝေထားခဲ့တဲ့ စာဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။
ဒါ့အပြင် BA(4) နဲ့ BA(5) တို့ရဲ့ လက္ခဏာတွေနဲ့ ဆောင်ရန်၊ ရှောင်ရန်တွေကို ဖော်ပြထားတဲ့စာကိုလည်း ချူလာလောင်ကောင် ဆေးရုံရဲ့ ဝက်ဆိုက်ဘ်ကနေ ထုတ်ပြန်တာမျိုး မတွေ့ခဲ့ရပါဘူး။ အောက်က လင်ခ့်မှာ ဝင်ရောက် ရှာဖွေဖတ်ရှု့နိုင်ပါတယ်။
ကိုဗစ် – ၁၉ ဗီဇပြောင်း BA(4) နဲ့ BA(5) ဟာ အိမ်နီးချင်းထိုင်းနိုင်ငံတွင် တဟုန်ထိုး ကူးစက်နေပြီး ပြည်ပမှ ပြန်လည်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၆ ဦးမှာလည်း ရောဂါကူးစက်မှုတွေ တွေ့ခဲ့ရတယ်လို့ အာဏာသိမ်းစစ်တပ်၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြောင်း Eleven Media မှာ ဖော်ပြပါတယ်။
ဗီဇပြောင်ူ ဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ Dawei Watch မီဒီယာရဲ့ သတင်းဖော်ပြချက်တွေကို အောက်ကလင့်ခ်မှာ သွားရောက်ဖတ်ရှု့နိုင်ပါတယ်။
ဒီလို ယခင်ဖြစ်စဥ်တွေက သတင်းတွေကို လိုသလိုဖြည့်စွက်ပြီး ယခုပဲ ဖြစ်နေသယောင် ပုံဖော်ဖြန့်ဝေမှုတွေဟာ မကြာခဏ ဆိုသလို တွေ့ရတတ်ပါတယ်။
အိမ်နီးချင်းထိုင်းနိုင်ငံမှာ ကူးစက်မှုနှုန်းတွေ တဟုန်ထိုးမြင့်တက်နေသလို မြန်မာနိုင်ငံမှာလည်း ကူးစက်မှု တချို့ စတင်တွေ့ရှိနေရပြီ ဖြစ်တာကြောင့် ဗီဇပြောင်း ဗိုင်းရပ်စ် BA (4) BA (5) ရဲ့ ဘေးရန်ဟာလည်း အထူးဂရုပြုဖို့အတွက် တိုက်တွန်းပါတယ်။ သတင်းတုတွေနဲ့ ပတ်သက်လို့လည်း တွေးပြီးမှယုံ ရဲ့ Chat Box မှာ လာရောက်မေးမြန်းနိုင်ပါတယ်။
%d bloggers like this: