Home>>တိုက်ပွဲ>>အင်တာနက်က ပုံတွေကို ပြန်သုံးပြီး ကရင်နီပြည်နယ်မှာ မကျွတ်လွတ်တဲ့ ရဲဘော်တွေ အကူအညီတောင်းနေသယောင် ဖြန့်နေတဲ့ ပုံအလွဲများ
တိုက်ပွဲပုံအလွဲ

အင်တာနက်က ပုံတွေကို ပြန်သုံးပြီး ကရင်နီပြည်နယ်မှာ မကျွတ်လွတ်တဲ့ ရဲဘော်တွေ အကူအညီတောင်းနေသယောင် ဖြန့်နေတဲ့ ပုံအလွဲများ

မြောက်အမေရိကနဲ့ ဥရောပတိုက်ရဲ့ ရွက်ကြွေတောတွေထဲမှာ ပေါက်ရောက်တဲ့ Dead man’s fingers အမည်ရှိ မှိုတမျိုးရဲ့ ပုံတွေကို သုံးပြီးတော့ ကရင်နီပြည်နယ်မှာ ပေါက်ရောက်နေတဲ့ မှိုတွေပါဆိုပြီး ဖြန့်ဝေမှုတွေ ရှိနေပါတယ်။
ဒီသတင်းကို Kayan Generation Youth အမည်ရှိ ဖေ့ဘွတ်ခ်ပေ့ချ်တခုကနေ စတင်ဖြန့်ဝေလာတာကို တွေ့ရပြီး ပိုစ့်ထဲမှာဆိုရင် “ကျနော်တို့ ကရင်နီပြည်နယ်မှာပေါက်တဲ့ မှိုတဲ့ဗျာ၊ ထူးဆန်းနေပေမဲ့ စိတ်မကောင်းဘူး။ ပိတ်မိ မလွတ်ကျွတ်သေးတဲ့ ခံစားချက်ရတယ်။ HELP ME, SAVE ME လို့ ပြောနေသလား ခံစားရတယ်” ဆိုပြီး ရေးသားထားပြီး ပြန်လည်မျှဝေသူပေါင်း ၄၁၁ ဦးအထိ ရှိနေပြီ ဖြစ်ပါတယ်။
ဒီသတင်းဓါတ်ပုံတွေနဲ့ ပတ်သက်လို့ တွေးပြီးမှယုံ ကနေ ဓါတ်ပုံတွေ ထပ်တူပြုစစ်ဆေးတဲ့ Google Reverse Image Search အသုံးပြုပြီး အချက်အလက် စစ်ဆေးခဲ့ရာမှာတော့ တခြားနိုင်ငံက ပုံတွေကို အသုံးပြုပြီးတော့ သတင်းကို ဖန်တီးထားခဲ့တာကို တွေ့ခဲ့ရပါတယ်။
သတင်းတုပါ မှိုအမျိုးအစားဟာ Dead man’s fingers လို့ နံမည်ရပြီး မြောက်အမေရိကနဲ့ ဥရောပတိုက်ရဲ့ ရွက်ကြွေတောတွေထဲမှာ ပေါက်ရောက်တဲ့ မှိုအမျိုးအစားတွေသာ ဖြစ်တယ်လို့ ဆိုပါတယ်။ အောက်ကလင့်ခ်မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
အခုအချိန်မှာတော့ သတင်းကိုဖျက်သွားတာ တွေ့ရပါတယ်။ ပုံအလွဲတွေနဲ့ ပုံအဟောင်းတွေကိုသုံးပြီး သတင်းဖန်တီးရေးသားမှုများကို သတိထားသင့်ပါတယ်။ ဒီလိုသတင်းတွေကြောင့် သတင်းမှန်စီးဆင်းမှု လျော့ကျစေပါတယ်။
ဒီလို ပုံတလွဲတွေနဲ့ သတင်းတုတွေကိုဆိုရင် Google Reverse Image Search လို နေရာမှာ အလွယ်တကူထပ်တူပြုစစ်ဆေးနိုင်ပါတယ်။ အခက်အခဲတစုံတရာရှိခဲ့ရင်လည်း တွေးပြီးမှယုံရဲ့ Chat Box မှာ လာရောက်မေးမြန်းနိုင်ပါတယ်။
%d bloggers like this: