သူငယ်ချင်းတို့ရေ….
သတင်းမှားတွေ သတင်းတုတွေဟာ အချိန်အခါမရွေး တွေ့ရတတ်ပါတယ်။ ဒီလို သတင်းမှားတွေဟာ page အတုတွေ account အတုတွေနဲ့ အများဆုံး ပြုလုပ်ကြတာ တွေ့ရပါတယ်။
ဇန်နဝါရီ ၆ ၊၂၀၁၉ ခုနှစ် ရက်စွဲနဲ့ KIA ထောင်ထားတဲ့မိုင်း နင်းမိပေါက်ကွဲမှုကြောင့် လီဆူတိုင်းရင်းသားသုံးဦး ထိခိုက်ဒဏ်ရာရ ဆိုတဲ့ သတင်းတုကို Kachin Daily News က တင်ခဲ့ပါတယ်။ ဒီသတင်းတုဟာ ကြိုက်နှစ်သက်သူ 100 ကျော်၊ ပြန်လည်မျှဝေသူ 60 ကျော် ရှိနေပါပြီ။ ဒီသတင်းကို–
(၁) တရားဝင် သတင်းဌာနတွေမှာလည်း ဖော်ပြထားတာမရှိခြင်း။
(၂) တပ်မတော် တရားဝင်သတင်းပြန်ကြားရေး website မှာလည်း ထုတ်ပြန်ထားမှုမရှိခြင်း။
(၃) သတင်းပါ ဓာတ်ပုံသည်လည်း EPN က ပုံဟောင်းကို ယူသုံးထားသော်လည်း EPN ရဲ့ သတင်းစာမျက်နှာပေ့ချ်မှာလည်း ဖော်ပြထားမှုမရှိခြင်း။
(၄) Kachin Daily News Page ဟာ ယုံကြည်ရတဲ့တရားဝင်သတင်းရင်းမြစ်တစ်ခုမဟုတ်ခြင်း။
ဒီအချက်တွေကြောင့် ယခုသတင်းဟာ သတင်းတု တစ်ခုဖြစ်ကြောင်း ကောက်ချက်ချနိုင်ပါတယ်။
ဒီလို သတင်းတု သတင်းမှားတွေဟာ တိုင်းရင်းသားတွေကြား စိတ်ဝမ်းကွဲမှုကိုဖြစ်စေပြီး ပဋိပက္ခများကို ပိုမိုဆိုးဝါးစေနိုင်ပါတယ်။ သူငယ်ချင်းတို့လည်း သတင်းတွေကို သုံးသပ်တဲ့အခါ ဒါမှမဟုတ် ပြန်လည်မျှဝေကြတဲ့အခါ သတင်းတုတွေကို သတိထားမိဖို့ ဖော်ပြပေးလိုက်ပါတယ်။