သူငယ်ချင်းတို့ရေ ဒီတစ်ခါ ပြောချင်တဲ့အကြောင်းကတော့ Min Thant Pyone Cho အကောင့်ကနေ 14 September မှာတင်ထားတဲ့ သတင်းအကြောင်းပါ။ ဒီသတင်းကတော့ သူပုန်တွေထောင်တဲ့ မိုင်းကြောင့် ခြေထောက်ပြတ်သွားလို့ဆိုပြီး မိန်းကလေးပုံနဲ့တွဲပြီး တင်ထားတဲ့ သတင်းပဲ ဖြစ်ပါတယ်။ ဒီ post ကို Share သူတွေဟာ 1.8k တောင်ရှိနေပါပြီ။ တကယ်တော့ ဒီပုံထဲကမိန်းကလေးဟာ မြန်မာပြည်က မဟုတ်ပါဘူး။ 2011 October 23 က ရှန်းဟိုင်းမြို့မှာ အထပ်မြင့် မိုးမျှော်တိုက်ကနေ မှန်နံရံပြိုကျပြီး ထိခိုက်သွားလို့ ခြေထောက်ဖြတ်လိုက်ရတဲ့ မိန်းကလေးပုံပဲ ဖြစ်ပါတယ်။ ဒါကို မြန်မာပြည်က တိုင်းရင်းသားလက်နက်ကိုင်တွေ ထောင်ထားတဲ့ မိုင်းကိုနင်းမိပြီး ခြေထောက်ပြတ်သွားတယ် ဆိုပြီး သတင်းတုရေးသားတာဟာ တိုင်ရင်းသားလက်နက်ကိုင်တွေကို ရည်ရွယ်ချက်ရှိရှိ ပုံဖျက်တိုက်ခိုက်တဲ့ သတင်းတုပဲ ဖြစ်ပါတယ် ။ သူငယ်ချင်းတို့အနေနဲ့ သတင်းတုဖန်တီးတဲ့ အကောင့်တွေကလာတဲ့ သတင်းတခုကို တွေ့ရင်လွယ်လွ...
Read Moreတွေးပြီးမှယုံ

မိုင်းနင်းမိလို့ ခြေထောက်ဖြတ်လိုက်ရတဲ့ ညီမလေး ဆိုတဲ့ သတင်းတု
September 18, 2018
သူငယ်ချင်းတို့ရေ ဒီတစ်ခါ ပြောချင်တဲ့အကြောင်းကတော့ Min Thant Pyone Cho အကောင့်ကနေ 14 September မှာတင်ထားတဲ့ သတင်းအကြောင်းပါ။ ဒီသတင်းကတော့ သူပုန်တွေထောင်တဲ့ မိုင်းကြောင့် ခြေထောက်ပြတ်သွားလို့ဆိုပြီး မိန်းကလေးပုံနဲ့တွဲပြီး တင်ထားတဲ့ သတင်းပဲ ဖြစ်ပါတယ်။ ဒီ post ကို Share သူတွေဟာ 1.8k တောင်ရှိနေပါပြီ။ တကယ်တော့ ဒီပုံထဲကမိန်းကလေးဟာ မြန်မာပြည်က မဟုတ်ပါဘူး။ 2011 October 23 က ရှန်းဟိုင်းမြို့မှာ အထပ်မြင့် မိုးမျှော်တိုက်ကနေ မှန်နံရံပြိုကျပြီး ထိခိုက်သွားလို့ ခြေထောက်ဖြတ်လိုက်ရတဲ့ မိန်းကလေးပုံပဲ ဖြစ်ပါတယ်။ ဒါကို မြန်မာပြည်က တိုင်းရင်းသားလက်နက်ကိုင်တွေ ထောင်ထားတဲ့ မိုင်းကိုနင်းမိပြီး ခြေထောက်ပြတ်သွားတယ် ဆိုပြီး သတင်းတုရေးသားတာဟာ တိုင်ရင်းသားလက်နက်ကိုင်တွေကို ရည်ရွယ်ချက်ရှိရှိ ပုံဖျက်တိုက်ခိုက်တဲ့ သတင်းတုပဲ […]

ဒေါက်တာ သက်သက်ခိုင်နဲ့ ပတ်သက်တဲ့ သတင်းတု
September 4, 2018
သတင်းတုရေးသားသူတွေဟာ လူစိတ်ဝင်စားမှုများတဲ့ သတင်းတွေကို အချိန်အခါလိုက် ပုံဖော်ရေးသားနေကြတာဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အလေ့အထတစ်ခုလို ဖြစ်နေသလားလို့တောင် ထင်ရပါတယ်။ အခုလည်း ဒေါက်တာ ဒေါ်သက်သက်ခိုင်နဲ့ ပက်သတ်တဲ့သတင်းတွေကို အွန်လိုင်းမီဒီယာပေါ်မှာ ဖြန့်နေကြတာ သူငယ်ချင်းတို့လည်း တွေ့မြင်ကြမှာပါ။ ဒီသတင်းကတော့ “၂၀၂၀ရွေးကောက်ပွဲကာလတွင် NLD ပြန်လည်အနိုင်ရရှိပါကတိုင်းပြည် အန္တရာယ်မှာ အလွန်ကြောက်စရာကောင်းကြောင်း..ဒေါက်တာ ဒေါ်သက်သက်ခိုင် ပြောဆိုလိုက်ပြီ…” ဆိုတဲ့သတင်းနဲ့ ပက်သတ်ပြီး သတင်းအမှားဟာ အလွယ်တကူပြန့်နှံ့လာပါတယ်။ ဒီသတင်းဟာ လူတွေအကြားမှာလဲ အတော်လေးပြန့်နှံ့နေသလို စိတ်ဝင်စားမှုအရမ်းမြင့်တက်နေတဲ့သတင်းတစ်ပုဒ်လဲဖြစ်ပါတယ်။ဒီသတင်းမှာဆို ရင် သတင်းရင်းမြစ်ဟာ ခိုင်မာမှုမရှိသလို၊ ဘယ်နေ့၊ ဘယ်အချိန်၊ ဘယ်နေရာမှာ ပြောဆိုခဲ့တယ်ဆိုတာလည်း ဖော်ပြထားခြင်း မရှိပါဘူး။ ဒီသတင်းနဲ့ ပတ်သတ်ပြီး ဒေါက်တာ သက်သက်ခိုင်ရဲ့ ကိုယ်ပိုင်ဖေ့ဘွတ်စာမျက်နှာမှာလည်းပြောဆိုခဲ့ခြင်းမရှိကြောင်းကို ၎င်းမှပြန်လည်တုံ့ပြန်ရေးသားထားပါတယ်။ သူငယ်ချင်းတို့လည်း ဒီလိုလုပ်ကြံ ဖန်တီးရေးသားထားတဲ့သတင်းအတုတွေကို သေချာစီစစ်ပြီးမှ ယုံကြည်ကြဖို့ ဖော်ပြပေးလိုက်ပါတယ်။
သတင်းတုရေးသားသူတွေဟာ လူစိတ်ဝင်စားမှုများတဲ့ သတင်းတွေကို အချိန်အခါလိုက် ပုံဖော်ရေးသားနေကြတာဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အလေ့အထတစ်ခုလို ဖြစ်နေသလားလို့တောင် ထင်ရပါတယ်။ အခုလည်း ဒေါက်တာ ဒေါ်သက်သက်ခိုင်နဲ့ ပက်သတ်တဲ့သတင်းတွေကို အွန်လိုင်းမီဒီယာပေါ်မှာ ဖြန့်နေကြတာ သူငယ်ချင်းတို့လည်း တွေ့မြင်ကြမှာပါ။ ဒီသတင်းကတော့ "၂၀၂၀ရွေးကောက်ပွဲကာလတွင် NLD ပြန်လည်အနိုင်ရရှိပါကတိုင်းပြည် အန္တရာယ်မှာ အလွန်ကြောက်စရာကောင်းကြောင်း..ဒေါက်တာ ဒေါ်သက်သက်ခိုင် ပြောဆိုလိုက်ပြီ..." ဆိုတဲ့သတင်းနဲ့ ပက်သတ်ပြီး သတင်းအမှားဟာ အလွယ်တကူပြန့်နှံ့လာပါတယ်။ ဒီသတင်းဟာ လူတွေအကြားမှာလဲ အတော်လေးပြန့်နှံ့နေသလို စိတ်ဝင်စားမှုအရမ်းမြင့်တက်နေတဲ့သတင်းတစ်ပုဒ်လဲဖြစ်ပါတယ်။ဒီသတင်းမှာဆို ရင် သတင်းရင်းမြစ်ဟာ ခိုင်မာမှုမရှိသလို၊ ဘယ်နေ့၊ ဘယ်အချိန်၊ ဘယ်နေရာမှာ ပြောဆိုခဲ့တယ်ဆိုတာလည်း ဖော်ပြထားခြင်း မရှိပါဘူး။ ဒီသတင်းနဲ့ ပတ်သတ်ပြီး ဒေါက်တာ သက်သက်ခိုင်ရဲ့ ကို...
Read More
ငွေစက္ကူ နှင့်ပတ်သက်ပြီးသမ္မတရုံးအမိန့်စာအတု
July 24, 2018
ငွေစက္ကူနဲ့ ပတ်သတ်ပြီး သမ္မတရုံးအမိန့်စာဆိုပြီး ကြေညာချက်အတုထွက်ခဲ့ပါတယ်။ ကြေညာချက်ဟာ တော်တော်လေးပြန်နှံ့ခဲ့ပြီး ဒီကြေညာချက်နဲ့ပတ်ပြီး ဦးဇော်ဌေးရဲ့ တရားဝင်သတင်းစာမျက်နှာမှာလည်း အမိန့်တု စတင်ဖြန့်ဝေသူကို ဥပဒေနဲ့အညီ အရေးယူဖို့ ဖော်ပြထားပါတယ်။
ယခုချိန်ထိတော့ ဒီကြေညာချက်အတုကို ပြန်လည်ကူးယူဖော်ပြသူတွေနဲ့ တချို့ page တွေဟာ ဖျက်ပြစ်လိုက်တာတွေ တွေ့ရပါတယ်။
သူငယ်ချင်းတို့လည်း ဒီလိုသတင်းအတုတွေ …..
သူငယ်ချင်းတို့ရေ….. ငွေစက္ကူနဲ့ ပတ်သတ်ပြီး သမ္မတရုံးအမိန့်စာဆိုပြီး ကြေညာချက်အတုထွက်ခဲ့ပါတယ်။ ကြေညာချက်ဟာ တော်တော်လေးပြန်နှံ့ခဲ့ပြီး ဒီကြေညာချက်နဲ့ပတ်ပြီး ဦးဇော်ဌေးရဲ့ တရားဝင်သတင်းစာမျက်နှာမှာလည်း အမိန့်တု စတင်ဖြန့်ဝေသူကို ဥပဒေနဲ့အညီ အရေးယူဖို့ ဖော်ပြထားပါတယ်။ ယခုချိန်ထိတော့ ဒီကြေညာချက်အတုကို ပြန်လည်ကူးယူဖော်ပြသူတွေနဲ့ တချို့ page တွေဟာ ဖျက်ပြစ်လိုက်တာတွေ တွေ့ရပါတယ်။ သူငယ်ချင်းတို့လည်း ဒီလိုသတင်းအတုတွေ ကြေညာချက်အတုနဲ့ ပတ်သတ်ပြီး ပိုပြီးသတိထားနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။ #တွေးပြီးမှယုံ...
Read More
ပေ့ချ်အတုကတင်တယ့်၂၀၂ဝမှာ မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်း စင်္ကာပူထက်သာလွန်မည်ဆိုသည့်သတင်းမှား
July 22, 2018
တွေးပြီးမှယုံ အနေနဲ့ ဒီမနက် ပြောပြချင်တဲ့ သတင်းတု တစ်ခုက 18.7.18 ရက်နေ့က နာမည်ကြီးသွားတဲ့ National League for Democracy News ဆိုတဲ့ Page က တင်ထားတဲ့ “NLD ပါတီ၏ စီးပွားရေးပညာရှင်များခန့်မှန်းချက်အရ ၂၀၂၀ တွင်
မြန်မာ့စီးပွားရေး တိုးတက်မှုနှုန်း စင်ကာပူထက်သာလွန်မည်” ဆိုတဲ့ သတင်းပါ။
ဒီသတင်းက အတု ဖြစ်နေတယ်ဆိုတဲ့ အကြောင်းနဲ့ ဒီလို သတင်းတု တင်တဲ့ Page ကို …..
ပေ့ချ်အတုကတင်တယ့်၂၀၂ဝမှာ မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်း စင်္ကာပူထက်သာလွန်မည်ဆိုသည့်သတင်းမှား
တွေးပြီးမှယုံ အနေနဲ့ ဒီမနက် ပြောပြချင်တဲ့ သတင်းတု တစ်ခုက 18.7.18 ရက်နေ့က နာမည်ကြီးသွားတဲ့ National League for Democracy News ဆိုတဲ့ Page က တင်ထားတဲ့ “NLD ပါတီ၏ စီးပွားရေးပညာရှင်များခန့်မှန်းချက်အရ ၂၀၂၀ တွင် မြန်မာ့စီးပွားရေး တိုးတက်မှုနှုန်း စင်ကာပူထက်သာလွန်မည်” ဆိုတဲ့ သတင်းပါ။ ဒီသတင်းက အတု ဖြစ်နေတယ်ဆိုတဲ့ အကြောင်းနဲ့ ဒီလို သတင်းတု တင်တဲ့ Page ကိုအရေးယူမယ်လို့ 21.7.2018 ရက်နေ့ထုတ် စံတော်ချိန် သတင်းစာမှာ ဖော်ပြထားတာ တွေ့ရမှာပါ။ အဲ့ဒီ သတင်းတုတွေ တင်နေတဲ့ Page ကလဲ အတုဖြစ်ပြီး ကြေငြာချက် အတုတွေကို ထုတ်နေပါသေးတယ်လို့ ပြောသွားပါသေးတယ်။ တွေးပြီးမှယုံ ရဲ့ သူငယ်ချင်းတွေအနေနဲ့ သတိထားနိုင်အောင် ဖော်ပြလိုက်ရပါတယ်နော်…။ တခြားသူငယ်ချင်းတွေလဲ သိအောင် ဝေမျှပေးကြပါစို့နော်။ 😍😍😍 #တွေးပြီးမှယုံ"...
Read More
“NLD ပြည်သူ့အစိုးရ အာဏာသိမ်းခံရပါက အဓိကတရားခံများမှာ အစ္စလာမ်ဘာသာဝင်များ ဖြစ်ကြောင်း ဦးဝင်းထိန်ပြောပြီ” ဆိုတဲ့ ကောလာဟလ
July 21, 2018
ဒီနေ့ ဖော်ပြချင်တဲ့ သတင်းမှား တစ်ခုက တော့ “NLD ပြည်သူ့အစိုးရ အာဏာသိမ်းခံရပါက အဓိကတရားခံများမှာ အစ္စလာမ်ဘာသာဝင်များ ဖြစ်ကြောင်း ဦးဝင်းထိန်ပြောပြီ” ဆိုပြီး ကောလဟာလ ဖြန့်နေကြတာပါ။ 😒😒
“NLD ပြည်သူ့အစိုးရ အာဏာသိမ်းခံရပါက အဓိကတရားခံများမှာ အစ္စလာမ်ဘာသာဝင်များ ဖြစ်ကြောင်း ဦးဝင်းထိန်ပြောပြီ” ဆိုတဲ့ ကောလာဟလ
တွေးပြီးမှယုံ ရဲ့ သူငယ်ချင်းတို့ရေ ... ဒီနေ့ ဖော်ပြချင်တဲ့ သတင်းမှား တစ်ခုက တော့ “NLD ပြည်သူ့အစိုးရ အာဏာသိမ်းခံရပါက အဓိကတရားခံများမှာ အစ္စလာမ်ဘာသာဝင်များ ဖြစ်ကြောင်း ဦးဝင်းထိန်ပြောပြီ” ဆိုပြီး ကောလဟာလ ဖြန့်နေကြတာပါ။ 😒😒 ဒီသတင်းနဲ့ ပက်သက်လို့ Friday Times News Journal ကလည်း “အာဏာသိမ်းလျှင် အဓိကတရားခံမှာ အစ္စလာမ်ဘာသာဝင်များဖြစ်ကြောင်း ဦးဝင်းထိန်မပြောဟု ပါတီပြောခွင့်ရကဆို” ဆိုတဲ့ သတင်းခေါင်းစဉ်နဲ့ ပြန်ပြီး ဖြေရှင်းထားတဲ့ သတင်းကိုတွေ့ရမှာပါ။ သတင်းတစ်ခုက Hot ဖြစ်တဲ့ခါ အဲ့ဒီသတင်းနဲ့ စပ်ဆက်တဲ့ သတင်းအမှား/အတု တွေဟာလည်း အလျင်အမြန်ပဲ ထွက်လာပြီး သတင်းဖတ်တဲ့သူတွေကို လှည့်စားပြီး စိတ်ဝင်စားမှု များအောင် လုပ်နေကြတာ တွေပါ။ တွေးပြီးမှယုံ ရဲ့ သူငယ်ချင်းတွေအနေနဲ့ သတင်းတွေကို တွေ့တာနဲ့ ချက်ချင်းမယုံလိုက်ပဲနဲ့ သေချာပေါက် ဆန်းစစ်ကြပါနော်။😎😎😎 ပြီးပြည့်စုံတဲ့ Week End လေး ဖြစ်ပါစေ….။...
Read More
Excellence News Agency ကတင်ထားသည့် ရန်ကုန်တိုင်းအစိုးရနှင့် ပတ်သက်သည့် သတင်းတု
July 20, 2018
“သူငယ်ချင်းတို့ရေ…… မနေ့က (19.7.18) Excellence News Agency ကတင်လိုက်တဲ့ “အရင်အစိုးရကြောင့် ဓာတ်ကြိုးများပြတ်ကျခြင်းဖြစ်၍ ရန်ကုန်အစိုးရတာဝန်မရှိ တာဝန်မယူဟု ဦးဖြိုးမင်းသိန်းပြော” ဆိုတဲ့ သတင်းခေါင်းစဉ်နဲ့ သတင်းလေးကို ဖတ်မိပြီးကြပြီလား။ ဦးဖြိုးမင်းသိန်းဟာ BBC သတင်းဌာန နဲ့ အမှန်တကယ်ပဲ အင်တာဗျူးဖြေခဲ့ပြီး သူပြောခဲ့တဲ့ အကြောင်းအရာကိုလဲ Excellence News Agency ရဲ့ သတင်းထဲမှာ ထည့်ရေးထားတာကြောင့် ရုတ်တရက်ကြည့်လိုက်ရင် ဒီသတင်းဟာ အမှန်လို့ပဲ အလွယ်ယုံသွားကြမှာပါ။ တကယ်တော့ ဒီသတင်းဟာ သတင်းတုပါ။ ဦးဖြိုးမင်းသိန်းမပြောခဲ့တဲ့ စကားတွေကို ပြောသလိုနဲ့ ထည့်ရေးထားတာကိုလဲ တွေ့ရမှာပါတယ်။သတင်းအစစ်ကိုသုံးပြီး အချက်အလက်အများတွေကိုထည့်ရေးထားတယ့် သတင်းတုပါ။ ဒီသတင်းတုထဲမှာဆိုရင် ‘‘အခု လတ်တလောမှာ တော့ အနှစ် ၅၀ ဖြစ်ခဲ့တဲ့ အရည် အသွေးမပြည့်မီမှုတွေ၊ အစိုးရရဲ့ စီမံကိန်းတွေမှာ […]
"သူငယ်ချင်းတို့ရေ…… မနေ့က (19.7.18) Excellence News Agency ကတင်လိုက်တဲ့ “အရင်အစိုးရကြောင့် ဓာတ်ကြိုးများပြတ်ကျခြင်းဖြစ်၍ ရန်ကုန်အစိုးရတာဝန်မရှိ တာဝန်မယူဟု ဦးဖြိုးမင်းသိန်းပြော” ဆိုတဲ့ သတင်းခေါင်းစဉ်နဲ့ သတင်းလေးကို ဖတ်မိပြီးကြပြီလား။ ဦးဖြိုးမင်းသိန်းဟာ BBC သတင်းဌာန နဲ့ အမှန်တကယ်ပဲ အင်တာဗျူးဖြေခဲ့ပြီး သူပြောခဲ့တဲ့ အကြောင်းအရာကိုလဲ Excellence News Agency ရဲ့ သတင်းထဲမှာ ထည့်ရေးထားတာကြောင့် ရုတ်တရက်ကြည့်လိုက်ရင် ဒီသတင်းဟာ အမှန်လို့ပဲ အလွယ်ယုံသွားကြမှာပါ။ တကယ်တော့ ဒီသတင်းဟာ သတင်းတုပါ။ ဦးဖြိုးမင်းသိန်းမပြောခဲ့တဲ့ စကားတွေကို ပြောသလိုနဲ့ ထည့်ရေးထားတာကိုလဲ တွေ့ရမှာပါတယ်။သတင်းအစစ်ကိုသုံးပြီး အချက်အလက်အများတွေကိုထည့်ရေးထားတယ့် သတင်းတုပါ။ ဒီသတင်းတုထဲမှာဆိုရင် ‘‘အခု လတ်တလောမှာ တော့ အနှစ် ၅၀ ဖြစ်ခဲ့တဲ့ အရည် အသွေးမပြည့်မီမှုတွေ၊ အစိုးရရဲ့ စီမံကိန်းတွေမှာ အရည်အသွေး ပြည့်မီတဲ့ ပစ္စည်းတွေ မသုံးစွဲခဲ့မှု ...
Read More
ငပိတွင် လူသားများရောနှောသည်ဆိုသည့်ကောလာဟလ
July 17, 2018
ဒီတခေါက်ကတော့ တွေးပြီးမှယုံ ရဲ့ Message box ကနေ သတင်းမှန် မမှန် လာမေးတဲ့ သူငယ်ချင်းတွေ အတွက် သတင်းအတု ဖြစ်ကြောင်း ပြန်ပြီး ဖော်ပြပေးလိုက်ပါတယ်နော်။
ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ငပိတွင် လူသားများရောနှောသော ဟသာၤတံဆိပ် ငပိလုပ်ငန်းပိုင်ရှင် အရေးယူခံရ ဆိုတဲ့သတင်းနဲ့ ပတ်သတ်ပြီး တော်တော်များများ ပြန်လည်ကူးယူဖော်ပြနေကြတာ သူငယ်ချင်းတို့လည်း တွေ့မိလိမ့်မယ်လို့ ထင်ပါတယ်။ ဒီသတင်းနဲ့ ပတ်သတ်ပြီး Maung Ne Lynn Aung အကောင့်ကနေ ဒီသတင်းနဲ့ …..
သူငယ်ချင်းတို့ရေ..... ဒီတခေါက်ကတော့ တွေးပြီးမှယုံ ရဲ့ Message box ကနေ သတင်းမှန် မမှန် လာမေးတဲ့ သူငယ်ချင်းတွေ အတွက် သတင်းအတု ဖြစ်ကြောင်း ပြန်ပြီး ဖော်ပြပေးလိုက်ပါတယ်နော်။ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ငပိတွင် လူသားများရောနှောသော ဟသာၤတံဆိပ် ငပိလုပ်ငန်းပိုင်ရှင် အရေးယူခံရ ဆိုတဲ့သတင်းနဲ့ ပတ်သတ်ပြီး တော်တော်များများ ပြန်လည်ကူးယူဖော်ပြနေကြတာ သူငယ်ချင်းတို့လည်း တွေ့မိလိမ့်မယ်လို့ ထင်ပါတယ်။ ဒီသတင်းနဲ့ ပတ်သတ်ပြီး Maung Ne Lynn Aung အကောင့်ကနေ ဒီသတင်းနဲ့ ပတ်သတ်ပြီး ပြန်လည်တုန့်ပြန်ရှင်းပြထားတာကို ပြန်လည်ကူးယူဖော်ပြပေးလိုက်ပါတယ်။ Chat box ကနေ သတင်းလာမေးတဲ့ သူငယ်ချင်းလေးကော ကျေးဇူးပါနော်။ နောက်လည်း သူငယ်ချင်း တို့ အနေနဲ့ လာမေးနိုင်ပါတယ်နော်။ #တွေးပြီးမှယုံ ...
Read More
“NLD ပါတီကို ကြားဖြတ်ရွေးကောက်ပွဲမှာ မဲမပေးကြဖို့ တိုက်တွန်းလိုက်သည်” ဆိုတဲ့ ကရင်နီလူငယ်များနဲ့ ပက်သက်တဲ့ သတင်းတု
July 11, 2018
Excellent News Agency ကနေ တင်ထားတဲ့ ပြည်သူ့ဆန္ဒအလေးမထားတဲ့ NLD ပါတီကို ကြားဖြတ်ရွေးကောက်ပွဲမှာ မဲမပေးကြဖို့ ကရင်နီ လူငယ်များတိုက်တွန်းတယ်ဆိုတဲ့ သတင်းဟာ အွန်လိုင်းမှာ တော်တော်ပြန့်ခဲ့ပါတယ်။ တကယ်တော့ ဒီသတင်းဟာ သတင်းအမှားပါ။ တွေးပြီးမှယုံရဲ့ စစ်ဆေးမှုအရ
“NLD ပါတီကို ကြားဖြတ်ရွေးကောက်ပွဲမှာ မဲမပေးကြဖို့ တိုက်တွန်းလိုက်သည်” ဆိုတဲ့ ကရင်နီလူငယ်များနဲ့ ပက်သက်တဲ့ သတင်းတု
"Fake_news_alert" Excellent News Agency ကနေ တင်ထားတဲ့ ပြည်သူ့ဆန္ဒအလေးမထားတဲ့ NLD ပါတီကို ကြားဖြတ်ရွေးကောက်ပွဲမှာ မဲမပေးကြဖို့ ကရင်နီ လူငယ်များတိုက်တွန်းတယ်ဆိုတဲ့ သတင်းဟာ အွန်လိုင်းမှာ တော်တော်ပြန့်ခဲ့ပါတယ်။ တကယ်တော့ ဒီသတင်းဟာ သတင်းအမှားပါ။ တွေးပြီးမှယုံရဲ့ စစ်ဆေးမှုအရ • တိကျခိုင်မာတဲ့ သတင်းမီဒီယာဌာနများမှာ မဲ မပေးဖို့ ပြောဆိုထားကြောင်းကို ဖော်ပြထားခြင်းမရှိတာကို တွေ့ရပါတယ်။ • တွေးပြီးမှယုံရဲ့ ဒေသခံများမှတဆင့် ဆက်သွယ်အတည်ပြုချက်အရ ဒီသတင်းဟာ သတင်းမှားဖြစ်ကြောင်းနဲ့ ကရင်နီခေါင်းဆောင်လူငယ်များက ဒီသတင်းမှားမှာ ဖော်ပြထားသလို ပြောဆိုထားခြင်းမရှိကြောင်း တွေ့ရှိရပါတယ်။ သတင်းမှန်ဖြစ်တဲ့ ကယား(ကရင်နီ)ပြည်နယ်တွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထု တည်ဆောက်မှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံမှုအပြီး ကရင်နီပြည် လူငယ်ထုရဲ့ သတင်းထုတ်ပြန်ချက်ကို လည်း အောက်ပါပုံမှာ ပြထားပါတယ်။ ...
Read More
မယ်ဆိုင်ဂူထဲမှာ ပိတ်မိနေတဲ့ လူငယ်တွေနဲ့ ပတ်သက်တဲ့ သတင်းတု
July 9, 2018
သူငယ်ချင်းတို့ရေ…. မယ်ဆိုင်ဂူထဲမှာ ပိတ်မိနေတဲ့ လူငယ်တွေကို ကယ်ထုတ်လာတဲ့ ဗွီယိုဖိုင်ကို တော်တော် လေးဖြန့်ဝေကြတာ သူငယ်ချင်းတို့လည်း သိပြီးဖြစ်မှာပါ။ ဒါနဲ့ ပတ်သတ်ပြီး Yan Aung ဆို့တဲ့ အကောင့်က တင်ထားတာကို သူငယ်ချင်းတို့ သိရအောင် ပြန်လည်ကူးယူဖော်ပြပေးလိုက်ပါတယ်။ မယ်ဆိုင်ဂူထဲက လူငယ်တွေကို ကယ်ထုတ်လာပုံဆိုပြီး ဖြန့်ဝေနေကြသူများ သိနိုင်ရန်အတွက်ပါ။ Facebook သုံးရင် ချင့်ချိန်သုံးတတ်ဖို့လိုပါတယ်။ တကယ်တော့ ဒီပုံက ၂၀၁၀ ခုနှစ် ဇွန်လ(၂၀) ရက်နေ့က Youtube မှာ Daniel Penez က တင်ထားခဲ့တဲ့ မှတ်တမ်းဗွီဒီယိုထဲက မြင်ကွင်းပါ။ သူငယ်ချင်းတို့ youtube မှာ တင်ထားတဲ့ မူရင်းဖိုင်ကိုကြည့်လို့လည်းရပါတယ်။ #Credit to Yan Aung
သူငယ်ချင်းတို့ရေ…. မယ်ဆိုင်ဂူထဲမှာ ပိတ်မိနေတဲ့ လူငယ်တွေကို ကယ်ထုတ်လာတဲ့ ဗွီယိုဖိုင်ကို တော်တော် လေးဖြန့်ဝေကြတာ သူငယ်ချင်းတို့လည်း သိပြီးဖြစ်မှာပါ။ ဒါနဲ့ ပတ်သတ်ပြီး Yan Aung ဆို့တဲ့ အကောင့်က တင်ထားတာကို သူငယ်ချင်းတို့ သိရအောင် ပြန်လည်ကူးယူဖော်ပြပေးလိုက်ပါတယ်။ မယ်ဆိုင်ဂူထဲက လူငယ်တွေကို ကယ်ထုတ်လာပုံဆိုပြီး ဖြန့်ဝေနေကြသူများ သိနိုင်ရန်အတွက်ပါ။ Facebook သုံးရင် ချင့်ချိန်သုံးတတ်ဖို့လိုပါတယ်။ တကယ်တော့ ဒီပုံက ၂၀၁၀ ခုနှစ် ဇွန်လ(၂၀) ရက်နေ့က Youtube မှာ Daniel Penez က တင်ထားခဲ့တဲ့ မှတ်တမ်းဗွီဒီယိုထဲက မြင်ကွင်းပါ။ သူငယ်ချင်းတို့ youtube မှာ တင်ထားတဲ့ မူရင်းဖိုင်ကိုကြည့်လို့လည်းရပါတယ်။ #Credit to Yan Aung
Read More
ကယားပြည်နယ်ဗိုလ်ချုပ်ကြေးရုပ်နဲ့ပတ်သက်ပြီး NLD ပါတီကြေညာချက်အတုထွက်ပေါ်
July 5, 2018
သတင်းတုရေးသားနေတယ့်သူတွေဟာ လူမှုကွန်ယက်မှာ ဖြစ်ပွားနေတယ့်အခြေအနေကိုကြည့်ပီး သတင်းတုရေးသားလေ့ရှိတာကိုတွေးပြီးမှယုံ ကနေပြောပြဖူးပါတယ်။ အခုလည်း ကယားပြည်နယ်တွင် ဗိုလ်ချုပ်ရုပ်ထု ထားရှိမည့်ကိစ္စနဲ့ ပက်သတ်ပြီး ဒေသခံတိုင်းရင်းသားများ နှင့် အစိုးရအကြားသဘောထားကွဲလွဲပီး ဝေဖန်မှုအမျိုးမျိုးမြင့်တက်နေသည့်အချိန်လည်းဖြစ်နေပါတယ်။
"သူငယ်ချင်းတို့ရေ-------- သတင်းတုရေးသားနေတယ့်သူတွေဟာ လူမှုကွန်ယက်မှာ ဖြစ်ပွားနေတယ့်အခြေအနေကိုကြည့်ပီး သတင်းတုရေးသားလေ့ရှိတာကိုတွေးပြီးမှယုံ ကနေပြောပြဖူးပါတယ်။ အခုလည်း ကယားပြည်နယ်တွင် ဗိုလ်ချုပ်ရုပ်ထု ထားရှိမည့်ကိစ္စနဲ့ ပက်သတ်ပြီး ဒေသခံတိုင်းရင်းသားများ နှင့် အစိုးရအကြားသဘောထားကွဲလွဲပီး ဝေဖန်မှုအမျိုးမျိုးမြင့်တက်နေသည့်အချိန်လည်းဖြစ်နေပါတယ်။ အဲ့ဒီအခြေအနေကိုအခွင့်ကောင်းယူပီး သတင်းတုရေးသားနေတဲ့သူတွေက ဗိုလ်ချုပ်ရုပ်ထု စိုက်တဲ့ ပြဿနာ နဲ့ ပက်သက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကစီစဉ်ခဲ့ပြီး အကန့်အသတ်မရှိ ရွေ့ဆိုင်းကြောင်း ကြေငြာချက် တစ်ခု ကိုရေးသားဖြန့်ဝေခဲ့ကြပါတယ်။တကယ်တော့ ဒီကြေညာချက်အတုဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ တရားဝင် Page မှာလဲ တင်ထားခြင်း မရှိသလို ဒီနေ့ထုတ်တဲ့ 7 day သတင်းစာမှာပါတဲ့ သတင်းမှာလဲ သမ္မတရုံးနှင့် ဒီချုပ်က ညွှန်ကြားထားခြင်း မရှိလို့ ရေးသားထားတာကို တွေ့ရပါတယ်။ သူငယ...
Read More