Author Posts

“မြောက်ဥက္ကလာပုံရိပ်အဖြစ် ပြန့်နှံ့နေတဲ့ သတင်းဓါတ်ပုံအတု”

March 10, 2021

ဒီကနေ့ ၁၀.၃.၂၁ ရက်အထိ ဆိုရင် မြန်မာနိုင်ငံကို စစ်အာဏာသိမ်းတာ ၃၈ ရက်ရှိနေပြီပဲဖြစ်ပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲ သပိတ်တွေကို မြန်မာနိုင်ငံအနှံ့မှာ ပြုလုပ်လျက်ရှိနေပြီး ဒီကနေ့မှာ မြောက်ဥက္ကလာ ကန်သာယာပန်းခြံမှာ စစ်တပ်ရဲ့ ဖြိုခွင်းမှုကြောင့် ဖမ်းဆီးခံရသူ ၁ ရာကျော်ရှိနေပြီး အခြေအနေတွေ တင်းမာလျက်ရှိပါတယ်။ ဒီလိုအချိန်မှာ 2015 ကျောင်းသားသပိတ် ဖြိုခွင်းခံရတဲ့ ပုံဟောင်းတွေကို အသုံးပြုပြီး မြောက်ဥက္ကလာပုံရိပ်အဖြစ် ပြန်လည် ပြန့်နှံ့နေတဲ့ သတင်းဓါတ်ပုံတွေကိုလည်း တွေ့ရပါတယ်။ သတင်းတုတွေကို ဒီနေရာမှာ ဝင်ကြည့်နိုင်ပါတယ်။ အခုလို အခြေအနေမှာ ပြည်သူတွေဟာ ဖမ်းဆီးခံ ကျောင်းသားပြည်သူတွေအတွက် စိတ်ပူနေကြတာဖြစ်ပြီး စိုးရိမ်တကြီးနဲ့ သတင်းတွေကို ပြန်လည်မျှဝေနေကြတဲ့ အချိန်လဲ ဖြစ်ပါတယ်။ 2015 လက်ပံတန်း ကျောင်းသားသပိတ် ဖြိုခွင်းခံရတဲ့ သတင်းဓါတ်ပုံတွေကိုတော့ ဒီနေရာမှာ […]

UN အထူးသံတမန် မြန်မာနိုင်ငံ လေဆိပ်ဆိုက်ရောက်ခြင်းမှာ မမှန်ကန်

February 7, 2021

မြန်မာစစ်တပ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း ၆ ရက်နေ့နဲ့ ၇ ရက်နေ့ကို အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားခဲ့ပါတယ်။ ဒီကနေ့ ၇ ရက်နေ့ ညနေပိုင်းမှာ အင်တာနက် ပြန်လည်သုံးစွဲလို့ရခဲ့ပါတယ်။ ဒီလို အင်တာနက်ပြန်ဖွင့်ပေးတာက ကုလသမဂ္ဂ UN အထူးသံတမန် မြန်မာနိုင်ငံလေဆိပ်ရောက်ရှိနေတာ ဖြစ်လို့ ဆိုတဲ့ သတင်းတွေကလဲ Facebook အပြင် Messenger, SMS တွေထိ ပြန့်နှံ့နေပါတယ်။ ဒီသတင်းဟာ အမှားဖြစ်တဲ့အကြောင်းကို ထိုင်းနိုင်ငံအခြေစိုက် ​လူမှုအဖွဲ့အစည်း တစ်ခုဖြစ်တဲ့ ရှေ့ပြေးအသံအဖွဲ့က အတည်ပြုထားခဲ့ပါတယ်။ ဒီကာလက သတင်းတု/မှားတွေကို ရည်ရွယ်ချက်ရှိရှိ ဖြစ်စေ မရည်ရွယ်ပဲနဲ့ ဖြစ်စေ ပြန့်နှံ့လွယ်တာကို သတိထားပြီး အတည်ပြုပြီး သေချာတဲ့ သတင်းတွေကိုပဲ ပြန်လည်မျှဝေကြဖို့ တိုက်တွန်းလိုက်ပါတယ်။

မဲမသမာမှုတွေ အရင်ဖြေရှင်းပြီးမှ အစိုးရဖွဲ့ဖို့ ဦးဝင်းထိန်ဖြေကြားခဲ့သလား ?

January 20, 2021

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ NLD ကပဲ အစိုးရဖွဲ့နိုင်တဲ့ ပမာဏနဲ့ ပြန်လည်အနိုင်ရရှိခဲ့ပါတယ်။ ဒီလို အစိုးရဖွဲ့ဖို့ မဲပမာဏရလာတာနဲ့ အမျှ အစိုးရဖွဲ့ဖို့ အတွက်လည်း ပြင်ဆင်ရတော့ပါမယ်။ ဒီလိုအခြေအနေမှာ အသစ်ဖွဲ့စည်းမဲ့ အစိုးရနဲ့ ပတ်သက်လို့သတင်းတွေကလည်း မျိုးစုံပေါ်နေပါတယ်။ အခုမှာဆိုရင်လည်း “မဲမသမာမှုတွေ အရင်ရှင်းပြီးမှ အစိုးရဖွဲ့ဖို့ ဦးဝင်းထိန်ပြောကြား” ဆိုတဲ့ သတင်းစာဖြတ်ပိုင်းပုံကို Nay Thurain  နာမည်နဲ့  ဖေ့ဘွတ်အကောင့်ကနေဇန်နဝါရီ ၁၉ရက်နေ့၊ နေ့လည် ၂နာရီအကျော်တွင်ပဲတင်ထားခဲ့ပါတယ်။ ဒီသတင်းကို  ဒီနေရာမှာ ဖြန့်ဝေထားပါတယ်။ ဒီသတင်းစာဖြတ်ပိုင်းပုံ သတင်းနဲ့ ပတ်သက်လို့ တွေးပြီးမှ ယုံကနေ အောက်က အချက်အလက်တွေ အရ လုပ်ကြံဖန်တီးထားတဲ့ သတင်းအမှားဆိုတာကို အတည်ပြုနိုင်ခဲ့ပါတယ်။ ဒီသတင်းနဲ့ ပတ်သက်လို့ တရားဝင်မီဒီယာတွေမှာ ဖော်ပြထားခြင်းမရှိပါဘူး။ NLD ပါတီရဲ့ ဗဟိုပြန်ကြားရေးကော်မတီဝင် […]

ကိုဗစ်မျိုးစိတ်ကွဲ ဧရာဝတီစင်တာမှာ စတင်တွေ့ရှိ ဆိုတဲ့ သတင်းအမှား

January 10, 2021

ကိုဗစ်-၁၉ နဲ့ ပတ်သက်လို့ သတင်းအမှားတွေ၊ သတင်းအတုတွေကတော့ ပုံစံမျိုးစုံထွက်ပေါ်လေ့ရှိပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကလည်း ကမ္ဘာနဲ့ တလွှားတွေ့ရှိတာတွေမှာ မျိုးစိတ်တွေ အမြဲပြောင်းလဲနေတော့ သတင်းတုတွေ ထွက်ပေါ်လာဖို့ တွန်းအားပေးရာ ရောက်နေပါတယ်။ အခုဆိုရင်လည်း ကိုဗစ်-၁၉ မျိုးစိတ်အသစ်ကို ဧရာဝတီစင်တာမှာ စတင်တွေ့ရှိနေရပြီ ဆိုပြီး သတင်းတွေ လူမှု့ကွန်ယက်မီဒီယာမှာ ပျံ့နှံ့နေပါတယ်။ ဒီသတင်း အမှားတွေကိုတော့ ဒီနေရာ နဲ့ ဒီနေရာ မှာ ဖြန့်ဝေနေတာဖြစ်ပါတယ်။ ဒီသတင်းနဲ့ ပတ်သက်လို့ တွေးပြီးမှယုံကနေ အချက်အလက်စစ်ဆေးခဲ့ရာမှာတော့ အောက်ပါအချက်အလက်တွေအရ သတင်းအမှားဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးတစ်ဦးဖြစ်သူ ဒေါက်တာခင်ခင်ကြီး ရဲ့ Facebook Account မှ လည်း ဒီသတင်းဟာ သတင်းမှား ဖြစ်တယ်လို့ အခုလို ဖြေရှင်းထားပါတယ်။        […]

UEC အဖွဲ့ဝင်ငါးဦး ထွက်ပြေးဖို့ကြံနေပြီး နိုင်ငံတကာက အကြံပေးပုဂ္ဂိုလ်တွေလည်း ထွက်ပြေးနေကြပြီဆိုတာတကယ်လား? တပ်မတော်က အိမ်စောင့်အစိုးရဖွဲ့နေပြီဆိုတာကော?

December 10, 2020

ဒီသတင်းကို ဒီဇင်ဘာ ၈ရက်နေ့က မင်းကိုကိုဦး အမည်နဲ့ Facebook အကောင့်တစ်ခုကနေ တင်ခဲ့တာဖြစ်ပါတယ်။ သတင်းတုထဲမှာဆိုရင် “UEC အဖွဲ့ထဲက (၅)ဦးပြေးဖို့ကြံစည်နေကြတယ်။ အကြံပေးဆိုတဲ့ ပုဂ္ဂိုလ်တွေကလည်း အတော်များများပြန်ပြေးနေကြပြီ။………

ထိုင်းဘုရင်မွေးနေ့အထိမ်းအမှတ်အဖြစ် လွတ်ငြိမ်းချမ်းသာခွင့်နှင့် ဝင်းနဲ့ဇော်အမှု

December 7, 2020

အခုလက်ရှိမှာတော့ ထိုင်းဘုရင့်မွေးနေ့ အထိမ်အမှတ်အဖြစ် အဆိုပါ လိပ်ကျွန်းလူသတ်မှု ဖြစ်စဉ်အတွက် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပတ်သက်လို့ ထင်ကြေးတွေ အမျိုးမျိုး ရှိနေခဲ့ပါတယ်။

အမှားပြင်ဆင်ချက်နှင့် အသိပေးတောင်းပန်ခြင်း

December 7, 2020

တွေးပြီးမှယုံမှ December 7 ရက်နေ့ မနက်ပိုင်းတွင် Myanmar Platform ပေ့ချ်၏ “ထိုင်းဘုရင်မွေးနေ့ ဝင်းနှင့်ဇော်ကို တစ်သက်တစ်ကျွန်းမှ ထောင်ဒဏ် နှစ် ၅၀ အဖြစ် ပြောင်းလဲ သတ်မှတ်လိုက်ခြင်း” ဆိုသည့် သတင်းအား သတင်းတုအဖြစ် တင်ခဲ့ပါသည်။ ထိုသတင်းမှာ အချက်အလက်စစ်ဆေးရာတွင် စစ်ဆေးမှု လိုအပ်ချက်များနှင့် အငြင်းပွားစရာများ ဖြစ်ပေါ်ခဲ့သောကြောင့် ပြန်လည် စစ်စိနေကြောင်း အသိပေးအပ်ပါသည်။ ထို သတင်းတု တုန့်ပြန်မှုအတွက် ထောက်ပြဝေဖန်ခဲ့သော တွေးပြီးမှယုံ၏ စာဖတ်ပရိသတ်များကိုလဲ များစွာကျေးဇူးတင်ရှိပါသည်။ MyanmaPlatform page မှ သတင်းအား ထိုသို့ မှားယွင်းစွာ ဖော်ပြခဲ့မှုအတွက်လဲ MyanmaPlatform မှ တာဝန်ရှိသူများနှင့် သတင်းဌာနကို တွေးပြီးမှယုံမှ အနူးအညွှတ်တောင်းပန်အပ်ပါသည်။ တွေးပြီးမှယုံမှ ထိုသို့မှားယွင်းမှုများ ထပ်မံမဖြစ်ပွားရန် အတွက် နောင်တွင် […]

NLD ကို အနိုင်ရစေချင်လို့ မဲမသမာမှုတွေ လုပ်ခဲ့တယ်လို့ ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဦးမြင့်နိုင်က ဝန်ခံပြောကြားခဲ့တယ်ဆိုတာ တကယ်လား ?

December 4, 2020

ရွေးကောက်ပွဲအပြီး ရွေးကောက်ပွဲရလာဒ်နဲ့ ပတ်သက်လို့ သတင်းတုတွေကတော့ မကြာခဏအလိုလိုကို ပြန့်နှံ့လာနေပါတယ်နော်။ အခုဆိုရင်လည်း ဒီဇင်ဘာ၊ ၁ရက်နေ့မှာ ရဲဇာနည်ဆိုတဲ့ အကောင့်တုတစ်ခုကနေ ယခုသတင်းတုကို ဖြန့်ဝေထားခဲ့ပြီးတော့ ပြန်လည်မျှဝေသူပေါင်း ၄၂၇ ဦးရှိခဲ့သည်။ သတင်းတုထဲမှာဆိုရင် “ရွေးကောက်ပွဲတွင် NLD ကို သောင်ပြိုကမ်းပြို နိုင်စေလိုတာကြောင့် လူတစ်ဦးကို မဲနှစ်မဲပေးခိုင်းခြင်း၊ အသက်မပြည့်သေးသူတွေကို မဲပေးခိုင်းခြင်း၊ NLD ပါတီကို ပေးတဲ့မဲက ပယ်မယ်ဖြစ်နေပေမဲ့ မပယ်ခဲ့ပဲ ခိုင်လုံမယ် သတ်မှတ်ခဲ့ခြင်းနဲ့ စတဲ့ မဲသမမာတာတွေကို လုပ်ခဲ့ကြောင်း UEC တွင်း/မှူးက ဝန်ခံပြောကြားပေမဲ့ တပ်မတော်က မြို့နယ်ပေါင်း(၂၁၈) မြို့နယ်က တပ်ပြင်မဲရုံက မဲစာရင်းစာတမ်းတွေကို စစ်ဆေးဖို့ တောင်းတာကိုတော့ ကိုယ်သေတွင်းကိုယ်တူးသလို ဖြစ်တာကြောင့် ခွင့်ပြုမှာမဟုတ် လို့ ပြောကြားလိုက်ပါတယ်” လို့ဖော်ပြထားပါတယ်။ ဒီသတင်းတုကို ဒီနေရာမှာ ဖြန့်ဝေနေတာပဲ […]

ပုံစံတမျိုး ပြောင်းပြီး လိမ်လည်လာတဲ့ အလှူအတန်း အတုများ

December 2, 2020

ကိုဗစ်ကာလမှာ ခက်ခဲလာတဲ့ ပြည်သူတွေကို အသုံးချပြီး မြန်မာနိုင်ငံရဲ့ လူသုံးအများဆုံး ဆိုရှယ်မီဒီယာတစ်ခု ဖြစ်တဲ့ ဖေ့ဘွတ်ခ်မှာ နည်းအမျိုးမျိုးနဲ့ လိမ်လည်အမြတ်ထုတ်နေတာကို တွေ့နေရပါတယ်။ အရင်ဆုံး သတိထားမိတဲ့ အခြေအနေကတော့ “အလှူအတန်းလုပ်ပါမယ်။ ပိုစ့်ကို Share, Like & Follow လုပ်ပေးပါ။ Group Member ဝင်မှ ရပါမယ်။ ဖုန်းနံပါတ်တွေ မန့် (comment) ပေးပါ” ဆိုပြီး ဖေ့ဘုတ်သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို တောင်းယူတဲ့အပြင် သတင်းအတု ပြုလုပ်သူတွေရဲ့ Group Member ဝင်တွေ များလာ‌အောင် ပြုလုပ်တဲ့ နည်းလမ်းတစ်ခုပါ။ ဒီအကြောင်းကိုတော့ တွေးပြီးမှယုံက “အကောင့်တု အသုံးပြုပြီး သတင်းတုဖြန့် ကိုယ်ကျိုးရှာတဲ့ Group အကြောင်း” တွေနဲ့ တင်ဆက်ထားပြီး ဖြစ်ပါတယ်။ ဒီပုံစံမှာဆိုရင် မြန်မာနိုင်ငံထဲက […]

ကျောက်မဲမှာ နောက်ထပ် ထွေအုပ်တစ်ဦး သေနတ်နဲ့ ပစ်ခံရတယ် ဆိုတဲ့ သတင်းတု

November 23, 2020

နိုဝင်ဘာလ ၂၁ ရက်နေ့မှာ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲခရိုင် အမှတ်(၁) ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်နေရာမှာ အနိုင်ရခဲ့တဲ့ NLD အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထိုက်ဇော်သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။
ဒီသတင်းနဲ့ မရှေ့မနှောင်းပဲ “ကျောက်မဲတွင် နောက်ထပ်ထွေအုပ်တစ်ဦး သေနတ်ဖြင့် 22.11.2020 ည 6:00 နာရီ ပစ်ခတ်ခံရ” ဆိုတဲ့ သတင်းတု ပြန့်နှံ့လာပါတယ်။