တွေးပြီးမှယုံ မြန်မာ့ ရှေးဟောင်းယဥ်ကျေးမှုနယ်မြေဖြစ်တဲ့ ပုဂံမြို့၊ မဟာဓမ္မရာဇိကဘုရားနားမှာ ဗုံးကွဲလို့ ဘုရားအချို့ ပြိုကျပျက်ဆီးနိုင်တယ်ဆိုတဲ့ ဖြစ်စဥ်အမှန်ကို လိုသလို ချဲ့ကားရေးထားတဲ့ သတင်းတခုကို အမျိုးသားရေး လှုပ်ရှားသူတွေ၊ တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြပါတယ်။ ဒီသတင်းကို Phyoeko Lin ဆိုတဲ့ အကောင့်တခုကနေ စတင်ထားပြီး စာထဲမှာဆိုရင် “ပုဂံတွင် ဗုံးကွဲ၊ မန္တလေးတိုင်းဒေသကြီး ပုဂံရှိ မဟာဓမ္မရာဇကဘုရားအနီးတွင် လွန်ခဲ့သော တနာရီခန့်ကဗုံးကွဲခဲ့ပြီး ဗုံး၏ပြင်းအားကြောင့်ဘုရားအချို့ ပြိုကျပျက်ဆီးနိုင်ဟု ဒေသခံတဦးမှ ရေးသားဖော်ပြထား” ဆိုပြီး ညွှန်းထားပါတယ်။ ဒီသတင်းကိုပဲ ဗုဒ္ဓဘာသာကလျာနယုဝအသင်း – YMBA နာမည်ပြောင်း ဗုဒ္ဓဘာသာအမျိုးသားရေးစာမျက်နှာ လို အမျိုးသားရေး လှုပ်ရှားတဲ့ အဖွဲ့တွေကနေ ဆက်လက်ဖြန့်ဝေနေပြီး တော်လှန်ရေးအင်အားစုတွေကို ဗုဒ္ဓဘာသာအမွေအနှစ်တွေကို ဖျက်ဆီးနေသူတွေဆိုပြီး ပုံဖော် နှပ်ကြောင်းပေးထားတဲ့ သုံးသပ်ချက်တွေကိုလည်း ဆက်လက်ဖော်ပြနေကြပါတယ်။ တွေးပြီးမှယုံ […]
၂၀၁၇ နဲ့ ၂၀၁၈ ခုနှစ်တွေဆီက မန္တလေးမြို့တော်ဝန် သင်္ကြန်မဏ္ဍပ် နဲ့ ရန်ကုန်မြို့တော်ဝန်သင်္ကြန်မဏ္ဍပ်တွေက ပုံတွေသုံးပြီး ယခုနှစ် အာဏာသိမ်းစစ်တပ်က ကျင်းပပေးတဲ့ သင်္ကြန် စည်ကားနေသယောင် ဖြန့်ဝေထားတဲ့ သတင်း တခုပြန့်နှံ့နေပါတယ်။ ဒီသတင်းကို ဟစ်တိုင် – အွန်လိုင်းသတင်းဌာန နာမည်နဲ့ ဖေ့ဘွတ်ခ်ပေ့ချ် တခုကနေ ဖြန့်ဝေထားပြီး မန္တလေးမြို့တော်ဝန် သင်္ကြန်မဏ္ဍပ် စည်ကားသိုက်မြိုက်စွာကျင်းပ ဆိုပြီး ဖြန့်ဝေထားပြီး ပြန်လည်မျှဝေသူပေါင်း ၄၅၀ ရှိပါတယ်။ အလားတူ ပဲ ရန်ကုန်မြို့တော်ဝန်သင်္ကြန်မဏ္ဍပ်ဆိုပြီး ဖြန့်ဝေထားတဲ့ သတင်းမှာလည်း ပြန်လည်မျှဝေသူပေါင်း ၁၈၂၈ ဦးအထိ ရှိနေပါတယ်။ ဒီသတင်းဓါတ်ပုံတွေနဲ့ ပတ်သက်လို့ တွေးပြီးမှယုံကနေ ဓါတ်ပုံတွေ ထပ်တူပြုစစ်ဆေးတဲ့ Google Reverse Image အသုံးပြုပြီး စစ်ဆေးကြည့်ရာမှာတော့ ဓါတ်ပုံအဟောင်းတွေကို ပြန်သုံးပြီး သတင်းတု […]
ပြည်သူအများစု ပူးပေါင်းပါဝင်တာမရှိပဲ ခြောက်ကပ်နေတဲ့အာဏာသိမ်းစစ်တပ်ရဲ့ သင်္ကြန်ပွဲတွေ စည်ကားနေသယောင် ဖြန့်ဝေမှုတွေဟာ ဆက်တိုက် ပြန့်နှံ့လာနေပါတယ်။ အခုဆိုရင်လည်း Ny Lynn Oo နံမည်နဲ့ ဖေ့ဘွတ်ခ် အကောင့်တခုကနေ ပြီးတော့ (မနေ့) ၁၃ရက်နေ့ သင်္ကြန်အကြိုနေ့ ညပိုင်းမှာ သင်္ကြန်ဆိုတဲ့ ဗွီဒီယိုဖိုင် တခုကိုဖြန့်ဝေခဲ့ပါတယ်။ ဖြန့်ဝေမှုမှာဆိုရင် “ဒါမနက်ခင်းပွဲနော် ပန်ဆယ်လို တော့သွားမပြနဲ့ အစိတောင်လွန်ရင်သေတတ်တယ် ”(မူရင်းအရေးအသား) ဆိုပြီး ဖော်ပြထားပါတယ်။ ဒီသတင်းကို လိုက်ခ် ပြုလုပ်သူ ၄၂၀၀ကျော်နဲ့ ပြန်လည်မျှဝေသူပေါင်း ၁၁၄၁ယောက်ရှိနေပြီဖြစ်ပါတယ်။ သတင်းရဲ့Commentမှာလည်း ဝင်ရောက်မှတ်ချက်ပြုသူများက နေရာကိုမေးတဲ့အခါမှာ တိတိကျကျဖော်ပြထားတာမျိုးမရှိဘဲ Private Hotel တခုခုမှာဖြစ်ကြောင်း ပြန်လည်ရေးသားထားတာတွေ့ရပါတယ်။ ဒီသတင်းနဲ့ ပတ်သက်လို့ တွေးပြီးမှယုံကနေ အချက်အလက်စစ်ဆေးခဲ့ရာမှာတော့ အခုနှစ်က ဗွီဒီယိုဖိုင် မဟုတ်ဘဲ အရင်နှစ် ၂၀၁၉, ခုနှစ်တုန်းက […]
လတ်တလောကာလမှာ တိုက်ပွဲတွေ ပြင်းထန်လာနေတဲ့ မြဝတီ – ကော့ကရိတ်လမ်းကြော က အာရှလမ်းမကြီးပေါ်မှာ ကရင်အမျိုးသားအစည်းအရုံး – KNU နဲ့ အာဏာသိမ်း စစ်ကောင်စီကြားက တိုက်ပွဲတွေ ဖြစ်နေတာနဲ့ ပတ်သက်ပြီး ထိုင်းအစိုးရကနေ KNU ခေါင်းဆောင်တွေကို သတိပေးလိုက်တယ်ဆိုပြီး သတင်းတု တခုပြန့်နှံ့နေပါတယ်။ ဒီသတင်းကို လင်းနေ #PVN ဆိုတဲ့ ရင်းမြစ်တခုကို ကိုးကားပြီး အများအပြား ကူးယူဖော်ပြနေကြတာကို တွေ့ရပါတယ်။ သတင်းမှာဆိုရင် “KNU ဥက္ကဌနဲ့ ခေါင်းဆောင်တွေကို ထိုင်းအစိုးရက မဲဆောက်မြို့မှာ ခေါ်တွေ့ပြီး အာရှလမ်းက တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ရပ်တန့်ရန်နှင့် အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်သွားမည်ဖြစ်ကြောင်း၊ NCA လမ်းစဥ်အတိုင်း သွားရန် လိုအပ်ကြောင်း” စသဖြင့် ထိုင်းဘာသာ၊ မြန်မာဘာသာတွေနဲ့ ဖော်ပြထားပါတယ်။ ဒီသတင်းနဲ့ ပတ်သက်လို့ […]
နေစဥ်နဲ့အမျှ သတင်းတွေဟာ အွန်လိုင်းလူမှုကွန်ယက်တွေမှာ ပြန့်နှံ့စီးဆင်းနေပါတယ်။ အခုလို ကပ်ရောဂါတွေ၊ တိုက်ပွဲတွေက မြန်မာနိုင်ငံမှာတင်မကပဲ ကမ္ဘာတလွှားမှာပါ ကြုံတွေ့လာရတဲ့ ခေတ်ကျပ်ထဲမှာဆိုရင် ပိုလို့တောင် သတင်းအသစ်တွေ ထွက်ပေါ်နေပါသေးတယ်။ ဒီလိုအချိန်မှာ လူစိတ်ဝင်စားတဲ့ ဖြစ်စဥ်တွေ၊ ဖြစ်ရပ်တွေပေါ် မူတည်ပြီးတော့ ပြုပြင်ဖန်တီးထားတဲ့ သတင်းဓါတ်ပုံတွေ၊ လိုရာစွဲဖော်ပြနေတဲ့ ဗွီဒီယိုဖိုင်အဟောင်းတွေ၊ Live အဟောင်းတွေလိုမျိုး သတင်းအမှားတွေဟာ ဆိုးဆိုးရွားရွား ပြန့်နှံ့နေပါတယ်။ တချို့ သတင်းကြည့်ရှု့သူတွေမှာတော့ ဒီလို သတင်းတွေကို ကြည့်လိုက်တာနဲ့ သတင်းအဟောင်း၊ လုပ်ကြံသတင်းလို့ သိကြပေမဲ့ တချို့တွေမှာတော့ မဟုတ်ကြပါဘူး။ အခုတစ်ခါမှာတော့ “Videos Search” နာမည်နဲ့ ဖေ့ဘွတ်ခ် ပေ့ချ်တစ်ခုကနေ သတင်းတု၊ သတင်းမှားတွေ တော်တော်များများ ဖြန့်ဝေထားတာကို တွေ့ရပါတယ်။ ဒီပေ့ချ်ကို ၂၀၂၂၊ ဇန်နဝါရီ၊ ၁၅ က စဖွင့်ထားပြီး […]
ယူကရိန်းပြည်သူတွေဟာ ကျူးကျော်ဝင်ရောက်လာတဲ့ ရုရှား အစိုးရကို ဆန္ဒပြရင်း မြန်မာနိုင်ငံကိုလည်း ကူညီပေးဖို့ရာ လှုံ့ဆော်ခဲ့ကြတယ်ဆိုတဲ့ ဖန်တီးပြုပြင်ထားတဲ့ ပုံတွေဟာ ပြန့်နှံ့နေပါတယ်။ဒီပုံတွေကို ဒီနေ့(၂၈.၂.၂၀၂၂)မှာ Mother Su Fan ဆိုတဲ့ ပေ့ချ်ကနေ ဖြန့်ဝေလာတာ တွေ့ရပြီး ပြန်လည်မျှဝေသူပေါင်း ၄၅၆ ဦးအထိ ရှိနေပြီဖြစ်ပါတယ်။ ဒါအပြင့် ဒီပုံတွေကိုပဲ ထပ်ဆင့်ကူးယူဖော်ပြသူတွေလည်း အများအပြား ရှိနေပါတယ်။ ဖြန့်ဝေလာတဲ့ သတင်းဓါတ်ပုံတွေမှာဆိုရင် “Save Ukraine, Save Myanamr” “We pray again for Myanmar, which has supported Ukraine” စသဖြင့် စာသားတွေ ကိုင်ဆောင် ဆန္ဒပြနေတဲ့ ပုံတွေနဲ့အတူ မြန်မာ၊ ယူကရိန်း၊ အဂ်လိပ်လို ရေးသားထားတဲ့ စာညွှန်းတွေလည်း ပါဝင်ပါတယ်။ ဒီသတင်းဓါတ်ပုံတွေနဲ့ […]
ယူကရိန်းနိုင်ငံသမ္မတ ဗိုလိုဒီမာဇီလန်စကီး နဲ့ ရုရှားသမ္မ ဗလာဒီမာပူတင်တို့ ဘယ်လာရုဇ်နိုင်ငံမှာ တွေ့ဆုံဆွေးနွေးနေကြတယ်ဆိုတဲ့ ဗွီဒီယိုဖိုင်အဟောင်းတခုဟာ အခုပဲ ဖြစ်နေသယောင်ယောင်ပြန့်နှံ့နေပါတယ်။Nay Thway နာမည်နဲ့ ဖေ့ဘွတ်ခ်အကောင်တခုကနေ ဒီနေ့(၂၈.၂၂၀၂၂) ရက်စွဲနဲ့ ဖြန့်ဝေလာခဲ့ပြီး ကြည်ရှု့သူပေါင်း ၁၉၀၀၀ ကျော်နဲ့ ပြန်လည်ဖြန့်ဝေသူပေါင်း ၁၅၇၉ ဦးအထိ ရှိနေပါတယ်။ ဒီဗွီဒီယိုဖိုင်နဲ့ ပတ်သက်လို့ တွေးပြီးမှယုံကနေ အချက်အလက် စစ်ဆေးခဲ့ရာမှာတော့ ၂၀၁၉ ခုနှစ်က ဗွီဒီယိုဖိုင်ကို ပြန်လည်အသုံးပြုပြီး အခုပဲ ဖြစ်နေသယောင်ယောင် ဖန်းတီးထားတာကို တွေ့ခဲ့ရပါတယ်။ ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာ၊ ၉ ရက်နေ့က ပြင်သစ်၊ ဂျာမဏီ၊ ယူကရိန်းနဲ့ ရုရှားနိုင်ငံတို့ရဲ့ ထိပ်သီးခေါင်းဆောင်တွေဟာ ပြင်သစ်နိုင်ငံ၊ Elysee Palace မှာ တွေ့ဆုံခဲ့ကြတဲ့ ဗွီဒီယိုဖိုင်သာဖြစ်ပါတယ်။ ဒီလင့်ခ် တွင် ဖတ်ရှု့နိုင်ပါတယ်။ ယူကရိန်းနဲ့ […]
ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်က ယူကရိန်းကို အထူးစစ်ဆင်ရေး စတင်ပြီဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၄ရက်နေ့မှာပဲ ကြေညာလိုက်ပြီး တပြိုင်နက် ယူကရိန်းနိုင်ငံရဲ့ မြို့တော်တွေကို စတင်တိုက်ခိုက်ခဲ့ပါတယ်။ ဒီလိုတိုက်ခိုက်မှုတွေဖြစ်ပြီး ဒုတိယနေ့မှာတော့ ယူကရိန်းသမ္မတ ဇဲလန်စကီက စစ်ဝတ်စုံအပြည့်အစုံနဲ့ ရှေ့တန်းစစ်မြေပြင် ရောက်ပြီဖြစ်ကြောင်း ဒီနေ့ ဖေဖော်ဝါရီ ၊ ၂၅ မှာ လူမှုကွန်ရက်ပေါ်မှာ ပြန့်နှံ့လာပါတယ်။ ဒီသတင်းကို Nay Thway နာမည်နဲ့ အကောင့်ပိုင်ရှင်က တင်ထားခဲ့ပြီး “ယူကရိန်းသမ္မတရဲ့ စစ်ဝတ်စုံအပြည့်အစုံဝတ်ထားတဲ့ ပုံနဲ့အတူ ယူကရိန်းသမ္မတ ရှေ့တန်းမှာ စစ်သည်တွေနဲ့အတူ မြင်တွေ့ရတဲ့ပုံဖြစ်ကြောင်း….”ရေးသားထားတာကိုတွေ့ရှိရပါတယ်။ သတင်းမှာ Like & react ပြုလုပ်သူ ၃၄၀၀၀ ကျော်နဲ့ ပြန်လည်မျှဝေသူပေါင်း ၁၂၀၀၀ ကျော်ရှိနေပြီဖြစ်ပါတယ်။ ဒီသတင်းကို တွေးပြီးမှယုံကနေစစ်ဆေးကြည့်ရာမှာတော့ ယနေ့ လူမှုကွန်ရက်သုံးစွဲသူတွေကြား ပြန့်နှံ့နေတဲ့ […]
ကူးစက်မှုနှုန်း သိသိသာသာမြင့်တက်လာတဲ့ အိုမီခရွှန်နဲ့ ပတ်သက်လို့ ဆေးနည်းအမှားတွေဟာ ဖေ့ဘွတ်ခ်မှာ တဟုန်ထိုးပြန့်နှံ့နေပါတယ်။ ဒီသတင်းကို ဒေါက်တာသစ်လွင်ဆိုတဲ့ ရင်းမြစ်တခုကို ကိုးကားဖော်ပြထားတာဖြစ်ပြီး ဖြန့်ဝေသူတွေထဲမှာ Ei Tone နာမည်နဲ့ အကောင့်တခုဆီကနေ ပြန်လည်ဖြန့်ဝေသူ ၃၀၀၀ ကျော်ရှိသည်အထိ အများဆုံးတွေ့ရပါတယ်။ အခုချိန်မှာတော့ ဖြန့်ဝေထားခဲ့တဲ့ Ei Tone နာမည်နဲ့ အကောင့်က ပြန်လည်ဖြုတ်ချသွားခဲ့ပေမဲ့ ထပ်ဆင့်ကူးယူဖော်ပြသူအများအပြားရှိနေပါသေးတယ်။ ပြန့်နှံ့နေတဲ့ သတင်းမှာဆိုရင် ငှက်သိုက်၊ ဖရဲသီး၊ သခွားသီး၊ အုန်းရည်၊ စွပ်ပြုတ် တို့ မစားရ ကနေစလို့ ၄ နာရီတိုင်း ဗိုက်တာမင်ဒီ ၂၀၀၀ သောက်ပါ စသဖြင့် ညွှန်းထားပါတယ်။ ဒါ့အပြင် ဘယ်လိုနေရထိုင်ရမယ်ဆိုတာတွေလည်း ဆက်လက်ဖော်ပြထားပါသေးတယ်။ ဒီသတင်းနဲ့ ပတ်သက်လို့ တွေးပြီးမှယုံကနေ အချက်အလက်စစ်ဆေးရာမှာတော့ လူ့အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့အထိ အချက်အလက်အမှားတွေကို […]
ချင်းပြည်နယ်၊ ကလေးမြို့က ကျောင်းဆရာမ တယောက်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF အဖွဲ့ဝင်တွေက ပစ်သတ်ခဲ့တာကြောင့် သေဆုံးခဲ့တယ်လို့ သတင်းတု တခုပြန့်နှံ့နေပါတယ်။ သတင်းတုရဲ့ ရေးသားချက်မှာဆိုရင် စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ အလယ်တန်းကျောင်းဆရာမ ဒေါ်ရီရီခိုင် အသက် (၄၂) က ဖေဖော်ဝါရီ ၁ ရက်နေ့မှာ PDF အကြမ်းဖက်သမားတွေရဲ့ သေနတ်နှင့် လုပ်ကြံသတ်ဖြတ်မှုကြောင့် သေဆုံးသွားတဲ့အကြောင်း ဒေသခံအရင်းအဖြစ်ထံက သိရှိရတယ်လို့ ဖော်ပြထားပါတယ်။ ဒီသတင်းကို Like & react ပြုလုပ်သူ ၇၃၇ ယောက်နဲ့ ပြန်လည်မျှဝေသူပေါင်း ၁၇၉ ယောက်ရှိနေပါပြီ။ ဒီသတင်းကိုပဲ ထပ်ဆင့်ကူးယူဖော်ပြပြီး ဖြန့်ဝေနေတဲ့ သူတွေလည်း အများအပြား ရှိနေပါတယ်။ ဒီသတင်းတုနဲ့ ပတ်သက်လို့ တွေးပြီးမှယုံက အချက်အလက်စစ်ဆေးလိုက်တဲ့အခါ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ […]