နိုင်ငံရေးမတည်ငြိမ်မှုကြားထဲက ဒီလို ငွေငါးထောင်တန်၊ တစ်သောင်းတန်တွေ ရုပ်သိမ်းတော့မယ်ဆိုပြီး ယခုနေ့မှာပဲ သတင်းတွေပေါ်ထွက်လာပါတယ်။ ဒီသတင်းအပြင် ဘဏ်များပိတ်သိမ်းတော့မှာဖြစ်ကြောင်းလည်း သတင်းပေါ်ထွက်လာပါတယ်။ ဒီလိုပေါ်ထွက်လာတာက ဘယ်နေရာကရယ်လို့မရှိဘဲ ကောလဟာလအနေနဲ့သာ ပြန့်နှံ့လာတာဖြစ်ပါတယ်။ ဒီသတင်းကိုတွေးပြီးမှယုံက စစ်ဆေးကြည့်ရာမှာတော့ သတင်းမှားဖြစ်ကြောင်း တွေ့ရှိခဲ့ရပါတယ်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ကျပ်၅၀၀၀တန်၊ ကျပ်၁၀၀၀၀တန်ရုတ်သိမ်းမယ်ဆိုတဲ့ ကောလဟာလတွေနဲ့ ဘဏ်တွေပိတ်သိမ်းမယ်ဆိုတဲ့ သတင်းတွေဟာ သတင်းမှားများဖြစ်ကြောင်း ထုတ်ပြန်ချက်ထုတ်ခဲ့တာကိုတွေ့ရှိခဲ့ရပါတယ်။ RFA သတင်းဌာနမှလည်း ငါးထောင်တန်၊ တစ်သောင်းတန်တွေရုပ်သိမ်းမယ်ဆိုတာ ကောလဟာလဖြစ်ကြောင်း ဗဟိုဘဏ်က ပြောသွားကြောင်းကိုလည်း သတင်းရေးသားခဲ့တာကို ဒီမှာ တွေ့ရှိခဲ့ရပါတယ်။ အခုလိုအချိန်မှာ ကောလဟာလသတင်းတွေကြောင့် ပြည်သူများစိုးရိမ်ပူပန်ပြီး ဘဏ်တွေမှာ ငွေတွေထုတ်ယူနေကြောင်းလည်း ကြားသိရပါတယ်။ အခုလိုသတင်းမှားတွေဟာ လတ်တလောကာလမှာ ပို၍ ပြန့်နှံ့လာနိုင်တာကြောင့် တွေးပြီးမှယုံရဲ့ သတင်းဖတ်ရှုသူတွေအနေနဲ့ သတိထားဖို့လိုအပ်ပါတယ်။ သတင်းတု၊သတင်းမှားလို့ ထင်မြင်မိပါက မိမိကိုယ်တိုင်စစ်ဆေးကြည့်တာမျိုးပြုလုပ်သင့်ပါတယ်။ သတင်းစစ်ဆေးဖို့အခက်အခဲရှိရင်လည်း တွေးပြီးမှယုံရဲ့ […]
ဒီသတင်းဟာဆိုရင် ဇန်နဝါရီ၂၆ ရက်နေ့ ရက်စွဲနဲ့ သတင်းစာဖြတ်ပိုင်းအနေနဲ့ ပြန့်နှံ့လာခဲ့ပြီး သတင်းထဲမှာ “မဲမသမာမှုလို ကိစ္စတွေကို အရင်မရှင်းပဲ အစိုးရမဖွဲ့သင့်ကြောင်းနဲ့ မဲခိုးခဲ့မှုကြောင့်ထောင်ထဲ မဝင်ချင်ဘူး” ဆိုပြီးရေးသားထားတာကိုတွေ့ရပါတယ်။ ဒီသတင်းကို တွေးပြီးမှယုံက အချက်အလက်စစ်ဆေးကြည့်ရာမှာတော့ အောက်က အချက်တွေအရ သတင်းတုဖြစ်ကြောင်းကို အတည်ပြုနိုင်ခဲ့ပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုပြန်ကြားရေးကော်မတီ၊အတွင်းရေးမှူးဖြစ်သူ မုံရွာအောင်ရှင်ကို ဖုန်းနဲ့ ဆက်သွယ်မေးမြန်းကြည့်ရာမှာတော့ “ဒီသတင်းဟာ လုပ်ကြံရေးသားထားတဲ့ သတင်းတုဖြစ်ပါတယ်။ အခုနောက်ပိုင်း သတင်းစာဖြတ်ပိုင်းအတုတွေနဲ့ သတင်းတုရေးသားလာတာကိုလဲ သတိထားမိပါတယ်။ ကျွန်တော်လဲ ဒီလိုပုံစံမျိုးနဲ့ လုပ်ခံရပါတယ်။ သတင်းတုထဲက ဗဟိုအရေးပေါ်အစည်းဝေးခေါ်တယ်ဆိုတာလဲ မဟုတ်ပါဘူး။ ဦးဝင်းထိန်လဲ ပါတီကနေ မထွက်ပါဘူး” ဆိုပြီး ပြန်လည်ဖြေကြားခဲ့ပါတယ်။ဒါ့အပြင် ၂၆ ရက်နေ့ ရက်စွဲနဲ့ မည်သည့် သတင်းစာမှလည်း ဒီလိုသတင်းမျိုးဖော်ပြခဲ့တာဆိုတာကို ရှာဖွေမတွေ့ရှိခဲ့ပါဘူး။NLD နာယက ဦးဝင်းထိန်နဲ့ပတ်သက်ပြီး အရင်တစ်ခေါက်ကလည်း “မဲမသမာမှုတွေအရင်ဖြေရှင်းပြီးမှ အစိုးရဖွဲ့ဖို့ဦးဝင်းထိန်ဖြေကြားခဲ့သလား” […]
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ NLD ကပဲ အစိုးရဖွဲ့နိုင်တဲ့ ပမာဏနဲ့ ပြန်လည်အနိုင်ရရှိခဲ့ပါတယ်။ ဒီလို အစိုးရဖွဲ့ဖို့ မဲပမာဏရလာတာနဲ့ အမျှ အစိုးရဖွဲ့ဖို့ အတွက်လည်း ပြင်ဆင်ရတော့ပါမယ်။ ဒီလိုအခြေအနေမှာ အသစ်ဖွဲ့စည်းမဲ့ အစိုးရနဲ့ ပတ်သက်လို့သတင်းတွေကလည်း မျိုးစုံပေါ်နေပါတယ်။ အခုမှာဆိုရင်လည်း “မဲမသမာမှုတွေ အရင်ရှင်းပြီးမှ အစိုးရဖွဲ့ဖို့ ဦးဝင်းထိန်ပြောကြား” ဆိုတဲ့ သတင်းစာဖြတ်ပိုင်းပုံကို Nay Thurain နာမည်နဲ့ ဖေ့ဘွတ်အကောင့်ကနေဇန်နဝါရီ ၁၉ရက်နေ့၊ နေ့လည် ၂နာရီအကျော်တွင်ပဲတင်ထားခဲ့ပါတယ်။ ဒီသတင်းကို ဒီနေရာမှာ ဖြန့်ဝေထားပါတယ်။ ဒီသတင်းစာဖြတ်ပိုင်းပုံ သတင်းနဲ့ ပတ်သက်လို့ တွေးပြီးမှ ယုံကနေ အောက်က အချက်အလက်တွေ အရ လုပ်ကြံဖန်တီးထားတဲ့ သတင်းအမှားဆိုတာကို အတည်ပြုနိုင်ခဲ့ပါတယ်။ ဒီသတင်းနဲ့ ပတ်သက်လို့ တရားဝင်မီဒီယာတွေမှာ ဖော်ပြထားခြင်းမရှိပါဘူး။ NLD ပါတီရဲ့ ဗဟိုပြန်ကြားရေးကော်မတီဝင် […]
ရွေးကောက်ပွဲအပြီး ရွေးကောက်ပွဲရလာဒ်နဲ့ ပတ်သက်လို့ သတင်းတုတွေကတော့ မကြာခဏအလိုလိုကို ပြန့်နှံ့လာနေပါတယ်နော်။ အခုဆိုရင်လည်း ဒီဇင်ဘာ၊ ၁ရက်နေ့မှာ ရဲဇာနည်ဆိုတဲ့ အကောင့်တုတစ်ခုကနေ ယခုသတင်းတုကို ဖြန့်ဝေထားခဲ့ပြီးတော့ ပြန်လည်မျှဝေသူပေါင်း ၄၂၇ ဦးရှိခဲ့သည်။ သတင်းတုထဲမှာဆိုရင် “ရွေးကောက်ပွဲတွင် NLD ကို သောင်ပြိုကမ်းပြို နိုင်စေလိုတာကြောင့် လူတစ်ဦးကို မဲနှစ်မဲပေးခိုင်းခြင်း၊ အသက်မပြည့်သေးသူတွေကို မဲပေးခိုင်းခြင်း၊ NLD ပါတီကို ပေးတဲ့မဲက ပယ်မယ်ဖြစ်နေပေမဲ့ မပယ်ခဲ့ပဲ ခိုင်လုံမယ် သတ်မှတ်ခဲ့ခြင်းနဲ့ စတဲ့ မဲသမမာတာတွေကို လုပ်ခဲ့ကြောင်း UEC တွင်း/မှူးက ဝန်ခံပြောကြားပေမဲ့ တပ်မတော်က မြို့နယ်ပေါင်း(၂၁၈) မြို့နယ်က တပ်ပြင်မဲရုံက မဲစာရင်းစာတမ်းတွေကို စစ်ဆေးဖို့ တောင်းတာကိုတော့ ကိုယ်သေတွင်းကိုယ်တူးသလို ဖြစ်တာကြောင့် ခွင့်ပြုမှာမဟုတ် လို့ ပြောကြားလိုက်ပါတယ်” လို့ဖော်ပြထားပါတယ်။ ဒီသတင်းတုကို ဒီနေရာမှာ ဖြန့်ဝေနေတာပဲ […]
ရွေးကောက်ပွဲမတိုင်ခင်မှာ သတင်းတုတွေမျိုးစုံထွက်ခဲ့ကြသလိုပဲ အခု ရွေးကောက်ပွဲအလွန်ကာလမှာလည်း မဲရလာဒ်တွေ၊ ရွေးကောက်ပွဲဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ သတင်းတုတွေကတော့ မျိုးစုံထွက်ပေါ်နေပြန်ပါတယ်။ ခုတစ်ခါမှာဆိုရင် “မွန်ပြည်နယ်၊ မုဒုံမြို့နယ်မှာ NLD ပါတီနဲ့ ရွေးကောက်ပွဲကော်မရှင်ပေါင်းပြီး မဲလေးသောင်းကျော်ခိုးခဲ့လို့ အနိုင်ရရှိထားတဲ့ ငါးနေရာလုံး ပယ်ဖျက်ခံလိုက်ရတယ်” ဆိုတဲ့ သတင်းကို Myanmar American News ဆိုတဲ့ ပေ့ချ်ကနေ နိုဝင်ဘာလ၊ ၁၀ ရက်နေ့က တင်ထားခဲ့ပြီးတော့ ပြန်လည်မျှဝေသူပေါင်း ၃၅၆၉ ဦးအထိရှိနေပါတယ်။ ဒီသတင်းကို အဓိက ဒီမှာ ဖြန့်ထားကြတာပါ။ ဒီသတင်းနဲ့ ပတ်သက်လို့ တွေးပြီးမှယုံကနေ စစ်ဆေးခဲ့ရာ အောက်က အချက်အလက်တွေအရ သတင်းတုဖြစ်တယ်ဆိုတာ အတည်ပြုနိုင်ခဲ့ပါတယ်။ မုဒုံမြို့နယ်မှ သတင်းများ၊ ရွေးကောက်ပွဲရလာဒ်များကို အချိန်နဲ့တပြေးညီဖော်ပြပေးနေတဲ့ Mudon Media ရဲ့ တာဝန်ရှိသူတစ်ဦးနဲ့ ဆက်သွယ်မေးမြန်းခဲ့ရာမှာ သတင်းအတုသာဖြစ်တယ်လို့ […]
ဒီသတင်းကို DHA NA-ဓန ဆိုတဲ့ ပေ့ချ်ကနေ ဒီနေ့ ည ၇နာရီအကျော်လောက်က တင်ထားခဲ့တာဖြစ်ပြီး ပြန်လည်မျှဝေသူပေါင်း ၅၅၇၃ဦးအထိရှိနေပြီဖြစ်ပါတယ်။ ဒီသတင်းနဲ့ ပတ်သက်လို့ တွေးပြီးမှ ယုံကနေ အချက်အလက်စစ်ဆေးကြည့်ရာမှာ အောက်က အချက်အလက်တွေ အရ သတင်းအမှားဖြစ်နေကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။ ဘာကြောင့် သတင်းအမှားလို့ ပြောရလဲ ဆိုရင် •ဖျာပုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်ခွဲ ရုံးမှ သတင်းအမှားသာဖြစ်ကြောင်းတင်ထားတာကို ဒီမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ •ဖားကန့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှလည်း ဒီသတင်းနဲ့ပတ်သက်ပြီး သတင်းအမှားသာဖြစ်ကြောင်း အဲ့ပေ့ချ်မှာ ဖော်ပြပေးထားပါတယ်။ •ဒါ့အပြင် ရွေးကောက်ပွဲ ကော်မရှင် Union Election Commisionရဲ့ တရားဝင်ဖေ့ဘွတ်စာမျက်နှာမှာလည်း သတင်းတုထဲမှာပါတဲ့အကြောင်းအရာအတိုင်း ပုံစံ (၃)ကို မနက်ဖြန် နိုဝင်ဘာ ၇ရက်နေ့အထိ လျှောက်ထားနိုင်ကြောင်း တင်ထားတဲ့ပိုစ့်ကို လုံးဝမတွေ့ခဲ့ရပါဘူး။ နေရပ်ပြန်ပြီး မဲမပေးနိုင်တဲ့သူတွေအတွက် […]
၂၀၂၀ရွေးကောက်ပွဲမှာ မင်းကင်းမြို့နယ်ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးမောင်မြင့်ဟာ ဘာသာရေးကို အခြေခံတဲ့ သတင်းအချက်အလက်မှားတွေနဲ့ မဲဆွယ်စည်းရုံးမှုပြုလုပ်ခဲ့ပါတယ်။ အောက်တိုဘာ ၂ ရက်နေ့က ဦးမောင်မြင့်ရဲ့ မင်းကင်းမြို့နယ် ကျွန်းတောရွာမှာ ဘာသာရေးကို ထိပါးစေနိုင်တဲ့ သတင်းမှားနဲ့ မဲဆွယ်စည်းရုံးဟောပြောမှု အချို့ကိုဖော်ပြပေးလိုက်ပါတယ်။
ဒီရက်ပိုင်းထဲမှာဆိုရင် ရန်ကုန်မြို့ကို Lockdown ချမယ်ဆိုတဲ့ ကောလဟာလတွေ၊ သတင်းအမှားတွေက Facebook ပေါ်မှာတင် ပျံ့နှံ့နေမဟုတ်ပဲ၊ messenger ကနေတဆင့်ပါ အသံဖိုင်တွေနဲ့ လိုက်ဖြန့်နေတာကို တွေးပြီးမှယုံ ကနေ တွေ့ရပါတယ်။
စက်တင်ဘာ ၂၁ ရက်နေ့မှာ Chaw Su Cho ဆိုတဲ့ Facebook Account က “သူပြောမှပဲ ရွေးကော်ဥက္ကဌအိမ် ဗုံးပစ်တဲ့သူကို ကျေးဇူးရှင်ဆိုပြီး ဘုရားစင်ပေါ်တင် ကိုးကွယ်ထားရမလို” လို့ရေးသားထားပြီး ဗီဒီယို ဖိုင်တစ်ခုကို ဖြန့်ဝေထားပါတယ်။ အခုဆိုရင် ဒီဗီဒီယိုဖိုင်အတုကို ပြန်လည်မျှဝေသူ ၁ ထောင်ကျော်ရှိနေပါပြီ။
ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်ကနေ “ရွေးကောက်ပွဲကို သတ်မှတ်ရက်အတိုင်းအတိအကျလုပ်မယ်။ မကျေနပ်ရင် ဝင်မပြိုင်လို့ရတယ်။ ကျွန်တော် စကားကို ဖင်တစ်ခွန်း ခေါင်းတစ်ခွန်း မပြောဘူး” လို့ ပြောခဲ့တယ်ဆိုပြီး သတင်းတုတစ်ခု ဟာ ပျံ့နှံ့နေပါတယ်။