မြန်မာနိုင်ငံတွင်းက ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ အခြေအနေတွေကြောင့် နိုင်ငံကနေ ထွက်ခွာတော့မယ်ဆိုတဲ့ စွမ်းအင်ကုမ္ပဏီနှစ်ခုဖြစ်တဲ့ Total နဲ့ Chevron ကုမ္ပဏီတို့က သူတို့ရဲ့ ငွေစာရင်းတွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဆီကို လွှဲပြောင်းပေးခဲ့မယ်ဆိုပြီး နားလည်မှု လွဲစေတဲ့ သတင်းတခုပြန့်နေပါတယ်။ ဒီသတင်းကို Shwe Naing Ngan, Sai Lian စတဲ့ အကောင့်တွေကနေ စတင်ဖြန့်ဝေလာပြီး သတင်းထဲမှာဆိုရင် “NUG အစိုးရ ငွေစာရင်းသို့ ငွေများလွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း Total နှင့် Chevron ကုမ္ပဏီများ မှ ကြေငြာချက်ထုတ်ပြီ” လို့ရေးသားထားပါတယ်။ သူတို့အပြင်လည်း အခြားထပ်ဆင့်ကူးယူဖော်ပြသူ အများအပြားရှိနေပါသေးတယ်။ ဒီသတင်းနဲ့ ပတ်သက်လို့ တွေးပြီးမှယုံကနေ အချက်အလက်စစ်ဆေးခဲ့ရာမှာတော့ နားလည်မှုလွဲနေတဲ့ သတင်းတခုသာဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။ Chevron နဲ့ Total ကုမ္ပဏီတို့ရဲ့ […]
ဒီရက်ပိုင်းထဲမှာ တချို့ လင့်ခ်တွေထဲဝင်လိုက်ပြီဆိုရင် City Mart ၂၅ နှစ်ပြည့်အတွက်ဆိုပြီး ဆုမဲပေါက်ပါတယ် ဆိုပြီး ကြေငြာတာတွေ ပေါ်လာနေပါတယ်။ ဒီကြေငြာ Website Pop-up ads တွေနဲ့ ပတ်သက်လို့ တွေးပြီးမှယုံကနေ City Mart ရဲ့ တရားဝင် Facebook Page မှာ ရှာဖွေကြည့်ခဲ့ရာမှာတော့ ဒါတွေဟာ သတင်းအမှားတွေသာ ဖြစ်တယ်လို့ တွေ့ခဲ့ရပါတယ်။ ဒီအကြောင်းတွေနဲ့ ပတ်သက်လို့ City Mart ရဲ့ တရားဝင် Facebook Page ကနေ ဒီ အခမဲ့ စျေးဝယ်ခွင့်နဲ့ ဆုမဲတွေ ပေးအပ်နေတယ်ဆိုတာ သတင်းအမှားသာဖြစ်ကြောင်းနဲ့ ၎င်းတို့နဲ့ လုံးဝသက်ဆိုင်တာမရှိကြောင်း ဖော်ပြထားပါတယ်။ ဒီလို Website Pop-up ads တွေနဲ့ လိမ်လည်တာဟာ အရင်တည်းက […]
ကိုဗစ်ကာလမှာ ခက်ခဲလာတဲ့ ပြည်သူတွေကို အသုံးချပြီး မြန်မာနိုင်ငံရဲ့ လူသုံးအများဆုံး ဆိုရှယ်မီဒီယာတစ်ခု ဖြစ်တဲ့ ဖေ့ဘွတ်ခ်မှာ နည်းအမျိုးမျိုးနဲ့ လိမ်လည်အမြတ်ထုတ်နေတာကို တွေ့နေရပါတယ်။ အရင်ဆုံး သတိထားမိတဲ့ အခြေအနေကတော့ “အလှူအတန်းလုပ်ပါမယ်။ ပိုစ့်ကို Share, Like & Follow လုပ်ပေးပါ။ Group Member ဝင်မှ ရပါမယ်။ ဖုန်းနံပါတ်တွေ မန့် (comment) ပေးပါ” ဆိုပြီး ဖေ့ဘုတ်သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို တောင်းယူတဲ့အပြင် သတင်းအတု ပြုလုပ်သူတွေရဲ့ Group Member ဝင်တွေ များလာအောင် ပြုလုပ်တဲ့ နည်းလမ်းတစ်ခုပါ။ ဒီအကြောင်းကိုတော့ တွေးပြီးမှယုံက “အကောင့်တု အသုံးပြုပြီး သတင်းတုဖြန့် ကိုယ်ကျိုးရှာတဲ့ Group အကြောင်း” တွေနဲ့ တင်ဆက်ထားပြီး ဖြစ်ပါတယ်။ ဒီပုံစံမှာဆိုရင် မြန်မာနိုင်ငံထဲက […]
“နီလာဒန်ပေါက် ဆိုင်ပိုင်ရှင် ကိုဗစ်-၁၉ နဲ့ ကွယ်လွန်ပြီး Food Delivery ၇၀ ကူးစက်ခံရတယ်” ဆိုတဲ့ သတင်းတုဟာ ဖေ့ဘွတ်စ်စာမျက်နှာပေါ်မှာ အများအပြားပျံ့နှံ့နေပါတယ်နော်။ Food Delivery ၇၀ ကူးစက်ခံရတယ်ဆိုတဲ့ သတင်းကို Derick Soe ဆိုတဲ့ အကောင့်ကနေ အောက်တိုဘာ၊ ၁ရက်နေ့က စတင်ဖြန့်ဝေထားပြီး ပြန်လည်မျှဝေသူပေါင်း ၄၂၀၀ ကျော်ထိရှိခဲ့ပါတယ်။
စက်တင်ဘာလ ၁၉ ရက်နေ့မှာ ရဲဇော်ဆိုတဲ့ Facebook Account ကနေ စတင်ပြီး “၂၀.၉.၂၀ ညနေ ၅နာရီမှ စ၍ YBS ယာဉ်များအားလုံး ရပ်နားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။” လို့ ရေးသားထားတဲ့ သတင်းတု တစ်ခု ပြန့်နှံ့နေပါတယ်။ ဒီသတင်းတုဟာ အချိန်တိုအတွင်းမှာပဲ ပြန်လည်မျှဝေသူပေါင်း ၇ ထောင်ကျော်နဲ့ ပြန်လည်ကူးယူ တင်ပြသူတွေ အများအပြားရှိနေပြီပဲ ဖြစ်ပါတယ်။
ဇွန်လ ၁ ရက်နေ့က အောင်ဘာလေ ထီဖွင့်ပြီး ရခိုင်ပြည်နယ်၊ စစ်တွေမြို့က မောင်နှမ ၂ ယောက် ထီဆုကြီး ပေါက်တယ်ဆိုတဲ့ သတင်းတွေလဲ ဆက်တိုက်ဆိုသလိုပဲ တတ်လာပါတယ်။ မောင်နှမ နှစ်ယောက် သူတို့မိသားစုတွေနဲ့ တွဲရိုက်ထားတဲ့ပုံကို အသုံးချပြီးတော့ ဖုန်းဘေလ်နဲ့ ပိုက်ဆံတွေကို Wave Money ကတဆင့် လှူဒါန်းသွားမယ်ဆိုတဲ့ သတင်းတုတွေကို Facebook Account, Page နဲ့ Group တွေကနေ အကွက်ကျကျလှည့်စားနေတာကို ကို ဖော်ပြပေးလိုက်ပါတယ်။
ကျောက်ဖြူမှာ ဂတ်စ်ပိုင်းလိုင်းပေါက်တယ်ဆိုတဲ့ သတင်းတု တစ်ခုကို လူတွေအများအပြားFacebook မှာ ဝိုင်း Share လုပ်နေကြလို့ ဒီသတင်းဟာ ဂျင်းသတင်းဖြစ်ကြောင်း တွေးပြီးမှယုံက ဖော်ထုတ်ပေးလိုက်ရပါတယ်။
ဒီသတင်းတု၊ဓာတ်ပုံတုကို မူရင်းပို့စ်မှာတင် Share ပြုလုပ်သူ…..
သူငယ်ချင်းတို့ရေ ဒေါ်လာဈေးတွေနဲ့ ရွှေဈေးတွေတက်ပြီး စီးပွားရေးကြပ်တည်းနေတဲ့အချိန်မှာ သတင်းအတုတွေနဲ့ ကောလဟာလတွေကလည်း အချိန်ကိုက် ထွက်ပေါ်နေပါတယ်။ အခု အွန်လိုင်းပေါ်မှာ ဟော့ပ်ဖြစ်နေတဲ့ ကျပ်သိန်း ၁၀၀၀ နှင့် အထက် ငွေသွင်းငွေလွှဲပြုလုပ်မှုအား ကြိုတင်သတင်းမပို့ပါက ထောင်ဒဏ် ၇ နှစ်အထိ ကျခံရမယ်ဆိုတဲ့ သတင်းဟာဆိုရင် တကယ်တော့ သြဂုတ်လ ၃၀၂၀၁၄ ခုနှစ်က The Ladies News က သတင်းအဟောင်းပါ။ ……
သတင်းအတုတွေ ပြုလုပ်သူတွေဟာ ဟော့ပ်ဖြစ်နေတဲ့ ကိစ္စတွေကို အသုံးချပြီး သတင်းအတုတွေကို ဖန်တီးကြပါတယ်။ အခုပြထားတဲ့ “တစ်သောင်းတန်နှင့်ငါးထောင်တန် ငွေစက္ကူများ ပြန်လည်ရုပ်သိမ်းသင့်ကြောင်း အကြံပြုစာကို NLD ပါတီမှ လွှတ်တော်သို့ပေးပို့မည်” ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းဟာ ဒေါ်လာဈေးမြှင့်တတ်နေတာနဲ့ ပတ်သတ်ပြီး အချိန်ကိုက်ထွက်ရှိလာတဲ့ သတင်းအတုပဲဖြစ်ပါတယ်။ သတင်းအတုဖြစ်ကြောင်းသေချာစေတဲ့ အချက်တွေကတော့ ….
Freedom News Group ဆိုတဲ့ Page တစ်ခုကနေ ဒေါ်လာဈေးမြင့်တက်မှုနဲ့ အချိန်ကိုက်ပြီးတော့ ကောလာဟလတစ်ခု အချိန်ကိုက်ထုတ်ခဲ့တာကို တွေးပြီးမှယုံက တွေ့ရှိခဲ့ပါတယ်။ ဒီ Page ကနေ အခုအောက်မှာပြထားတဲ့ ပိုစ့်ကို ငွေကုန်ခံ Boost လုပ်ထားပြီး လူတွေကြားမှာ ပြန့်နှံ့မှုအားကောင်းအောင် စနစ်တကျ လုပ်နေတာကို သတိထားမိပါတယ်။
ဒီကောလဟာလနဲ့ ပတ်သက်ပြီး ပြောနိုင်တာက ဒီ Page ဟာ ယုံကြည်ရတဲ့ …