ဒီသတင်းကို ရှမ်းပြည်သတင်းစုံ ဆိုတဲ့ Page ကနေ ဒီနေ့ နေ့လည် ၁၂နာရီ ၁၇မိနစ်မှာ ရှမ်းဘာသာနဲ့ မြန်မာဘာသာကို အသုံးပြုထားပြီး ပြည်သူလူထုရဲ့ အားပေးထောက်ခံမှု မရတဲ့ ကျားဖြူပါတီကို မကြာခင်မှာ ရုပ်သိမ်းသွားမှာ ဖြစ်ကြောင်း ဥက္ကဌ ဦးစိုင်းအိုက်ပေါင်း ပြော ဆိုတဲ့ သတင်းတုကို တင်ခဲ့ပါတယ်။ သတင်းတုကို ဒီမှာ ဖတ်ကြည့်လို့ ရပါတယ်။ဒီသတင်းကို တွေးပြီးမှယုံက တွေ့ရှိချိန်မှာ ပြန်လည်မျှဝေသူပေါင်း 456 ဦးရှိနေပြီဖြစ်ပါတယ်။ အဲ့သတင်းနဲ့ပတ်သက်ပြီး တွေးပြီးမှယုံရဲ့ တွေ့ရှိချက်အရ သတင်းတုဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။ • သတင်းတုထဲမှာ ပါတဲ့ ကျားဖြူပါတီ(SNDP) မှ ဥက္ကဌ ဦးစိုင်းအိုက်ပေါင်းကို ဆက်သွယ်မေးမြန်းခဲ့ရာ ပါတီကို ဖျက်သိမ်းသွားမယ်ဆိုတဲ့ သတင်းက သတင်းအမှားသာ ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။ ရှမ်းရှိနေသ၍ ကျားဖြူပါတီလဲ […]
စက်တင်ဘာ ၁၈ ရက်နေ့ကတည်းက စတင်ပြီး “ဝ ကိုယ်ပိုင်ပြည်နယ်အတွင်း မည်သည့်လေယာဉ်မှ ပျံသန်းခွင့်ပြုမှာ မဟုတ်တော့ဘူးလို့ “ဝ”အဖွဲ့ပြော” ဆိုတဲ့ခေါင်းစဉ်နဲ့ သတင်းတုတစ်ခု ပြန့်နှံ့နေခဲ့ပါတယ်။ ၂၇ရက်နေ့မှာ ဒီသတင်းတုကို ပဲ Northern Shan နာမည်နဲ့ အကောင့်တစ်ခုကနေ ထပ်မံကူးယူဖော်ပြထားတာကို တွေ့ခဲ့ရပါတယ်။
ရခိုင်ပြည်နယ်ကနေ ဖြစ်ပွားခဲ့တဲ့ တကျော့ပြန် ကိုဗစ်-၁၉ ကို အခြေခံပြီး ရခိုင်-ဗမာ သတင်းတုတွေထွက်ပေါ်လာနေပါတယ်။ အခုတစ်ခေါက်မှာဆိုရင်လည်း ရခိုင်-ဗမာ တိုင်းရင်းသား အချင်းချင်းကြား ပဋိပက္ခဖြစ်စေဖို့ ရည်ရွယ်ထားတဲ့ သတင်းတု တစ်ခုထွက်ပေါ်လာခဲ့ပါတယ် ….
သူငယ်ချင်းတို့ရေ….
ခုတစ်ခေါက် တွေးပြီးမှယုံ ရဲ့ တွေ့ရှိထားတဲ့သတင်းတုတစ်ခုဟာ ဆိုရင် နေစဥ်သတင်း ဆိုတဲ့ ပေ့ချ်ကနေ ဇွန်လ၊ ၉ရက်နေ့က “ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က AA အကြမ်းဖက် သောင်းကျန်းသူများရဲ့ လုပ်ရပ်ဆိုးရွားကြောင်း၊ ရခိုင်တိုင်းရင်းသားတချို့ကလည်း အစွန်းရောက်နေကြောင်း…..
COVID-19 ကပ်ရောဂါ ကာလမှာ သတင်းတုတွေကတော့ ဆက်တိုက်ဆိုသလို ထွက်ပေါ်နေပါတယ်။ အခုတခေါက် တွေ့ရှိရတဲ့ သတင်းတု တစ်ခုကတော့
“တောင်နီ ကျောက်တစ်လုံး ဆီဆိုင်ဘက်မှထိုင်း တရုတ်ပြန် ပအိုဝ်းအများစုမှာ ကွာရက်တိုင်း အဝင်မခံဘဲ တောင်ကြီးမြို့သို့ ခိုးဝင်” ဆိုတဲ့ သတင်းတု ပဲဖြစ်ပါတယ်။
အခုတွေ့နေတဲ့ သတင်းတု တစ်ခုကတော့ “ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှARSA အကြမ်းဖက်သောင်းကျန်းသူတွေကို ထောက်ပံ့တာ” “AA နဲ့ ARSA ဆိုတဲ့ ပူးပေါင်းစခန်းမှ သိမ်းဆီးရမိထားသော ပစ္စည်းများ” ဆိုတဲ့ သတင်းတု ပဲဖြစ်ပါတယ်။
သတင်းမှားဆိုတာ သတင်းအချက်အလက်တွေပေါ်ပဲ အခြေခံတတ်ကြပြီး လူတွေရဲ့ အမြင်တွေဝေဝါးအောင်ပြုလုပ်လေ့ရှိပါတယ်။ ဒီလိုသတင်းမှားတွေထဲကမှ သတင်းထုတ်ပြန်ချက်အတုတွေ ကလဲ တစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။
လူအများစိတ်ဝင်စားတဲ့ သတင်းတွေ ထွက်လာတဲ့အတူ သတင်းမှားတွေလည်း ထွက်ပေါ်လာတတ်ပါတယ်။ ဒီလို သတင်းမှားတွေထွက်လာတဲ့အမျှ စိုးရိမ်စိတ်တွေနေနဲ့ ပြန်လည်ကိုးကားဖော်ပြကြတာ ရှိသလို၊ ယူဆချက်တွေ အမျိုးမျိုးနဲ့ ပြန်လည်ဖော်ပြတတ်ကြပါတယ်။
အခြေအနေနဲ့ အချိန်အခါကို လိုက်ပြီး ထွက်လာတဲ့ သတင်းတု တစ်ခုကတော့ AA အဖွဲ့က လူ၃ ဦးကိုသတ်ဖြတ်တယ် ဆိုတဲ့ သတင်းဓါတ်ပုံ အတုဖြစ်ပါတယ်။ ဒီသတင်းတုကိုတော့ တပ်မတော်စစ်သတင်းများ နှင့် တပ်မတော်ချစ်မြတ်နိုးသူများ ဆိုတဲ့ Facebook Page ကနေ တင်ထားတာဖြစ်ပြီးတော့ ပျံ့နှံ့မှုကတော့ Like (693),Comment (144), Share (400) ရှိနေပါပြီ။
ဒီညနေပိုင်းမှာ တက်လာတဲ့သတင်းလေးတစ်ခုဟာ လူသိများနေသလို၊ လူအများစိတ်ဝင်းတစားရှိနေတာကို တွေ့ရပါတယ်။ တွေးပြီးမှယုံ ကိုလည်း အဲ့သတင်းမှန်၊ မမှန်ကို သူငယ်ချင်းတစ်ယောက်က စစ်ဆေးပေးဖို့လာပို့ထားတာလဲရှိပါတယ်။