အာဏာသိမ်း​စစ်ခေါင်း​ဆောင် မင်း​အောင်လှိုင်နဲ့ ကန်သမ္မတ ဂျိုးဘိုင်ဒန်တို့ Video Conference နဲ့​တွေ့ကြတယ်ဆိုတဲ့ သတင်းတု

နိုင်ငံတကာ August 26, 2021

439 Views

ဒီသတင်းကို စစ်တပ်​ထောက်ခံသူ​တွေက​နေ တယ်လီဂရမ်ချန်နယ်မှာ ဩဂုတ်လ ၆ ​ရက်​နေ့ ဝန်းကျင်မှာတည်းက ဖြန့်​ဝေခဲ့ကြပါတယ်။ တယ်လီဂရမ်ချန်နယ်က​နေမှ တဆင့် ​ဖေ့ဘွတ်ခ်မှာ ကူးယူ​ဖော်ပြလာကြပြီး ဆက်လက် ပြန့်​နေပါတယ်။သတင်းထဲမှာဆိုရင် စစ်အာဏာသိမ်း​ခေါင်း​ဆောင် မင်း​​အောင်လှိုင်နဲ့ အ​မေရိကန်သမ္မတ ဂျိုးဘိုင်ဒန်တို့ Video Conference နဲ့ စကား​ပြော​နေကြ​သ​ယောင် ပုံဖန်တီးထားပါတယ်။ ဒါအပြင် “​ရွေး​ကောက်ပွဲမသမာမှု​တွေ ရှိခဲ့လို့ အာဏာသိမ်းရခြင်းဖြစ်​ကြောင်း ​ရွေး​ကောက်ပွဲ ပြန်လည်ကျင်းပ​ပေးမည်ဖြစ်​ကြောင်း စစ်​ခေါင်း​ဆောင်မင်း​အောင်လှိုင်မှ ရှင်းပြခဲ့ပြီး ကန်သမ္မတဂျိုးဘိုင်ဒန်မှ နားလည်လက်ခံခဲ့ပါတယ်” လို့ ဆက်လက်​ဖော်ပြထားပါတယ်။ ဒီသတင်းနဲ့ ပတ်သက်လို့ ​တွေးပြီးမှယုံ က​နေ အချက်အလက်စစ်​ဆေးခဲ့ရာမှာ​တော့ သတင်းတု တစ်ခုဖြစ်​နေတာကို ​အောက်က အချက်အလက်​တွေ အရ အတည်ပြုနိုင်ခဲ့ပါတယ်။ – ဒီ သတင်းနဲ့ ပတ်သက်လို့ နိုင်ငံတကာသတင်းမီဒီယာ​တွေနဲ့ ပြည်တွင်း သတင်းမီဒီယာ​တွေမှာ တင်ဆက်ထားတာမျိုး မ​တွေ့ရပါဘူး။ […]

ကုလသမဂ္ဂ အ​ထွေ​ထွေညီလာခံကြီးက​နေ ဦး​ကျော်မိုးထွန်းကို “နိုင်ငံကိုယ်စားပြုခွင့်” ​ပေးလိုက်တယ်ဆိုတဲ့ သတင်းတု

နိုင်ငံတကာ August 14, 2021

310 Views

ဒီသတင်းတုကို Thar Gyi ဆိုတဲ့ Facebook Account တစ်ခုက​နေ ဒီ​နေ့ ​ည​နေ့ခင်းလောက်မှ ဖြန့်​ဝေခဲ့ပြီး အခုချိန်ထိ​အောင် ပြန်လည်မျှ​ဝေသူ​ပေါင်း ၄၇၀ ရှိ​နေပြီ ဖြစ်ပါတယ်။ အခုချိန်မှာတော့ စတင်ဖြန့်ဝေခဲ့သူက မူရင်းပိုစ့်က ဖြုတ်ချခဲ့ပေမယ့် ထပ်ဆင့်ကူးယူမျှဝေသူတွေ ရှိနေပါတယ်။ဒီသတင်းနဲ့ ပတ်သက်လို့ ​တွေးပြီးမှယုံ ရဲ့ အချက်အလက် စစ်​ဆေးသူ​တွေက​နေ အချက်အလက် စစ်​ဆေးခဲ့ရာမှာ​တော့ သတင်းအမှားသာ ဖြစ်​နေတာကို ​တွေ့ခဲ့ရပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အမျိုးသားညီညွတ်​ရေးအစိုးရ (NUG) နဲ့အပြိုင် အာဏာသိမ်းစစ်​ကောင်စီ က​နေ တင်သွင်းမဲ့ ကုလမှာ နိုင်ငံကိုယ်စားပြု ကိုယ်စားလှယ် ​ရွေးချယ်တာကို စက်တင်ဘာ ၁၄ ရက်​နေ့မှသာ ပြုလုပ်မှာ ဖြစ်ပါတယ်။ ဒီအတွက် ဒါဟာသတင်းတု တစ်ခုသာဖြစ်​နေပါတယ်။ ဒီ​ “နိုင်ငံကိုယ်စားပြုခွင့်” အ​ကြောင်းနဲ့ ပတ်သက်လို့ […]

ပဲခူးမှာ အမေရိကန်စစ်သည်​တွေ လေကြောင်းချီလာပြီ ဆိုတဲ့ သတင်းတု

နိုင်ငံတကာ August 9, 2021

290 Views

ပဲခူးမှာ အမေရိကန်စစ်သည်​တွေ လေကြောင်းချီလာပြီ ဆိုတဲ့ သတင်းတု တွေးပြီးမှယုံ ဒီသတင်းကို Shwe Yee Win Htet San နာမည်နဲ့ Facebook page တခုကနေ ဒီနေ့ ဩဂုတ် ၉ရက်နေ့မှာ တင်ခဲ့တာဖြစ်ပါတယ်။ သတင်းတုထဲမှာဆိုရင်တော့ မြန်မာနိုင်ငံ၊ ပဲခူးတနေရာကို အမေရိကန်စစ်သည်​တွေ လေကြောင်းချီလာကြောင်း ပုံတွေနဲ့တွဲပြီး သတင်းတုတင်ထားတာဖြစ်ပါတယ်။ သတင်းတုဟာဆိုရင် Like & React ၁၆၀၀ကျော်နဲ့ ပြန်လည်မျှဝေထားသူပေါင်း ၇၂၂ ယောက်ရှိနေပြီဖြစ်ပါတယ်။ သတင်းတုထဲမှာပါတဲ့ ပုံတွေကို တွေးပြီးမှယုံ ဝိုင်းတော်သား​တွေက​နေ အချက်အလက်စစ်ဆေးခဲ့ရာမှာတော့ မြန်မာနိုင်ငံ၊ ပဲခူးတိုင်းတွင်းက ပုံ​တွေ မဟုတ်ပဲ အင်ဒိုနီးရှားနိုင်ငံမှာ စစ်​ရေး​လေ့ကျင့်​နေတဲ့ပုံ​တွေသာ ဖြစ်​နေတာကို ​တွေ့ခဲ့ရပါတယ်။ မြန်မာနိုင်ငံထဲကို ဆင်းသက်လာတယ်ဆိုတာ မဟုတ်ပါဘူး။ ဒီသတင်းတုရဲ့ မူရင်းသတင်းကို ​ပေးထားတဲ့ လင်ခ့်မှာ […]

မြောက်ကိုရီးယားက မြန်မာနိုင်ငံအတွက် အလှူ​ငွေထည့်ဝင်တယ်ဆိုတာ မဟုတ်မှန်

နိုင်ငံတကာ June 17, 2021

778 Views

ဒီသတင်းကို ဇွန်၊ ၁၇ ရက်​​နေ့မှာ နိုင်ငံတကာ မီဒီယာ​​တွေနဲ့ ပြည်တွင်းမီဒီယာတချို့မှာ ​ဖော်ပြခဲ့ပါတယ်။ သတင်းမှာဆိုရင် မြန်မာနိုင်ငံအား လူသားချင်းစာနာမှုဆိုင်ရာကူညီ​ထောက်ပံ့မည့် ကုလသမဂ္ဂရဲ့ ပ​ရောဂျက်တခုမှာ ​မြောက်ကိုရီးယားက​နေ ကန်​ဒေါ်လာ သုံးသိန်းလှူဒါန်းခဲ့တယ်လို့ ​ရေးသားပါတယ်။ ဒီသတင်းနဲ့ ပတ်သက်လို့ ​တွေးပြီးယုံရဲ့ ​တွေ့ရှိချက်မှာဆိုရင် ​မြောက်ကိုရီးယားက လှူဒါန်းတာမဟုတ်ပဲ ​တောင်ကိုရီးယားက လှူဒါန်းခြင်းသာဖြစ်​ကြောင်း အလွတ်တန်း နိုင်ငံတကာ သတင်း​ထောက်တစ်ဦးဖြစ်တဲ့ Cape Diamond ကို ကုလသမဂ္ဂရဲ့ အရာရှိတစ်ဦးက​နေ Twitter မှာ ပြန်လည်​​ဖြေကြားထားတာကို ​တွေ့ခဲ့ရပါတယ်။ ဒီမှာ ဝင်ကြည့်ရှု့နိုင်ပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး ခေတ်သစ်မီဒီယာကနေလည်း တောင်ကိုရီးယားက အမေရိကန်ဒေါလာ ၉ သိန်းလှူဒါန်းတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဒီမှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။ မြောက်ကိုရီးယားက လှူဒါန်းခဲ့​ကြောင်း ​ဖော်ပြထားခဲ့တဲ့ နိုင်ငံတကာမီဒီယာတွေနဲ့ ပြည်တွင်းမီဒီယာအချို့မှာ ​သတင်းမှန်ဖြစ်တဲ့တောင်ကိုရီးယားက လှူဒါန်းခြင်းဖြစ်ကြောင်းကို […]

ရက်စွဲအလွဲနဲ့ ပြန့်နှံ့​​နေတဲ့ ICJ ရုံးချိန်းသတင်း

နိုင်ငံတကာ June 17, 2021

13170 Views

ရိုဟင်ဂျာများအ​ပေါ် လူမျိုးတုန်းသတ်ဖြတ်မှုအတွက် လာမယ့် ဇွန်၊ ၂၃ ရက်နေ့မှာ ICJ တရားရုံး ရုံးချိန်းရှိတယ်ဆိုတဲ့ သတင်းတခုပြန့်နှံ့​နေပါတယ်။ ဒီသတင်းကို We Love Nobel သက်ထားစုကြည်ဆိုတဲ့ Facebook Group တခုကတင်ခဲ့တာဖြစ်ပြီး ခုချိန်မှာဆိုရင်တော့ like & react ၄ထောင်ကျော် ရှိနေပြီး ထပ်ဆင့်မျှဝေသူပေါင်း ၉၀၄ယောက်ရှိနေပြီဖြစ်ပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး တွေးပြီးမှယုံက စစ်ဆေးကြည့်တဲ့အခါမှာတော့ ဇွန်၊ ၂၃ ရက်နေ့ မဟုတ်ပဲ ဇူလိုင်၊ ၂၃ ရက်နေ့ မှသာ ရုံးချိန်းရှိကြောင်း​တွေ့ခဲ့ရပါတယ်။ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ဂမ်ဘီယာနိုင်ငံက​နေ မြန်မာနိုင်ငံအ​ပေါ် တင်သွင်းထားတဲ့ စွဲချက်​တွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံက​နေ ဇူလိုင်၊ ၂၃၊ ၂၀၂၁ မှာ ​လျှောက်လွဲချက်တင်သွင်းရမှာ ဖြစ်ပါတယ်။ ဒီအ​ကြောင်းကို Fortify […]

လူငယ်အမျိုးသမီးတစ်ဦး တောထဲမှာ အချင်းချင်းပစ်သတ်မိလို့ သေဆုံးဆိုတဲ့ ဓါတ်ပုံသတင်းအမှား

နိုင်ငံတကာ May 21, 2021

2712 Views

ဒီသတင်းကို စစ်တပ်​ထောက်ခံတဲ့ ​ဖေ့ဘွတ်ခ်အ​ကောင့် တချို့က စတင်ဖြန့်​ဝေလာပါတယ်။ သူတို့ စဖြန့်ပုံက​တော့ တိုင်းရင်းသားလက်နက်ကိုင် တဖွဲ့ ဖွဲ့က​နေ စစ်ပညာသင်လာတဲ့ လူငယ်တစ်ဦးကို ပစ်သတ်ထားသ​ယောင် ဖြန့်ထားပါတယ်။ ဒီသတင်းကိုပဲ ဟန်ငြိမ်းဦး ဆိုသူက ထပ်မံဖြန့်​ဝေထားပါတယ်။ ဒီသတင်းဓါတ်ပုံနဲ့ ပတ်သက်လို့ ​တွေးပြီးမှယုံ က​နေ အချက်ွလက်စစ်​ဆေးခဲ့ရာမှာ​တော့ သူတို့ ​ပြောထားသလို မဟုတ်ခဲ့ပဲ သတင်းဓါတ်ပုံကလည်း မြန်မာနိုင်ငံက ပုံမဟုတ်ခဲ့ပါဘူး။ ဒီဓါတ်ပုံဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ တတိယ​​မြောက်မြို့​တော်၊ ​Sorsogon မှာ အစိုးရတပ်နဲ့ New People’s Army(NPA) အကြားတိုက်ပွဲတွင်း ဖြစ်ပွားခဲဲ့တဲ့ ဖြစ်ရပ်တစ်ခုက ပုံတခုမျှသာဖြစ်ပါတယ်။ ဒီမှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။ ဒီသတင်းကို လူအများအပြားဆီ​ရောက်​အောင် ​ထပ်ဆင့် ဖြန့်​ဝေထားခဲ့သူ ဟန်ငြိမ်းဦး ဆိုသူဟာ အရင်ကလည်း နာမည်ကြီး သရုပ်​ဆောင်​တွေ၊ ​မော်ဒယ်​တွေရဲ့ ကိုယ်​ရေးကိုယ်တာ […]

အိန္ဒိယနိုင်ငံမှာ ဟိန္ဒူဘုရားတွေကို စွန့်ပယ်နေကြတယ်ဆိုတဲ့ သတင်းတု

နိုင်ငံတကာ May 18, 2021

17465 Views

ကမ္ဘာကပ်ဘေးရောဂါဆိုးကြီး COVID-19 ဟာ အိန္ဒိယနိုင်ငံမှာ တကျော့ပြန်ပြီး ဆိုးဆိုးရွားရွားရိုက်ခတ်နေပါတယ်။ စတင်ဖြစ်ပွားခဲ့တဲ့ အချိန်ကနေဆိုရင် ခုထိအောင် လူပေါင်း ၂၅ သန်းကျော် ကူးစက်ခံခဲ့ရပါတယ်။ ဒီလိုဖြစ်စဥ်တွေနဲ့ မကြာခင်မှာပဲ အိန္ဒိယနိုင်ငံမှာ ဟိန္ဒူဘာသာရေး ဘုရားတွေဟာ ဟိန္ဒူဘာသာဝင်တွေကို COVID-19 ကပ်ဘေးရန်ကနေ မကာကွယ်ပေးနိုင်ခဲ့တဲ့အတွက် လူတွေက ဘုရားတွေကို စွန့်ပယ်လာကြပါတယ် ဆိုတဲ့ သတင်းတုတွေ ပြန့်နှံ့လာပါတယ်။ ဒီသတင်းထဲမှာဆိုရင် မြစ်ထဲ၊ မြစ်ကမ်းဘေးနဲ့ လူသွားလမ်းအချို့က ဟိန္ဒူဘာသာရေး ဘုရားတွေရဲ့ ရုပ်တုတွေကိုပါ ဖော်ပြထားပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ တွေးပြီးမှယုံကနေ သတင်းအချက်အလက်စစ်ဆေးခဲ့ရာမှာတော့ သတင်းအမှားဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။ ဟိန္ဒူဘာသာနှင့် ပတ်သက်ပြီး ဘာသာရေး အသိပညာတွေ မျှဝေနေတဲ့ Hindu ဘာသာရေး အသိပညာ အမည်ရှိ Facebook Page ကနေ ဒီသတင်းတွေဟာ […]

ထိုင်းနိုင်ငံဆန္ဒပြပွဲတွေက မွတ်ဆလင်တွေဦးဆောင်တယ်ဆိုတာ တကယ်လား? လက်သုံးချောင်းထောင်တယ်ဆိုတာကကော ဘာအဓိပ္ပါယ်လဲ?

နိုင်ငံတကာ October 18, 2020

40114 Views

သတင်းအမှားထဲမှာဆိုရင် “အစ္စလာမ်ဘာသာဝင်တွေဦးဆောင်ပြီး ဗုဒ္ဓဘာသာဘုရင်ကြီးကို ဖြုတ်ချနေကြကြောင်း၊ ထိုင်းနိုင်ငံဟာ မွတ်ဆလင်နိုင်ငံဖြစ်တော့မယ်၊ လက်သုံးချောင်းရဲ့ အဓိပ္ပါယ်က အလ္လာဟ်ရဲ့ သားသမီးဖြစ်တယ်” ဆိုပြီး အချက်အလက် အမှားတွေနဲ့ ရေးသားဖော်ပြထားကြပါတယ်။

ဘင်္ဂလားဒေ့ရှ်ပိုင်နက်ထဲကို ကျည်ဆံတစ်ခွံကျရုံဖြင့် မြန်မာကိုစစ်ကြေငြာပြီးဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ဟာစီနာက ပြောကြားလိုက်တယ်ဆိုတဲ့ သတင်းတု

နိုင်ငံတကာ September 18, 2020

1504 Views

စက်တင်ဘာ ၁၆ ရက်မှာ “ဘင်္ဂလားဒေ့ရှ်ပိုင်နက်ထဲကို ကျည်ဆံတစ်ခွံကျရုံမျှဖြင့် မြန်မာကို စစ်ကြေငြာပြီးသား ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ဟာစီနာက ပြောကြားလိုက်တယ်လို့ Daily Dhaka News သတင်းစာမှာဖော်ပြခဲ့တယ်” ဆိုတဲ့ သတင်းတုပြန့်နှံ့လာခဲ့ပါတယ်။

ထိုင်းဘက်ကို မြန်မာတွေခိုးဝင်လို့ ပစ်ခတ်ခံရသယောင်ရေးထားတဲ့ သတင်းတု

နိုင်ငံတကာ September 1, 2020

2360 Views

“ထိုင်းထဲကို…ခိုးဝင်မလာကြပါနဲ့…ပစ်မိန့်လည်းထုတ်ထားပြီပြီ…အသိနဲ့သတိရှိပါ လုံးဝ လုံးဝ ခိုးမဝင်ကြပါနဲ့”

ဆိုပြီး လူတွေလဲကျနေတဲ့ပုံကို တွဲတင်ထားပြီး မြန်မာနိုင်ငံက ခိုးဝင်တဲ့သူတွေကို ထိုင်းစစ်တပ်က ပစ်ခတ်နေသယောင် အထင်အမြင်မှားစေမယ့် သတင်းတု ကို ရေးသားထားတာကိုတွေ့ခဲ့ရပါတယ်။