Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံတကာ (Page 2)

မြန်မာ-ဘဂ်လားဒေ့ရှ်နယ်စပ်အနီး စိန့်မာတင်ကျွန်းပေါ်မှာ ဘဂ်လားဒေ့ရှ်စစ်တပ်က လက်နက်ကြီးများ၊ တပ်အင်အား ဖြည့်ဆည်းနေတယ်ဆိုတဲ့ သတင်းတု

နိုင်ငံတကာ May 7, 2020

462 Views

ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ပတ်သတ်ပြီး စစ်ရေးတင်းမာမှုတွေဖြစ်နေတယ်ဆိုတဲ့ သတင်းတုတွေကတော့ ဒီရက်ပိုင်းမှာ အများကြီးပေါ်ထွက်နေပါတယ်။ ဒီတခေါက်မှာဆိုရင်လည်း မြန်မာ-ဘဂ်လားဒေ့ရှ်နယ်စပ်အနီး စိန့်မာတင်ကျွန်းပေါ်မှာ ဘဂ်လားဒေ့ရှ်စစ်တပ်မှ လက်နက်ကြီးများ၊ တပ်အင်အားများဖြည့်ဆည်းနေတယ်ဆိုတဲ့ သတင်းတုကို ဖော်ထုတ်ပေးလိုက်ပါတယ်နော်…

ဘဂ်လားဒေ့ရှ်ဘက်မှ ARSA အင်အား ၁၀၀ ကျော် ပလက်ဝမြို့နယ်အတွင်းသို့ ဝင်ရောက်တိုက်ခိုက်တယ်ဆိုတဲ့သတင်းတု

နိုင်ငံတကာ May 6, 2020

26181 Views

အခုတခေါက်မှာတော့ ရိုဟင်ဂျာကယ်ဆယ်ရေးတပ်မတော် (ARSA) သူပုန် (၁၀၀) ကျော်ကနေ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကို ဝင်ရောက်တိုက်ခိုက်တယ်ဆိုတဲ့ သတင်းတုအကြောင်းကို ဖော်ထုတ်ပေးထားပါတယ်နော်။

ကိုရိုနာဗိုင်းရပ်စ်ကို တရုတ်ဓာတ်ခွဲခန်းတွင် ထုတ်လုပ်ခဲ့ကြောင်း ဂျပန်နိုဗယ်ဆုရှင်မှ ပြောကြားဆိုတဲ့ သတင်းတု

နိုင်ငံတကာ April 30, 2020

188 Views

သူငယ်ချင်းတို့ရေ… ကိုဗစ် ၁၉ နဲ့ ပတ်သက်တဲ့ တွေ့ရှိရတဲ့ သတင်းအချက်အမှားတွေကို တွေးပြီးမှယုံကနေ အစဉ်တစိုက် ဖော်ထုတ်ပေးလျက်ရှိပါတယ်။ ဒီလိုသတင်းအချက်အလက်မှားတွေ လူတွေကို နားလည်မှုလွဲအောင် ပြုလုပ်ဖန်တီးထားတဲ့ သတင်းတုတွေဟာ မြန်မာနိုင်ငံတွင်သာမက တစ်ခြားသောနိုင်ငံများတွင်လည်း တွေ့ကြုံနေရသာ ဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း ဂျပန်နိုင်ငံနိုဘယ်ဆုရှင် ပရော်ဖက်ဆာ တာဆူကုဟွန်ဂျိုက ကိုရိုနာဗိုင်းရပ်စ်ဟာ သဘာဝအတိုင်းဖြစ်လာတာမဟုတ်ဘဲ တရုတ်နိုင်ငံက ဝူဟန်က ဓာတ်ခွဲခန်းတစ်ခုမှာ ထုတ်လုပ်ထားတာဖြစ်ကြောင်းအတည်ပြုလိုက်တဲ့ သတင်းနဲ့ ပတ်သက်ပြီး “ကိုဗစ် ၁၉ သည် လူလုပ်ဗိုင်းရပ်စ်ဖြစ်ကြောင်း သက်သေနဲ့ ဖွင့်ဟလိုက်ပြီ” ဆိုတဲ့သတင်းခေါင်းစဉ်ဟာ ဖေ့ဘွတ်ခ်နဲ့ တခြားလူမှုကွန်ရက်တွေမှာ တော်တော်များများပြန့်နှံ့နေတာကို တွေ့ရှိရခဲ့ရပြီး တွေးပြီးမှယုံကနေ စစ်ဆေးကြည့်တဲ့အခါမှာ သတင်းမှားဖြစ်နေတာကို တွေ့ရှိရပါတယ်။ (၁) ပရော်ဖက်ဆာ ဟွန်ဂျိုဟာ ၂၀၁၈ ခုနှစ်မှာ ကင်ဆာကုထုံးတစ်ခုကြောင့် ဆေးပညာနိုဘယ်ဆု ရရှိခဲ့ပြီး သူ့အနေနဲ့ […]

“AA ဘက်မှာထိုင်းတော်ဝင်တပ်တော်ကြီးပါလာတော့မည်” ဆိုတဲ့သတင်းတု

နိုင်ငံတကာ April 24, 2020

548 Views

ရက္ခိုင့်တပ်တော်(AA) နှင့် တပ်မတော်တို့အကြားစစ်ပွဲတွေပြင်းထန်နေချိန်မှာ လက်နက်ကိုင် နှစ်ဖွဲ့ကြား သတင်းတွေနဲ့ပတ်သတ်လို့ အမျိုးမျိုးသောသတင်းတု၊ သတင်းမှားတွေကို တွေ့ရှိရပါတယ်။

ဒီတစ်ခါမှာတော့Think Before You Trust မှ တွေ့ရှိချက်မှာ မောင်သုတ ဆိုတဲ့အကောင့်တကောင့်မှ “ထိုင်းကတော့စိန်ခေါ်နေပြီ AA ဘက်မှာထိုင်းတော်ဝင်တပ်တော်ကြီးပါလာတော့မည်” ဆိုတဲ့ခေါင်းစဉ်ဖြင့် Bangkok Post သတင်းစာမှပါဝင်တဲ့ ဆောင်းပါးကို ဆီလျှော်အောင်ဘာသာပြန်ထားတယ်ဆိုတဲ့ သတင်းတု တင်ထားတာကိုတွေ့ရပါတယ်။ ထိုသတင်းတုကို Like ၆၀၀၀ကျော်၊ ပြန်လည်မျှဝေသူ ၄၀၀၀ကျော်ရရှိပြီး မကြာခင်မှာပဲ ပို့စ် ဖျက်သွားတာကိုတွေ့ရပါတယ်။ ….

COVID-19 တိုက်ပွဲမှာ အီကွေဒေါ အရှုံးပေးလိုက်ရပြီ ဆိုတဲ့ သတင်းတု

နိုင်ငံတကာ April 13, 2020

216 Views

သူငယ်ချင်းတို့ရေ ဒီတခါမှားယွင်းပြီး ပြန့်နှံ့နေတဲ့ သတင်းတုတစ်ခုကတော့ “Covid-19 တိုက်ပွဲမှာ ပထမဆုံး အရှုံးပေးလိုက်တဲ့ နိုင်ငံ ကတော့ အီကွေဒေါ ဖြစ်ပါတယ် …” ဆိုပြီး ထွက်ပေါ်လာတဲ့ သတင်းတု ပဲဖြစ်ပါတယ်။ ဒီသတင်းဟာဆိုရင် မြခွာညို ဆိုတဲ့ Facebook account ကတင်ထားတာ ဖြစ်ပြီးတော့ Like 3.7 K နဲ့ share 4.7K ထိအောင်ပြန့်နှံ့ နေပြီဖြစ်ပါတယ်။ အီကွေဒေါ နိုင်ငံက ဂွါယာကေးမြို့မှာ ရောဂါကူးစက်နှုန်းမြန်နေတာကြောင့် ကျန်းမာရေးစနစ် ပြိုလဲကျခဲ့တယ်လို့ DVB သတင်းဌာနမှာ ယခုလို ဖော်ပြထားပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဒဏ်ကြောင့် နိုင်ငံတွင်း ဆေးရုံတွေ၊ ရင်ခွဲရုံတွေ၊ ဈာပန ဝန်ဆောင်မှုတွေနဲ့ သင်္ချိုင်းတွေ ဝန်ပိကုန်ပြီး Mortuary Syatem fail down […]

ရှေ့တန်းထွက်မည့် အမေရိကန်စစ်သားတွေရဲ့ သတင်းဓာတ်ပုံအတု

နိုင်ငံတကာ January 8, 2020

395 Views

သူငယ်ချင်းတို့ရေ… အခုဆို လူတွေအများဆုံးစိတ်ဝင်စားနေကြနေတဲ့ သတင်းက အမေရိကန်-အီရန် စစ်ရေးသတင်းပဲဖြစ်ပါတယ်။ အီရတ်ရှိ အမေရိကန် စစ်အခြေစိုက်စခန်းကို အီရန်က တိုက်ခိုက်ခဲ့ပြီးနောက် သတင်းဓာတ်ပုံအမှားတွေ တော်တော်ထွက်ပေါ်လာခဲ့ပါတယ်။ ဒီသတင်းဓာတ်ပုံတွေနဲ့ ပတ်သက်ပြီး တွေးပြီးမှယုံရဲ့ တွေ့ရှိချက်လေးကို ဖော်ပြပေးလိုက်ပါတယ်။ (၁) ဖော်ပြပါ သတင်းဓာတ်ပုံဟာ ၂၀၁၃ ခုနှစ်က ဓာတ်ပုံကို ယူသုံးထားတာ ဖြစ်သလို (၂) နံပတ် (၂) ဓာတ်ပုံဟာလည်း ၂၀၁၂ ခုနှစ်က သတင်းဓာတ်ပုံကို ယူသုံးထားတာ ဖြစ်ပါတယ် ဒီဓာတ်ပုံတွေ အားလုံးနီးပါးဟာ အိမ်ပြန်လာတဲ့ အမေရိကန်စစ်သားတွေရဲ့ ဓာတ်ပုံဟောင်းတွေကို အသုံးပြုပြီး အမေရိကန်-အီရန် စစ်ပွဲတွေ ဖြစ်နေတဲ့အချိန်မှာ လူတွေစိတ်ဝင်စားမှုတွေပေါ် အခြေခံပြီး ထွက်ပေါ်လာတာဖြစ်ပါတယ်။ သူငယ်ချင်းတို့လည်း… ကိုယ်စိတ်ဝင်စားတဲ့ သတင်းတွေထွက်ပေါ်လာတယ်ဆိုရင် အလွယ်တကူမယုံကြည်ပဲ အနီးစပ်ဆုံး တရားဝင်သတင်းမီဒီယာတွေနဲ့ တိုက်ဆိုင်စစ်ဆေးကြည့်သင့်သလို၊ ဖော်ပြထားတဲ့ […]

မြန်မာနိုင်ငံကို တရားစွဲရန် ဂမ်ဘီယာနိုင်ငံကို OIC ဦးဆောင်နိုင်ငံဆော်ဒီမှ ငွေးကြေးထောက်ပံ့ပေးတယ်ဆိုတဲ့ သတင်းမှား

နိုင်ငံတကာ November 28, 2019

210 Views

သူငယ်ချင်းတို့ရေ… တွေးပြီးမှယုံကနေ သတင်းတုဖန်တီးတဲ့သူတွေဟာ ဘယ်လိုသတင်းတုတွေလုပ်လေ့ရှိလဲဆိုတာကို ပြောပြဖူးပါတယ်။ ဒီတခါဖော်ပြပေးမယ့်သတင်းကတော့ သတင်းခေါင်းစဉ်ကိုပြောင်းလဲထားပြီး သတင်းဖြစ်စဉ်အမှန်ကို ကိုယ်လိုချင်သလိုပြောင်းလဲရေးထားတယ့် သတင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ အဲဒီသတင်းကတော့ မြန်မာနိုင်ငံကို ICJ တွင် တရားစွဲထားသည့် ဂမ်ဘီယာနိုင်ငံကို OIC ဦးဆောင်နိုင်ငံဆော်ဒီမှ ကန်ဒေါ်လာ (၉၂.၅) သန်း ထောက်ပံ့ပေးထား ဆိုတဲ့သတင်းပါ။ တကယ်မှာတော့ ဂမ်ဘီယာနိုင်ငံကို ဆော်ဒီနိုင်ငံမှ ထောက်ပံ့ငွေပေးတဲ့ချိန်ဟာ အခုချိန်မဟုတ်ပါဘူး။ ဇွန်လထဲက လက်မှတ်ရေးထိုးပေးခဲ့တာပဲဖြစ်ပါတယ်။ သတင်းဖန်တီးသူဟာ သူငယ်ချင်းတို့နားလည်မှုလွဲအောင်ရေးသား ထားခြင်းသာဖြစ်ပါတယ်။ ဂမ်ဘီယာနိုင်ငံမှ မြန်မာနိုင်ငံကို တရားစွဲခြင်းသည် နိုဝင်ဘာလမှသာဖြစ်သည့်အတွက် ကြောင့် အချိန် ၅ လကြာပြီးမှ ပြန်လည်တက်လာတဲ့ သတင်းဟောင်းတခုသာ ဖြစ်ပါတယ်။ ဆော်ဒီနိုင်ငံမှ ထောက်ပံ့ကြေးပေးရာတွင်လည်း အလွတ်သဘောထောက်ပံ့ပေးတာမျိုးမဟုတ်ပဲ ထောက်ပံ့ငွေ (၂) ခုနဲ့ ချေးငွေ (၂) ခုဆိုပြီး ပေးအပ်ခဲ့ခြင်းဖြစ်ပါတယ်။ ဂမ်ဘီယာနိုင်ငံသည် […]

တရုတ်ပြည်မှ ဝီဂါမွတ်ဆလင်များအား အာဏာပိုင်များမှ ညှဉ်းပန်းနှိပ်စက်နေပုံဆိုတဲ့ သတင်းဓါတ်ပုံ အတု

နိုင်ငံတကာ November 9, 2019

1052 Views

ဒီကနေ့ Zaw Min Htike ဆိုတဲ့ Facebook Account ကန “ တရုတ်ပြည်မှ ဝီဂါမွတ်ဆလင်များအား အာဏာပိုင်များမှ ညှဉ်းပန်းနှိပ်စက်နေပုံများ ထွက်ပေါ်လာ..”ဆိုတဲ့ Caption နဲ့ လူတွေကို ရက်ရက်စက်စက် ညှဉ်းပန်းနေတဲ့ ပုံတွေ တတ်လာပါတယ်။
တွေးပြီးမှ ယုံကနေ သတင်းဓါတ်ပုံကို စစ်လိုက်တဲ့အခါမှ မမှန်ကန်ကြောင်းတွေ့ရပါတယ်။
သတင်းဓါတ်ပုံတွေဟာ ၂၀၀၄ ခုနှစ် အောက်တိုဘာ ၁၉ ရက်နေ့က Weifang City Labor Camp လို့ခေါ်တဲ့ အလုပ်သမားစခန်းတခုမှာ အလုပ်သမားတွေကို နှိပ်စက်တဲ့ …..

TNLA နယ်မြေစခန်းတစ်ခုကို တပ်မတော်မှ ရှင်းလင်းရေး ပြုလုပ်တယ်ဆိုတဲ့ သတင်းမှား

နိုင်ငံတကာ September 18, 2019

292 Views

သတင်းမှားဆိုတာ မိမိတို့သုံးစွဲနေတဲ့ လူမှုကွန်ရက်တွေမှာပါ တွေ့ရလေ့ရှိတတ်ပါတယ်။ ဒီလိုသတင်းမှားတွေကို တကယ်ယုံကြည်မိပြီး ပြန်လည်ကိုးကားတာ၊ အချက်အလက်အနေနဲ့ အသုံးပြုတတ်ကြပါတယ်။ သတင်းမှားပြုလုပ်တဲ့သူတွေဟာ ဓာတ်ပုံတွေကို အသုံးပြုပြီး သတင်းခိုင်မာအောင်လို့ ပြုလုပ်တတ်ပါတယ်။

အိန္ဒိယမှာ လူသတ်ဆူပူသောင်းကျန်းမှုတွေဖြစ်ပွားစေတဲ့WhatsApp

နိုင်ငံတကာ June 24, 2019

254 Views

ဗင်ဒူဂူဝဲ(လ)၊ ဆူဟာစီနီရာ့(ဂျ)နဲ့ပရီယာဒါရှီနီ ရာဗီချန်ဒရန် (Vindu Goel, Suhasini Raj and Priyadarshini Ravichandran) သည် The New York Times သတင်းစာ အတွက်ရေးသားထားသည်ကို ဆီလျော်အောင် မြန်မာဘာသာဖြင့် ပြန်လည်ရေးသားထားခြင်း ဖြစ်ပါသည်။