Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံတကာ (Page 4)

Like တွေ Share တွေဟာ လူသတ်မှုပါပဲ။

နိုင်ငံတကာ December 5, 2018

384 Views

Facebook ပေါ်ကသတင်းအချက်အလက်အမှားတွေ၊လူတွေရဲ့ဒေါသကိုမီးညှိပေးတဲ့ဓာတ်ပုံတွေဟာ နိုင်ဂျီးရီးယားနိုင်ငံ ပလာတူးပြည်နယ်က လူဒါဇင်နဲ့ချီပြီးအသတ်ခံရတဲ့ လူမျိုးစုအကြမ်းဖက်မှုအတွက် အားပေးကူညီခဲ့တာဖြစ်တယ်လို့ နိုင်ဂျီးရီးယားရဲတွေကပြောပါတယ်။

မလေးရှားမှာ ဘုန်းကြီးကို ဘာသာခြားက ရိုက်တယ်ဆိုပြီး လူမျိုးရေး ဘာသာရေး ဆူပူအောင်လှုံ့ဆော်နေတဲ့ ဖွသတင်း

နိုင်ငံတကာ October 16, 2018

931 Views

ဒီတစ်ခါမှာလည်း မလေးရှားနိုင်ငံ အီပိုမြို့၊ မင်္ဂလာရာမဘုန်းကြီးကျောင်းမှာ ရခိုင်ပြည်က ကုလားတွေက ကျောင်းထိုင်ဆရာတော်ကို လာရိုက်တယ်ဆိုပြီး လူမျိုးရေး၊ ဘာသာရေး ဆူပူအောင်လှုံ့ဆော်နေတဲ့ဖွသတင်းတစ်ခုကို …

ကာကွယ်ရေးဦးစီးချုပ်ကို တရုတ်မှာ LED ဘုတ်ထောင်ပြီး ဂုဏ်ပြုတဲ့ ဖွသတင်းတု

နိုင်ငံတကာ October 1, 2018

775 Views

သူငယ်ချင်းတို့ရေ…… တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ မြန်မာနိုင်ငံက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ထောက်ခံတဲ့အနေနဲ့ CCTV 9 မှာ ၂၄နာရီတောင် ဂုဏ်ပြုတယ်ဆိုပြီး သတင်းတစ်ခုကို လူမှုကွန်ရက်စာမျက်နှာမှာဖြန့်ဝေနေတာကို တွေးပြီးမှယုံက တွေ့ရှိခဲ့ပါတယ်။ ဒီသတင်းမှားကို Like ပြုလုပ်သူ တစ်ထောင်ကျော်နဲ့ Share ပြုလုပ်သူ ၈၀၀ ကျော်အထိရှိနေပါပြီ။ ဒီသတင်းတုမှာ LED TVနဲ့ ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ပုံကို တရုတ်နိုင်ငံမှာ ၂၄နာရီထုတ်လွှင့်ပြသခဲ့ပြီး တရုတ်ပြည်သူလူထုအကြားကြည်ရှု့သူ သန်း၈၀၀ကျော်ခဲ့တယ်လို့ဆိုထားပြီး၊ တရုတ်ကနေ မြန်မာကို ကာကွယ်ရေးအသုံးစရိတ်အဖြစ် ဒေါ်လာသန်း၅၀၀ အနှစ်၂၀ အတိုးမဲ့ချေးမယ်လို့ ရေးသားထားပါတယ်။ ပိုစ့်မှာ ကာချုပ်မင်းအောင်လှိုင်ပုံကို LED Board နဲ့ ပြထားတဲ့ ပုံကို ထည့်သွင်းထားပြီး တရုတ်စာနဲ့ ရေးထားတဲ့ မူရင်းပိုစ့်ဆိုတာကိုလည်း ပြထားပါတယ်။ တွေးပြီးမှယုံကနေ ဒီသတင်းရင်းမြစ်နဲ့ […]

မယ်ဆိုင်ဂူထဲမှာ ပိတ်မိနေတဲ့ လူငယ်တွေနဲ့ ပတ်သက်တဲ့ သတင်းတု

နိုင်ငံတကာ July 9, 2018

306 Views

သူငယ်ချင်းတို့ရေ…. မယ်ဆိုင်ဂူထဲမှာ ပိတ်မိနေတဲ့ လူငယ်တွေကို ကယ်ထုတ်လာတဲ့ ဗွီယိုဖိုင်ကို တော်တော် လေးဖြန့်ဝေကြတာ သူငယ်ချင်းတို့လည်း သိပြီးဖြစ်မှာပါ။ ဒါနဲ့ ပတ်သတ်ပြီး Yan Aung ဆို့တဲ့ အကောင့်က တင်ထားတာကို သူငယ်ချင်းတို့ သိရအောင် ပြန်လည်ကူးယူဖော်ပြပေးလိုက်ပါတယ်။ မယ်ဆိုင်ဂူထဲက လူငယ်တွေကို ကယ်ထုတ်လာပုံဆိုပြီး ဖြန့်ဝေနေကြသူများ သိနိုင်ရန်အတွက်ပါ။ Facebook သုံးရင် ချင့်ချိန်သုံးတတ်ဖို့လိုပါတယ်။ တကယ်တော့ ဒီပုံက ၂၀၁၀ ခုနှစ် ဇွန်လ(၂၀) ရက်နေ့က Youtube မှာ Daniel Penez က တင်ထားခဲ့တဲ့ မှတ်တမ်းဗွီဒီယိုထဲက မြင်ကွင်းပါ။ သူငယ်ချင်းတို့ youtube မှာ တင်ထားတဲ့ မူရင်းဖိုင်ကိုကြည့်လို့လည်းရပါတယ်။ #Credit to Yan Aung

သီရိလင်္ကာစစ်တပ်က အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေနဲ့တွေ့ပြီး ဘာတွေပြောခဲ့လဲ

နိုင်ငံတကာ March 14, 2018

292 Views

သူငယ်ချင်းတို့ရေ ဒီတစ်ခေါက်လည်း Excellent News Agency ကတော့ သတင်းတုတွေ လုပ်ချလိုက်ပြန်ပါပြီ။ သူငယ်ချင်းတို့ သတိလက်လွတ်ဖြစ်ပြီး အမှားကြီးကို ယုံမိမှာကို တွေးပီးမှယုံ ကနေစိုးရိမ်မိပါတယ်။ အခုလည်း သီရိလကာၤနိုင်ငံ စစ်တပ်သတင်းဝက်ဆိုက်မှ သတင်းတစ်ခုကို Excellent News Agency က ရည်ရွယ်ချက်ရှိရှိ မှားယွင်းစွာ ဘာသာပြန်ဖော်ပြထားပါတယ်။ ဒါကလည်း ဂျင်းထည့်လို့ကောင်းတဲ့ ဂျင်းသတင်းလုပ်နည်းတစ်ခုပါပဲ။ ဒီသတင်းမှာ အကိုးအကားနဲ့ဖော်ပြထားတာ မတွေ့ရသလို၊ ဘယ်နေ့ ဘယ်ချိန်မှာ ဘယ်နေရာမှာ ဘယ်လိုတွေ့ဆုံခဲ့တယ်ဆိုတာကိုလည်း သေချာဖော်ပြထားတာမရှိပါဘူး။ သူတို့ရဲ့ပုံကို Reverse Image Search နဲ့ ရှာလိုက်တော့ သီရိလကၤာစစ္တပ္ ရဲ့ ဝက်ဆိုက်မှာ သွားတွေ့ပါတယ်။ အဲ့ဒီမှာ သတင်းမှန်ကတော့ မတ်လ ၈ နေ့က “သီရိလင်္ကာနိုင်ငံ စစ်တပ်မှ တာဝန်ရှိသူတွေက အစ္စလာမ်ဘာသာရေး ခေါင်းဆောင်တွေနဲ့ […]