သတင်းစာဖြတ်ပိုင်းပုံ လုပ်ကြံသတင်းတုများဖြန့်​ဝေ​နေ ​

နိုင်ငံရေး October 19, 2021

324 Views

ဒီရက်ပိုင်းမှာ သတင်းစာဖြတ်ပိုင်းပုံ ဖန်တီးထားတဲ့ သတင်းတု​တွေ ပုံစံတူ အများအပြားထွက်​ပေါ်လာ​နေပါတယ်။ ပထမ တစ်ခုကတော့ ရုရှားသမ္မတ ဗလာဒီမာပူတင် က​နေ အာဆီယံကို သတိ​ပေးလိုက်တယ်ဆိုတဲ့ သတင်းတုပါ။ အာဏာသိမ်းစစ်​ခေါင်း​​ဆောင် ဗိုလ်ချုပ်မှူးကြီး မင်း​အောင်လှိုင်ကို အာဆီယံထိပ်သီး အစည်းအ​ဝေး တက်​ရောက်ခွင့် ပိတ်ပင်ခဲ့ပြီး​နောက်မှာပဲ ထွက်​ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ဒီလို ထိပ်တန်းသတင်းနဲ့ ပတ်သက်လို့ နိုင်ငံတကာ မီဒီယာ​တွေနဲ့ ပြည်တွင်းမီဒီယာ​တွေက​နေ ​ဖော်ပြထားတာမျိုး​တွေကို မ​တွေ့ခဲ့ရလို ဒီအ​ကြောင်းအရာနဲ့ ပတ်သက်လို့ အခြားပြည်ပမီဒီယာတွေမှာလည်း ဖော်ပြထားခြင်းမရှိတဲ့အတွက်ကြောင့် သတင်းအတု တပုဒ်သာဖြစ်​ကြောင်း အတည်ပြုခဲ့ပါတယ်။ ​​ နောက်ထပ် သတင်းတစ်ပုဒ်က​တော့ ဒီကနေ့မှာပဲ ထပ်မံထွက်​ပေါ်လာတဲ့ သတင်းစာဖြတ်ပိုင်းပုံ သတင်းတုဖြစ်ပါတယ်။ ဒီ သတင်းဓါတ်ပုံအတုထဲမှာဆိုရင် ပြန်လည်လွတ်​မြောက်လာတဲ့ NLD ထိပ်ပိုင်းခေါင်း​ဆောင် ဦးမုံရွာ​အောင်ရှင် မှ ပြင်ပ​တွင် ​အေးချမ်းစွာ ​နေလိုပြီး […]

ဒေါက်တာ​ဇော်​ဝေစိုးနဲ့ ကိုမင်းကိုနိုင် အ​ယောင်​ဆောင်ပြီး စစ်ကောင်စီထံ လက်နက်ချဖို့ သတင်းတုများဖြန့်​နေ

နိုင်ငံရေး October 13, 2021

1138 Views

NUG ရဲ့ ထိပ်ပိုင်း​ခေါင်း​ဆောင် တဦးဖြစ်သူ ​ဒေါက်တာ​ဇော်​ဝေစိုးနဲ့ ကိုမင်းကိုနိုင်တို့က​နေ လက်နက်ကိုင်​ တော်လှန်​ရေးဟာ ကျဆုံးသွားဖြစ်​ကြောင်းနဲ့ PDF ​တွေအ​နေနဲ့ စစ်​ကောင်စီထံ လက်နက်ချ အညံ့ခံကြဖို့ တိုက်တွန်းထားတဲ့ စာ​တွေဟာ Facebook မှာ အများအပြား ပြန့်နှံ့လာ​နေပါတယ်။ ဒီစာ​တွေမှာဆိုရင် ​ဒေါက်တာ​ဇော်ဝေစိုးနဲ့ ကိုမင်းကိုနိုင်တို့ရဲ့ Facebook အ​ကောင့်​တွေက​နေ တင်ထားသ​​ယောင် ဖန်တီးထားတာ​ကို ​တွေ့မြင်နိုင်ပါတယ်။ နောက်ဆက်တွဲ အ​နေနဲ့​တော့ ပြည်နယ်နဲ့ တိုင်းအသီးသီးမှာ PDF ​တွေက စကစ ထံ တကယ်ပဲ အလင်းဝင်​နေ​ကြောင်း လူဦး​ရေစာရင်းနဲ့ပါ ထပ်မံ ဖြန့်​ဝေလာတာကိုပါ ​သတိထားမိခဲ့ပါတယ်။ တွေးပြီးယုံက​နေ ဒီ စာ​တွေနဲ့ ပတ်သက်လို့ အချက်အလက်စစ်​ဆေးခဲ့ရာမှာ​တော့ အဆိုပါပုဂ္ဂိုလ်​တွေက ​​ရေးသားခဲ့တယ်လို့ သူတို့ရဲ့ Facebook Page ​တွေမှာ မ​တွေ့ခဲ့ရသလို သူတို့က​နေ […]

PDF – လှည်းကူး မှ ဦးဖြိုးမင်းသိန်းနဲ့ မိသားစုကို သတိပေး ဆိုတဲ့ထုတ်ပြန်ချက်အတု

နိုင်ငံရေး October 5, 2021

454 Views

အောက်တိုဘာ ၃ရက်နေ့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်​ကောင်စီ မှ အဂတိလိုက်စားမှုနဲ့ စွပ်စွဲချက်​တွေနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းကနေ သက်သေထွက်ဆိုခဲ့ပါတယ်။ ဒီဖြစ်စဥ်​တွေ ထွက်ပေါ်လာပြီးနောက်မှာ​တော့ Hlegu Defence Force – Hlegu PDF က​နေ စစ်ကောင်စီအလိုတော်ရိ ဖြိုးမင်းသိန်းအား သတိပေးခြင်းဆိုတဲ့ ထုတ်ပြန်ချက်ထွက်ပေါ်ခဲ့ပါတယ်။ ထုတ်ပြန်ချက်ထဲမှာဆိုရင် ​”ဒေါ်​အောင်ဆန်းစုကြည်ကို သစ္စာ​ဖောက်ခဲ့တဲ့ အတွက်၊ ​ဇနီး​ ​ဒေါ်ခင်မိမိကြွယ်အပါအဝင် သူရဲ့ ​ဆွေမျိုးအားလုံးရဲ့ အသကွလုံခြုံမှုကို အာမခံ မခံနိုင်​ကြောင်း ​ကြေငြာလိုက်သည်။” လို ​ဖော်ပြထားပါတယ်။ ဒီ​ကြေငြာချက်​နဲ့ ပတ်သက်လို့အချက်အလက် စစ်​ဆေး​ပေးရန် တွေးပြီးမှယုံကို ပြည်သူတဦးမှ လာရောက်ပေးပို့ခဲ့ပါတယ်။ ဒီသတင်းကို တွေးပြီးမှယုံကနေ စစ်ဆေးကြည့်ရာမှာ​တော့ Hlegu Defence Force – Hlegu PDF page […]

KNLA တပ်မဟာ ၅ မှာ မုဒိန်းကျင့်ခံထားရတဲ့ အမျိုးသမီးအ​လောင်း​တွေ ​တွေ့တယ်ဆိုတဲ့ လုပ်ကြံသတင်း

နိုင်ငံရေး September 18, 2021

277 Views

ဒီသတင်းကို ​ဒေါင်း နိုင် မင်း ဆိုတဲ့ နာမည်နဲ့ ​​ဖေ့ဘွတ် အ​ကောင့်တစ်ခုက​နေ ဩဂုတ်၊ ၁၈ ရက်​နေ့ ည​နေ့ပိုင်းမှာ ဖြန့်​ဝေလာပါတယ်။ ဗွီဒီယိုဖိုင်ထဲမှာ ဆိုရင် ​လူ​သေအ​လောင်း​တွေကို စစ်​ကောင်စီတပ်သား​တွေက ​မြေမြုပ်​ပေး​နေတဲ့ ဗွီဒီယိုဖိုင်တခုနဲ့အတူ “ကဲTGကရုပ်သံကြည့်ကျပါ တောခိုမိဘတွေ KNLAတပ်မဟာ5ကိုဝင်ရှင်းတော့အစုလိုက် အပြုံလိုက် ကျားမရောရာ သတ်ဖြတ်ခံထားရတဲ့..GZ450ကို တပ်မတော်သားတွေကမြေမြှုပ်ပေးရတယ် မျက်ရည်ကျပြီး အမျိုးသမီး121ယောက်ပါတယ် မုဒိမ်းကျင့်သတ်ထားတာ Kmh” စသဖြင့် ​ရေးသားထားပါ​သေးတယ်။ ဖြန့်​ဝေချိန် တနာရီ​​ကျော်အကြာအတွင်းမှာ ပြန်လည်မျှ​ဝေသူ ၁၀၀၀​ကျော် နဲ့ ကြည့်ရှု့သူ​ပေါင်း ၆၀၀၀ ​ကျော် ရှိ​နေပြီ ဖြစ်ပါတယ်။ ဒီသတင်းနဲ့ ပတ်သက်လို့ ​တွေးပြီးမှယုံက​နေ အချက်အလက် စစ်​ဆေးကြည့်ရာမှာ​တော့ တခြားဖြစ်စဥ်တခုမှ ဗွီဒီယိုဖိုင်ကို ပြန်လည် အသုံးချ၍ ဝါဒဖြန့် သတင်းတု လွှင့်ထားတာကို ​တွေ့ခဲ့ရပါတယ်။ […]

ဗွီဒိုယို ဖိုင် အ​ဟောင်းကို ပြန်သုံးပြီး ချင်းပြည်မှာ ဖြစ်ခဲ့တဲ့ သတင်းအဖြစ် အ​ယောင်​ဆောင် ဖြန့်​ဝေ​နေ

နိုင်ငံရေး September 13, 2021

604 Views

စက်တင်ဘာ၁၀ရက်နေ့ မနက်ပိုင်း စစ်ကောင်စီရဲ့ ပစ်ခတ်မှုတွေလို့ ရည်ညွှန်းထားပြီး Min Min, Ro Thiha Hlaing စတဲ့ အမည်နဲ့ ဖေ့ဘုတ်အကောင့်တွေက စက်တင်ဘာ ၁၀ ရက်နေ့နဲ့ ၁၁ ရက်နေ့မှာ အသီးသီးဖြန့်ဝေထားပါတယ်။ ပြန်လည်မျှဝေသူစုစုပေါင်း ၆ ထောင်ကျော်ရှိနေပြီပဲ ဖြစ်ပါတယ်။ ဗီဒီယိုဖိုင်မှာဆိုရင် ချင်းပြည်နယ် ထန်တလန်မြို့ (Lungler) ကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ပစ်ခတ်နေတဲ့ မှတ်တမ်းဗီဒီယိုလို့ ဖော်ပြထားပါတယ်။

Mytel တာဝါတိုင်​စောင့်​နေတဲ့ တင့်ကားကို PDF က ပစ်ခတ်လိုက်တယ်ဆိုတဲ့ ဗွီဒီယိုအတု

နိုင်ငံရေး September 12, 2021

729 Views

ဒီသတင်းကို ဟန်သဲ သူ နာမည်နဲ့ အ​ကောင့်မှ စတင်ဖြန့်​ဝေခဲ့ပြီး Like, React ပြုလုပ်သူ​ပေါင်း ၆၉၉ ဦး နဲ့ ပြန်လည်မျှ​ဝေသူ​ပေါင်း ၂၀၃ ဦးအထိ ရှိခဲ့ပါတယ်။ သတင်းကြည့်ရှု့သူ​ပေါင်း ၅၂၀၀ ​ကျော်လည်း ရှိ​နေပြီ ဖြစ်ပါတယ်။သတင်းမှာဆိုရင် “Mytel တာဝါတိုင်​စောင့်​နေတဲ့ စစ်​ကောင်စီ တင့်ကားကို PDF က​နေ ​လှော်လိုက်တယ်”ဆိုပြီး တင့်ကားတစီးကို လက်နက်တခုနဲ့ ပစ်ခတ်ဖျက်ဆီးထားတဲ့ ဗွီဒီယိုဖိုင် တခုကို ဖြန့်​ဝေထားတာဖြစ်ပါတယ်။ သတင်းမှာပါတဲ့ ဗွီဒီယိုဖိုင်ကို ​တွေးပြီးမှယုံအ​နေနဲ့ အချက်အလက်​စစ်​ဆေးခဲ့ရာမှာ​တော့ တခြားနိုင်ငံမှ ဖြစ်စဥ်တခုကို ပြန်လည်အသုံးပြုပြီး ဒီ​မော့ဆို မြို့မှာ ဖြစ်​နေသ​ယောင် ဖန်တီးထားတဲ့ သတင်းအတု ဖြစ်​နေတာကို ​တွေ့ခဲ့ရပါတယ်။ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်​နေ့က၊ အီရတ်နိုင်ငံ၊ မိုရ်ဆူးမြို့အနီးမှာ […]

ဒီးမော့ဆိုရဲစခန်းကို ကရင်နီတပ်တွေ သိမ်းပိုက်ထားဆဲ ဆိုတဲ့ သတင်းနဲ့ ​နောက်ဆက်တွဲများ

နိုင်ငံရေး September 8, 2021

661 Views

ကယားပြည်နယ်(ကရင်နီပြည်)မှာ စက်တင်ဘာ ၇ရက်နေ့ ညပိုင်းက ကရင်နီအမျိုးသားတပ်မတော်(KNDF)နဲ့ မဟာမိတ်တပ်တွေ ဒီးမော့ဆိုရဲစခန်းကို ဝင်ရောက်တိုက်ခိုက်မှုများရှိခဲ့ပါတယ်။ ဝင်ရောက်တိုက်ခိုက်ပြီးနောက် စက်တင်ဘာ ၈ရက်မှာတော့ ဒီးမော့ဆိုရဲစခန်းကို ကရင်နီတပ်တွေ ဆက်လက်ထိန်းချုပ်ထားနိုင်ကြောင်း သတင်းတွေတက်လာပါတယ်။

ပုံအ​ဟောင်း​တွေ ပြန်တင်ပြီး သတင်းတု ဖြန့်​နေ

နိုင်ငံရေး September 7, 2021

679 Views

အမျိုးသားညီညွတ်​ရေးအစိုးရ(NUG) ရဲ့ ဒုသမ္မတဦး.. မှ စက်တင်ဘာ၊ ၇ (ဒီ​နေ့) မနက်ခင်းပိုင်းမှာ ပြည်သူများအ​နေဖြင့် အာဏာသိမ်းစစ်​ကောင်စီကို လှည်​နေလှည်း​အောင်းမြင်း​ဇောင်းမကျန် တိုက်ထုတ်ကြရန် မိန့်ခွန်း​ပြောကြားခဲ့သည်။အဲ့ဒီ ဖြစ်စဉ်နဲ့ မရှေ့မနှောင်းမှာပဲ ရန်ကုန် မန္တလေးနဲ့ အချို့မြို့ကြီးတွေမှာ စစ်ဖြစ်နေတယ်ဆိုတဲ့ အတည်ပြုရခက်ခဲတဲ့ သတင်းတွေ အင်တိုက်အားတိုက် ထွက်ပေါ်လာနေပါတယ်။ အခုဆိုရင်လည်း U Ngel Lay နာမည်နဲ့ ​ Facebook Acc တခုက​နေ ဒီသတင်းဓါတ်ပုံက စတင်ဖြန့်​ဝေထားပြီး​တော့ Like, React 9700 ​ကျော်နဲ့ Share 13000 ​ကျော်ရှိ​နေပြီပဲဖြစ်ပါတယ်။သတင်းနဲ့ ဓါတ်ပုံကို စစ်​ဆေးခဲ့ရာမှာ​တော့ မတ်၊ ၁၅ ရက်​နေ့က မရမ်းကုန်း(၁) ရပ်ကွက်၊ ဘုရင့်​နောင့် နှစ်ထပ်တံတားမှ အာဏာသိမ်းစစ်​ကောင်စီအား ဆန့်ကျင့်သပိတ်​မှောက်​နေတဲ့ ဓါတ်ပုံကို ပြန်လည် အသုံးပြု […]

လိုင်း​ပေါ်က လက်နက်ပုံ​တွေကိုသုံးပြီး မြန်မာနိုင်ငံအတွက် အကူအညီ ရလာသ​ယောင် သတင်းတုဖြန့်

နိုင်ငံရေး August 31, 2021

379 Views

ဒီသတင်းကို ကချင်မြေ Global Media ဆိုတဲ့ page ကနေ ဩဂုတ်၊ ၃၁(ဒီ​နေ့) မှာပဲ တင်ခဲ့တာဖြစ်ပါတယ်။ သတင်းထဲမှာဆိုရင် လက်နက်ပုံများနဲ့အတူ ပြည်ပမှအလှူရှင်များရောက်ပါပြီဆိုပြီး ရေးသားထားတာတွေ့ရပါတယ်။ သတင်းကို Like & react ပြုလုပ်သူ ၁၅၀၀ကျော်ရှိနေပြီး ပြန်လည်မျှဝေသူပေါင်း ၁၇၅ဦးရှိနေပြီဖြစ်ပါတယ်။ သတင်းမှာ အသုံးပြုထားတဲ့လက်နက်ပုံတွေကို တွေးပြီးမှယုံက စစ်ဆေးခဲ့ရာမှာတော့ မြန်မာနိုင်ငံကဓာတ်ပုံတွေမဟုတ်ကြောင်းတွေ့ရှိခဲ့ရပါတယ်။ ဒါ့အပြင်ဒီပုံတွေဟာလည်း ၂၀၂၀ နဲ့ ၂၀၀၅ ခုနှစ်တွင်းက ​Facebook Page တစ်ခုနဲ့ နိုင်ငံခြားက Website တစ်ခုကပုံတွေကိုကူးယူဖော်ပြထားတာ ဖြစ်ကြောင်းတွေ့ရှိခဲ့ရပါတယ်။အောက်က Link တွေမှာသွားရောက်ကြည့်ရှုလို့ရပါတယ်။ Link Link လတ်တလောတွင် သတင်းတုဖန်တီးသူများဟာ ပြည်သူတွေကို False hope တွေပေးပြီး သတင်းတုဖန်တီးနေတာကိုတွေ့ရှိရပါတယ်။ မိမိအနေနဲ့ သတင်းတပုဒ်ကို ဖတ်တော့မယ်ဆိုရင်လည်းလွတ်လပ်တဲ့ တရားဝင် […]

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမှာ KIA ထံ လက်နက်ချလိုက်တဲ့ စစ်ကောင်စီတပ်များဟု ဆိုကာ ပုံဟောင်းများ ပြန့်နှံ့နေ

နိုင်ငံရေး August 30, 2021

615 Views

ဒီကနေ့ ဩဂုတ် ၃၀ ရက်နေ့မှာ ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးတွင် KIA ထံလက်နက်ချလိုက်တဲ့ စစ်ကောင်စီတပ်သားများ လို့ ရည်ညွှန်းထားပြီး ပုံအတုတွေကို အသုံးပြုထားတဲ့ သတင်းတစ်ခု ပြန့်နှံ့နေပါတယ်။ ဒီသတင်းတုကို ဦးရဲ ဆိုတဲ့ ဖေ့ဘုတ်အကောင့်တစ်ခုက ဖြန့်ဝေထားပြီး ပြန်လည်မျှဝေသူ ၅၀၀ ကျော်နေပြီပဲဖြစ်ပါတယ်။ ဒါ့အပြင် ပြန်လည်ကူးယူတင်ပြသူများလည်း အများအပြားရှိနေခဲ့တာပဲ ဖြစ်ပါတယ်။   ဒီသတင်းမှာပါတဲ့ ပုံကို စစ်ဆေးကြည့်ရာမှာတော့ ၂၀၂၀ ခုနှစ် ဧပြီလက ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမှ စစ်တွေသို့ တရားဆွဲရန် ဖမ်းဆီးခေါ်ဆောင်လာတဲ့ အရပ်သားများကို စစ်တပ်ဘက်မှ နှိပ်စက်တဲ့ ပုံတွေပဲဖြစ်ပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး ၂၀၂၀ ဧပြီလမှာပဲ Myanmar Now က “ရေယာဉ်ပေါ်တွင်ညှဉ်းပန်းနှိပ်စက်မှု မှန်ကန်ကြောင်း တပ်မတော်ဝန်ခံ” ဆိုတဲ့သတင်းအပြင် “ရေယာဉ်ပေါ်ထိုးကြိတ်ကန်ကျောက်ခံရသူ […]