အခုတစ်ခေါက်မှာတော့ မင်းရန်အောင်ဆိုတဲ့အကောင့်က နိုဝင်ဘာ ၁၈ရက်နေ့မှာ “အနိုင်ရရှိခဲ့တဲ့ NLD ပါတီကြီးမှ အစိုးရမဖွဲ့ခင် ပထမဆုံး ပွဲဦးထွက်အနေနဲ့ ၂၀၀၆ ခုနှစ်က ဘာသာရေးပဋိပက္ခအတွင်း ဖျက်ဆီးခံထားရတဲ့ စလင်းဗလီကို ပြန်ဖွင့်ပေးလိုက်ပါပြီခင်ဗျား…”ဆိုပြီး ဒီမှာ သတင်းတုတင်ခဲ့ပါတယ်။ ဒီသတင်းကို တွေးပြီးမှယုံက တွေ့ရှိချိန်တွင် ပြန်လည်မျှဝေသူပေါင်း ၁၁၂၀ ယောက်ရှိနေပြီဖြစ်ပါတယ်။သတင်းတုကို တွေးပြီးမှယုံက စစ်ဆေးကြည့်ရာ…• မကွေးတိုင်းဒေသကြီး၊ စလင်းမြို့မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ဦးသက်ခိုင်ကို ဖုန်းနဲ့ ဆက်သွယ်မေးမြန်းကြည့်ရာမှာတော့ “ဗလီက NLD အောင်နိုင်လို့ မနေ့ကမှ စဖွင့်ပေးတာမဟုတ်ပါဘူး။ ပြန်ဖွင့်ခွင့်ပေးတာ၂၀၁၉ ခုနှစ်ထဲကဖြစ်ပြီး ၁နှစ်လောက်ရှိနေပါပြီ။ COVID မဖြစ်ခင်ကတော့ ဝတ်ပြုလို့ရအောင်နဲ့ သန့်ရှင်းရေးလုပ်လို့ရအောင် ပြန်ဖွင့်ပေးထားတာပါ။ မနေ့က စဖွင့်တယ်ဆိုတာ မဟုတ်ပါဘူး” ဆိုပြီးဖြေကြားပေးထားပါတယ်။• စလင်းမြို့မှ ဒေသခံအစ္စလာမ်ဘာသာဝင်တစ်ဦးကိုလည်းမေးမြန်းကြည့်ရာမှာတော့ “မနေ့က ပြန်ဖွင့်ပေးတာမဟုတ်ပါဘူး။ ၂၀၁၉ […]
၂၀၂၀ရွေးကောက်ပွဲမှာ မင်းကင်းမြို့နယ်ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးမောင်မြင့်ဟာ ဘာသာရေးကို အခြေခံတဲ့ သတင်းအချက်အလက်မှားတွေနဲ့ မဲဆွယ်စည်းရုံးမှုပြုလုပ်ခဲ့ပါတယ်။ အောက်တိုဘာ ၂ ရက်နေ့က ဦးမောင်မြင့်ရဲ့ မင်းကင်းမြို့နယ် ကျွန်းတောရွာမှာ ဘာသာရေးကို ထိပါးစေနိုင်တဲ့ သတင်းမှားနဲ့ မဲဆွယ်စည်းရုံးဟောပြောမှု အချို့ကိုဖော်ပြပေးလိုက်ပါတယ်။
သတင်းအမှားထဲမှာဆိုရင် “အစ္စလာမ်ဘာသာဝင်တွေဦးဆောင်ပြီး ဗုဒ္ဓဘာသာဘုရင်ကြီးကို ဖြုတ်ချနေကြကြောင်း၊ ထိုင်းနိုင်ငံဟာ မွတ်ဆလင်နိုင်ငံဖြစ်တော့မယ်၊ လက်သုံးချောင်းရဲ့ အဓိပ္ပါယ်က အလ္လာဟ်ရဲ့ သားသမီးဖြစ်တယ်” ဆိုပြီး အချက်အလက် အမှားတွေနဲ့ ရေးသားဖော်ပြထားကြပါတယ်။
ဒီသတင်းကို Shwe Lay ဆိုတဲ့အကောင့်က အောက်တိုဘာ ၂ရက်နေ့ ည၉နာရီ ၄မိနစ်မှာတင်ခဲ့ပါတယ်။ Shwe Lay ဆိုတဲ့အကောင့်က “ဘားလမ်းမွတ်စလင် အခမဲ့ဆေးခန်းတွင် သွားရောက်ကုသသူ ရဟန်းရှင် လူ သက်ကြီးရွယ်အိုများဟာ အစ္စလာန်ဘာသာထဲဝင်ရန် စည်းရုံးခံရ” ဆိုပြီး သတင်းတုရေးသားခဲ့ပါတယ်။
ခုလတ်တလောလိုင်းပေါ်မှာ ပြန့်နှံ့နေတဲ့ သတင်းတုတစ်ခုအကြောင်း ရှင်းပြချင်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ချိတ်ဆွဲထားတဲ့ ပုံတွေကို အစ္စလာမ်ကျမ်းအဆိုအမိန့်တွေ ဖြစ်တဲ့အကြောင်း သတင်းတု တစ်ခု ပြန့်နှံ့နေပါတယ်။
ဇွန်လ ၂၂ ရက်နေ့မှာ May Lwan ဆိုတဲ့ Facebook Account ကနေ တင်ထားပြီး အခုလက်ရှိမှာတော့ ပြန်လည်မျှဝေတဲ့သူ ၉ ထောင်ကျော်နေပါပြီ။
ခုတခေါက်ပြန့်နှံ့လာတဲ့ သတင်းတု တစ်ခုကတော့ “ရှေ့ဆက်ဖြစ်လာမယ့် ကိုရိုနာ ကပ်ရောဂါအကြောင်း မိန့်ကြားလိုက်တဲ့မိုင်းဖုန်းဆရာတော်” ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။
ဇွန်လ (၁၃) ရက်နေ့မှာ 48 News ဆိုတဲ့ website တစ်ခုက “ရှေ့ဆက်ဖြစ်လာမယ့် ကိုရိုနာ ကပ်ရောဂါအကြောင်း မိန့်ကြားလိုက်တဲ့မိုင်းဖုန်းဆရာတော်” လို့သတင်းခေါင်းစဉ်တပ်ထားတဲ့ သတင်းတု တစ်ခုဖြန့်ဝေခဲ့ပါတယ်။ သတင်းမှာဆိုရင် …..
ဇွန်လဆန်းပိုင်းမှ ပြန့်နှံ့လာတဲ့ “မွတ်ဆလင်ပြည်လုံးကျွတ်ညီလာခံကို NLD ပါတီက ကူညီမယ်” ဆိုတဲ့ သတင်းတုအကြောင်းကို တွေးပြီးမှယုံက ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
သူငယ်ချင်းတို့ရေ……. အခုတစ်ခေါက်ကတော့ MPT Myanmar နာမည်အသုံးပြုပြီး ဘာသာရေးအမုန်းပွားမှုများ၊ ဘာသာရေးပဋိပက္ခများဖြစ်ပေါ်လာအောင် လှုံ့ဆော်နေတဲ့ ပေ့ချ်အတုတစ်ခုအကြောင်းကို ပြောပြပေးချင်ပါတယ်။ ဒီပေ့ချ်အတုဟာဆိုရင် ၂၀၁၈ခုနှစ်၊ သြဂုတ်လ ၁၂ရက်နေ့မှာ စတည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံက လူလေးဦး စီမံခန့်ခွဲနေတယ်လို့ ဖော်ပြထားပါတယ်။ ဖုန်းအော်ပရေတာတစ်ခုဖြစ်တဲ့ MPT ရဲ့ အမည်ကို ယူသုံးထားပြီး ဖုန်းအော်ပရေတာနှင့် သက်ဆိုင်သည့် သတင်းများကို တင်ဆက်မှုမရှိပဲ သတင်းတုများ၊ ဘာသာရေးပဋိပက္ခများကို ဦးတည်စေနိုင်တဲ့ အမုန်းစကားတွေနဲ့ ဖုန်းဘေလ် ကံစမ်းမဲ ဖောက်ပေးသည့် သတင်းတုများကို တင်နေတဲ့ ပေ့ချ်အတုဟာဆိုရင် အခုလက်ရှိကို Like 50699, Follower 53435 ထိ ရှိနေပြီပဲဖြစ်ပါတယ်။ ပေ့ချ်မှာ ခရစ်ယာန်နဲ့ ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာနဲ့ ဗုဒ္ဓဘာသာ တို့အကြား ပဋိပက္ခတွေကို ဦးတည်စေနိုင်တဲ့ အမုန်းစကား နဲ့ […]
ဒီညမှ ပြန့်နှံ့နေတဲ့ သတင်းတုတစ်ခုကို သူငယ်ချင်းတို့သိရှိပြီးဖြစ်ကြမယ်လို့ တွေးပြီးမှယုံ ကမျှော်လင့်ပါတယ်။ အဲ့ဒီသတင်းတုကတော့ အစ္စလာမ်ဘာသာဝင်များရဲ့ အိုလမာ အစ္စလာမ်သာသနာ့ပညာရှင်များအဖွဲ့ချုပ်မှ ထုတ်ပြန်တဲ့စာ ဆိုပြီး စာအတုတစ်ခု ထွက်ပေါ်နေတာပဲဖြစ်ပါတယ်။ အဲ့ဒီစာကို စစ်ပေးဖို့ တွေးပြီးမှယုံ page ကိုပေး ပို့လာတဲ့အတွက် စစ်ဆေးလိုက်တဲ့အခါမှာ ပေးပို့လာတဲ့စာဟာအတုဖြစ်နေတာကို တွေ့ရှိရပါတယ် …..
ဆရာတော် ဒေါက်တာနန္ဒာမာလာဘိဝိသံ ပါမောက္ခချုပ် တာဝန်မှ အနားယူခြင်းနဲ့ ပတ်သက်ပြီး သတင်းတုတွေ ပြန်နှံ့နေတာကို တွေ့ရှိရပါတယ်။ သတင်းမှားပြုလုပ်တဲ့သူတွေဟာ လူတွေစိတ်ဝင်စားမှုကို အဓိက ပစ်မှတ်ထားပြီး ထင်ယောင်ထင်မှားဖြစ်အောင် ပြုလုပ်လေ့ရှိပါတယ်။
ဒီလိုပြုလုပ်တဲ့သူတွေဟာ သတင်းခေါင်းစဉ်တွေ သတင်းဓာတ်ပုံ……