Home>>ကျန်းမာရေးနှင့် ဘေးအန္တရာယ်

ကိုဗစ်မျိုးစိတ်ကွဲ ဧရာဝတီစင်တာမှာ စတင်တွေ့ရှိ ဆိုတဲ့ သတင်းအမှား

ကျန်းမာရေးနှင့် ဘေးအန္တရာယ် January 10, 2021

359 Views

ကိုဗစ်-၁၉ နဲ့ ပတ်သက်လို့ သတင်းအမှားတွေ၊ သတင်းအတုတွေကတော့ ပုံစံမျိုးစုံထွက်ပေါ်လေ့ရှိပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကလည်း ကမ္ဘာနဲ့ တလွှားတွေ့ရှိတာတွေမှာ မျိုးစိတ်တွေ အမြဲပြောင်းလဲနေတော့ သတင်းတုတွေ ထွက်ပေါ်လာဖို့ တွန်းအားပေးရာ ရောက်နေပါတယ်။ အခုဆိုရင်လည်း ကိုဗစ်-၁၉ မျိုးစိတ်အသစ်ကို ဧရာဝတီစင်တာမှာ စတင်တွေ့ရှိနေရပြီ ဆိုပြီး သတင်းတွေ လူမှု့ကွန်ယက်မီဒီယာမှာ ပျံ့နှံ့နေပါတယ်။ ဒီသတင်း အမှားတွေကိုတော့ ဒီနေရာ နဲ့ ဒီနေရာ မှာ ဖြန့်ဝေနေတာဖြစ်ပါတယ်။ ဒီသတင်းနဲ့ ပတ်သက်လို့ တွေးပြီးမှယုံကနေ အချက်အလက်စစ်ဆေးခဲ့ရာမှာတော့ အောက်ပါအချက်အလက်တွေအရ သတင်းအမှားဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးတစ်ဦးဖြစ်သူ ဒေါက်တာခင်ခင်ကြီး ရဲ့ Facebook Account မှ လည်း ဒီသတင်းဟာ သတင်းမှား ဖြစ်တယ်လို့ အခုလို ဖြေရှင်းထားပါတယ်။        […]

“ရန်ကုန်မြို့မှာ ကိုဗစ်-၁၉ ကြောင့် လူတွေလမ်းပေါ်မှာ သေနေပြီဆိုတာ တကယ်လား?”

ကျန်းမာရေးနှင့် ဘေးအန္တရာယ် October 7, 2020

1620 Views

ဒီသတင်းကို ဦးသိန်းစိန်(သမ္မတဟောင်း)အကြံပေး Nay Zin Latt ရဲ့ အကောင့်မှ အောက်တိုဘာလ၊ ၆ရက်နေ့မှာ စတင်ဖြန့်ဝေထားခဲ့ပြီး ယခုချိန်ထိ ပြန်လည်မျှဝေသူပေါင်း ၅၄၃ ဦးထိရှိနေခဲ့ပြီဖြစ်ပါတယ်။

ရန်ကုန်မြို့ကို Lockdown ချမယ်ဆိုတဲ့သတင်းတု

ကျန်းမာရေးနှင့် ဘေးအန္တရာယ် October 4, 2020

2165 Views

ဒီရက်ပိုင်းထဲမှာဆိုရင် ရန်ကုန်မြို့ကို Lockdown ချမယ်ဆိုတဲ့ ကောလဟာလတွေ၊ သတင်းအမှားတွေက Facebook ပေါ်မှာတင် ပျံ့နှံ့နေမဟုတ်ပဲ၊ messenger ကနေတဆင့်ပါ အသံဖိုင်တွေနဲ့ လိုက်ဖြန့်နေတာကို တွေးပြီးမှယုံ ကနေ တွေ့ရပါတယ်။

ဘားလမ်း မွတ်ဆလင်အခမဲ့ဆေးခန်းသို့ သွားရောက်ကုသတဲ့ ရဟန်းများနဲ့ သက်ကြီးရွယ်အိုများစည်းရုံးခံရ ဆိုတဲ့သတင်းတု

ကျန်းမာရေးနှင့် ဘေးအန္တရာယ် October 3, 2020

12779 Views

ဒီသတင်းကို Shwe Lay ဆိုတဲ့အကောင့်က အောက်တိုဘာ ၂ရက်နေ့ ည၉နာရီ ၄မိနစ်မှာတင်ခဲ့ပါတယ်။ Shwe Lay ဆိုတဲ့အကောင့်က “ဘားလမ်းမွတ်စလင် အခမဲ့ဆေးခန်းတွင် သွားရောက်ကုသသူ ရဟန်းရှင် လူ သက်ကြီးရွယ်အိုများဟာ အစ္စလာန်ဘာသာထဲဝင်ရန် စည်းရုံးခံရ” ဆိုပြီး သတင်းတုရေးသားခဲ့ပါတယ်။

နီလာဒန်ပေါက် ဆိုင်ပိုင်ရှင် ကိုဗစ်-၁၉ နဲ့ ကွယ်လွန်ပြီး Food Delivery ၇၀ ကူးစက်ခံရတယ်ဆိုတဲ့ သတင်းတု

ကျန်းမာရေးနှင့် ဘေးအန္တရာယ် October 2, 2020

2226 Views

“နီလာဒန်ပေါက် ဆိုင်ပိုင်ရှင် ကိုဗစ်-၁၉ နဲ့ ကွယ်လွန်ပြီး Food Delivery ၇၀ ကူးစက်ခံရတယ်” ဆိုတဲ့ သတင်းတုဟာ ဖေ့ဘွတ်စ်စာမျက်နှာပေါ်မှာ အများအပြားပျံ့နှံ့နေပါတယ်နော်။ Food Delivery ၇၀ ကူးစက်ခံရတယ်ဆိုတဲ့ သတင်းကို Derick Soe ဆိုတဲ့ အကောင့်ကနေ အောက်တိုဘာ၊ ၁ရက်နေ့က စတင်ဖြန့်ဝေထားပြီး ပြန်လည်မျှဝေသူပေါင်း ၄၂၀၀ ကျော်ထိရှိခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် COVID-19ရောဂါပိုး ကူးစက်ခံရတယ်ဆိုတဲ့ သတင်းတု

ကျန်းမာရေးနှင့် ဘေးအန္တရာယ် September 23, 2020

1837 Views

ဒီသတင်းကို Forward media group ကနေ စက်တင်ဘာလ ၂၃ရက်၊ နေ့လည် ၁၂နာရီချိန်မှာ “နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် တတိယအကြိမ် ဆေးစစ်ချက် COVID-19 ရောဂါပိုး Positive အဖြေထွက်” ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းတုဖြန့်ဝေခဲ့ပါတယ်။

ထိုင်းဘက်ကို မြန်မာတွေခိုးဝင်လို့ ပစ်ခတ်ခံရသယောင်ရေးထားတဲ့ သတင်းတု

ကျန်းမာရေးနှင့် ဘေးအန္တရာယ် September 1, 2020

1408 Views

“ထိုင်းထဲကို…ခိုးဝင်မလာကြပါနဲ့…ပစ်မိန့်လည်းထုတ်ထားပြီပြီ…အသိနဲ့သတိရှိပါ လုံးဝ လုံးဝ ခိုးမဝင်ကြပါနဲ့”

ဆိုပြီး လူတွေလဲကျနေတဲ့ပုံကို တွဲတင်ထားပြီး မြန်မာနိုင်ငံက ခိုးဝင်တဲ့သူတွေကို ထိုင်းစစ်တပ်က ပစ်ခတ်နေသယောင် အထင်အမြင်မှားစေမယ့် သတင်းတု ကို ရေးသားထားတာကိုတွေ့ခဲ့ရပါတယ်။

ကိုဗစ်-၁၉ ကို ခုတုံးလုပ်ပြီး ရခိုင်-ဗမာ ပဋိပက္ခဖြစ်စေရန် ရည်ရွယ်တဲ့ သတင်းတု

ကျန်းမာရေးနှင့် ဘေးအန္တရာယ် August 27, 2020

21715 Views

ရခိုင်ပြည်နယ်ကနေ ဖြစ်ပွားခဲ့တဲ့ တကျော့ပြန် ကိုဗစ်-၁၉ ကို အခြေခံပြီး ရခိုင်-ဗမာ သတင်းတုတွေထွက်ပေါ်လာနေပါတယ်။ အခုတစ်ခေါက်မှာဆိုရင်လည်း ရခိုင်-ဗမာ တိုင်းရင်းသား အချင်းချင်းကြား ပဋိပက္ခဖြစ်စေဖို့ ရည်ရွယ်ထားတဲ့ သတင်းတု တစ်ခုထွက်ပေါ်လာခဲ့ပါတယ် ….

ဗီယက်နမ်နိုင်ငံမှာ လူဦးရေ ၁၅၀၀ ကျော် တစ်ရက်တည်းနဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတယ်ဆိုတဲ့ သတင်းတု

ကျန်းမာရေးနှင့် ဘေးအန္တရာယ် August 11, 2020

1469 Views

ဩဂုတ်လ ၆ ရက်နေ့က စတင်ပြီး ဗီယက်နမ်နိုင်ငံမှာ တရက်တည်းနဲ့ လူဦးရေ ၁၅၀၀ ကျော် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတယ်ဆိုတဲ့ သတင်းတုဟာ လူမှုကွန်ရက်စာမျက်နှာပေါ် မှာ ပျံ့နှံ့နေပါတယ်။ “စိုင်း ဆမ် စိန်” အမည်ရှိအကောင့်တစ်ခုကနေ ဩဂုတ်၊ ၆ရက်နေ့၊ ညနေ ၅ နာရီ မှာ  ဒီသတင်းတု ကို တင်ထားခဲ့ပြီး တွေးပြီးမှယုံက တွေ့ရှိချိန်မှာ ပြန်လည်မျှဝေသူပေါင်း ၁၈၁၅ ဦး ရှိနေပြီဖြစ်ပါတယ်။ ဒီသတင်းတုကို တွေးပြီးမှယုံက စစ်ဆေးကြည့်တဲ့အခါမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ရဲ့ ထုတ်ပြန်ချက် အရ ဗီယက်နမ်နိုင်ငံတွင် COVID-19 ကူးစက်ခံရသူပေါင်း အတည်ပြုပြီးဦးရေ (၈၄၁) ဦးနှင့် သေဆုံးသူ (၁၃) ဦး ရှိကြောင်း ဖော်ပြထားပါတယ်။ စိုင်း ဆမ် စိန် […]

ကိုရိုနာကပ်ရောဂါအကြောင်း မိုင်းဖုန်းဆရာတော် မိန့်ကြားတယ် ဆိုတဲ့ ဘာသာရေးနဲ့ပတ်သက်တဲ့ သတင်းတု

ကျန်းမာရေးနှင့် ဘေးအန္တရာယ် June 15, 2020

4284 Views

ခုတခေါက်ပြန့်နှံ့လာတဲ့ သတင်းတု တစ်ခုကတော့ “ရှေ့ဆက်ဖြစ်လာမယ့် ကိုရိုနာ ကပ်ရောဂါအကြောင်း မိန့်ကြားလိုက်တဲ့မိုင်းဖုန်းဆရာတော်” ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။

ဇွန်လ (၁၃) ရက်နေ့မှာ 48 News ဆိုတဲ့ website တစ်ခုက “ရှေ့ဆက်ဖြစ်လာမယ့် ကိုရိုနာ ကပ်ရောဂါအကြောင်း မိန့်ကြားလိုက်တဲ့မိုင်းဖုန်းဆရာတော်” လို့သတင်းခေါင်းစဉ်တပ်ထားတဲ့ သတင်းတု တစ်ခုဖြန့်ဝေခဲ့ပါတယ်။ သတင်းမှာဆိုရင် …..