Home>>ပညာပေး

ဧပြီလအတွင်း တွေ့ရှိရသည့် သတင်းတု/မှားများ

ပညာပေး May 3, 2022

1043 Views

အာဏာသိမ်းစစ်ကောင်စီသည် ယင်းတို့ မြန်မာနိုင်ငံအား ငြိမ်ဝပ်ပိပြားစွာ အုပ်ချုပ်နိုင်သည်ဟု ပုံဖော်အထင်မှတ်စေရန် ပုံဖော်လေ့ရှိသည်။ ဧပြီလတွင် ကျင်းပသည့် မြန်မာရိုးရာ သင်္ကြန်ပွဲတော်တွင် ယင်းတို့ ဦးဆောင်ကျင်းပသည့် သင်္ကြန်ပွဲတော် စည်ကားသယောင် အထင်မှတ်စေရန်အတွက် တာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်းများအား ရေကစားမဏ္ဍပ်သို့ မဖြစ်မနေ လာရောက် ရေကစားကြရန် ဖိအားပေးမှုများနှင့် ရေကစားသည့် ပုံစံတူကားများကိုသာ ယင်းတို့ မဏ္ဍပ်တဝိုက်တွင် လှည့်ပတ်နေစေခဲ့သည် ကို သတင်းမီဒီယာ အသီးသီး၏ ဖော်ပြချက်များ အရ တွေ့ရှိရသည်။ အဆိုပါကဲ့သို့ ပုံဖော်မှုများကို မြေပြင်ဖြစ်စဉ်များသာမက ဖေ့ဘွတ်ခ်တွင်လည်း ပုံဖော်ခဲ့ကြသည်။ ၎င်းတို့၏ ဝါဒဖြန့်ဖေ့ဘွတ်ခ်အကောင့်များ၊ ဂရုများနှင့် ပေ့ချ်များမှ ပုံအဟောင်းများ, ဗွီဒီယိုဖိုင်အဟောင်းများကို ပြန်လည်အသုံးပြု၍ သတင်းတု ဖြန့်ဝေခဲ့ကြသည်။ အာဏာသိမ်းစစ်ကောင်စီဦးဆောင်ကျင်းပသည့် သင်္ကြန်ပွဲတော်ကို ပူးပေါင်းပါဝင်ခြင်းမပြုရန် တော်လှန်ရေးအင်အားစု အသီးသီးမှ ကြေငြာချက်များ ထုတ်ပြန်ခဲ့သလို […]

မတ်လအတွင်း တွေ့ရှိခဲ့သော သတင်းတု/မှား များ

ပညာပေး April 7, 2022

4657 Views

မတ်လ အတွင်း သတင်းတု/မှား များနှင့် ပတ်သက်၍ လေ့လာစောင့်ကြည့်မှုများအရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ – PDF, ဒေသခံကာကွယ်ရေးတပ်များ – LDF များအား ပစ်မှတ်ထားတိုက်ခိုက်မှုများကို အများအပြားတွေ့ခဲ့ရသည်။ သတင်းတုများသည် အဓိကအားဖြင့် PDF, LDF များသည် အရပ်သားများအပေါ် အကြမ်းဖက်တိုက်ခိုက်သူများ၊ ဗုဒ္ဓဘာသာဘုန်းကြီးများအား သတ်ဖြတ်၍ ဗုဒ္ဓဘာသာကို ဖျက်ဆီးနေကြသူများအဖြစ် ပုံဖျက်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။ ယင်းအပြင် အာဏာသိမ်းစစ်တပ်မှ လူနေကျေးရွာများကို မီးရှို့ဖျက်ဆီးနေမှုများနှင့် အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုများကိုလည်း PDF များ၏ လက်ချက်ဟု သမုတ်၍ ဖြန့်ဝေမှုများ ရှိနေသည်။ သို့သော် တချို့သော ဖြစ်စဉ်များတွင်မူ လွတ်လပ်သည့် မီဒီယာများ၏ ဖော်ပြချက်များနှင့် ဖြစ်ခင်းမှ ဒေသခံများနှင့် မေးမြန်းအင်တာဗျူးများကို အခြေခံ၍ ဖြစ်စဉ်အမှန်ကို သိရှိနိုင်သော်လည်း ကရင်ပြည်နယ်၊ မြဝတီ – ကော့ကရိတ် […]

သတင်းအတုတို့၏ သမိုင်းအကျဉ်းလမ်းညွှန် (အပိုင်း ၁)

ပညာပေး March 21, 2022

7022 Views

သတင်းအချက်အလက် အတုအယောင် ဖန်တီးမှုသည် အသစ်အဆန်းမဟုတ်ပါ။ Guardian သတင်းစာ၏ ပင်တိုင်ဆောင်းပါးရှင် Natalie Nougagre’de ၏ လေ့လာတွေ့ရှိချက်အရ သတင်းမှား ဝါဒဖြန့်မှုများသည် ရှေးယခင်ကတည်း ကပင်ရှိခဲ့ပြီး ယခုမူ နည်းပညာ၏ အကူအညီဖြင့် ပိုမိုထိထိရောက်ရောက် ဝါဒဖြန့်မှုများ ပေါများလာရခြင်းဖြစ်ကြောင်းသိရသည်။ သို့ဖြစ်ရာ ၂၁ ရာစု သတင်းအချက်အလက်များ စည်းမဲ့ကမ်းမဲ့ ဖြစ်စေသည့် ဝိသေသ လက္ခဏာများကို စုံစမ်းစစ်ဆေးတင်ပြရာတွင် သမိုင်းအထောက်အထားများကိုပါ နားလည်အောင်လေ့လာရန် အလွန်အရေးကြီးပါသည်။ သတင်းအမှားများ သတင်းတုများနှင့် ဝါဒဖြန့်ချိမှုများသည် Antony နှင့် Cleopatra တို့ ဆက်သွယ်မှု ဝိသေသလက္ခဏာများပင်ဖြစ်သည်။ Octavian သည် Antony ၏ ဂုဏ်အသရေကို ညှိုးနွမ်းစေခဲ့သည်။ ရှေးဟောင်းဒင်္ဂါးများပေါ်တွင် တိုတိုနှင့်ထိမိသော စာသားများဖြင့် Antonio ကို မိန်းမလိုက်စားသူဟူ ၍လည်းကောင်း၊ […]

ဖေဖော်ဝါရီလအတွင်း တွေ့ရှိခဲ့ရသော သတင်းတု/မှားများ

ပညာပေး March 7, 2022

4318 Views

ဖေဖော်ဝါရီလတွင် သတင်းတု/မှားများ အများအပြားထွက်ပေါ်ခဲ့ပြီး အတည်ပြုရန်ခက်ခဲသည့် သတင်းတု/မှားများ ယခင်လများထက် ပိုမိုတွေ့ရှိခဲ့ရသည်။ ယင်းသတင်းများထဲမှ အများစုမှာ လူစိတ်ဝင်စားမှုများသည့် ဖြစ်စဉ်များ၊ အခြေအနေများအပေါ် မူတည်၍ ထွက်ပေါ်လာခဲ့ကြခြင်းဖြစ်သည်။ သို့သော် တချို့သော သတင်းမှားများမှာ ပျံ့နှံ့မှုအင်အား နည်းပါးပြီး လူအဖွဲ့အစည်းသဟဇာတ ဖြစ်မှုအပေါ် သက်ရောက်မှု နည်းပါးသဖြင့် ပြန်လည်ဖြေရှင်းခဲ့ခြင်းမရှိသလို တချို့သတင်းများမှာ အတည်ပြုရန်အခက်အခဲများ ရှိခဲ့သောကြောင့် မဖြေရှင်းနိုင်ခဲ့ပေ။ တွေ့ရှိရသည့် သတင်းမှားများတွင် အကြမ်းဖက်စစ်တပ်မှ ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF များအား အကြမ်းဖက်သမားများအဖြစ် ပုံဖျက်ရန် ရည်ရွယ်တိုက်ခိုက်မှုများရှိခဲ့သလို ခုခံတော်လှန်သူ အင်အားစုများကြားတွင်လည်း မျှော်လင့်ချက်အမှားများကို အခြေခံသည့် သတင်းဓါတ်ပုံအလွဲများ၊ ဗွီဒီယိုဖိုင်အမှားများကို ပြန်လည်ဖြန့်ဝေခြင်းများ ရှိခဲ့သည်။ ဖေဖော်ဝါရီလ၏ သတင်းတုပြန့်နှံ့မှုနှင့် ပတ်သက်၍ ထူးခြားချက်တခုမှာ နိုင်ငံတော်အဆင့် ဖြန့်ဝေမှုများရှိခဲ့ပြီး တရားဝင်သတင်းမီဒီယာတချို့မှလည်း ဖြန့်ဝေမှုများ ရှိခဲ့သည်ကို […]

တွေးပြီးမှယုံမှ ဒီဇင်ဘာလအတွင်း‌တွေ့ရှိရသည့် သတင်းတု/မှားများ

ပညာပေး January 16, 2022

13617 Views

တွေးပြီးမှယုံမှ ဒီဇင်ဘာလအတွင်း‌တွေ့ရှိရသည့် သတင်းတု/မှားများနှင့်ပတ်သက်ပြီး အချက်အလက်စစ်ဆေးခဲ့ရာ အဓိကအားဖြင့်  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF), အမျိုးသားညီညွတ်ရေးအစိုးရ (NUG), ကရင်အမျိုးသားအစည်းအရုံး (KNU) စသည်တို့နှင့် ပတ်သက်၍ သတင်းတုများ အများအပြားထွက်ပေါ်လာခဲ့သည်။ PDF, NUG တို့နှင့် စပ်ဆက်၍ ဖြန့်ဝေခဲ့သည့် သတင်းတုများမှာ အဓိကအားဖြင့် ယင်းတို့အပေါ် အကြမ်းဖက်များ၊ ပြည်သူများအပေါ် တိုက်ခိုက်ရေးလုပ်ငန်းစဉ်များဆောင်ရွက်နေသူများ ဇာတ်ကြောင်းသွင်း၍ ဖြန့်ဝေနေမှုများကို တွေ့ရသည်။ သတင်းတုများမှာ လတ်တလော နံမည်ကျော်ကြားဖြစ်စဉ်များအပေါ် မှီခို၍ အထင်မြင်လွဲမှားစေရန်၊ စိတ်အားတက်ကြွစေရန်နှင့် အချက်အလက်အမှားများ စုဆောင်းမိလျက်သားဖြစ်စေနိုင်သည့် သတင်းတုပုံစံ အများအပြား ဖြန့်ဝေခဲ့ကြသည်။ ဖြန့်ဝေသူများတွင် အာဏာသိမ်းစစ်ကောင်စီအား ထောက်ခံသူများ၏ ဖေ့ဘွတ်ခ်အကောင့်များ၊ ဂရုများ၊ ပေ့ချ်များနှင့် ဂရုများမှ ဖြန့်ဝေခဲ့ကြရုံသာမက ယင်းတို့အား တော်လှန်နေသူများဟု ယူဆရသူများမှလည်း ပြန်လည်ဖြန့်ဝေခဲ့ကြသည်အား တွေ့ရှိခဲ့ရသည်။ ဒီဇင်ဘာလအတွင်း စစ်ကောင်စီဘက်မှ […]

နိုဝင်ဘာလအတွင်း တွေ့ရှိရသော သတင်းတု/မှား များ

ပညာပေး December 16, 2021

14973 Views

တွေးပြီးမှယုံမှ နိုဝင်ဘာလအတွင်း တွေ့ရှိရသည့် သတင်းတုများအပေါ် အချက်အလက်စစ်ဆေးခဲ့ရာ အဓိကအားဖြင့် အခြားဖြစ်စဉ်များမှ ဗွီဒီယိုများ၊ ဓါတ်ပုံများကို ပြန်လည်အသုံးပြု၍ အကြောင်းအရာအမှား၊ ဖြစ်စဉ်အလွဲများဖြင့် ချိတ်ဆက် ဖန်းတီးဖြန့်ဝေခဲ့ကြသည်ကို အများဆုံးတွေ့ရှိ ဖော်ထုတ်ခဲ့သည်။ သတင်းတုများတွင် အသုံးပြုခဲ့သည့် ဓါတ်ပုံနှင့် ဗွီဒီယို အများစုမှာ သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးမှ ထုတ်ပြန်ထားခဲ့သည် များကို ပြန်လည်အသုံးပြုခဲ့ခြင်းဖြစ်၍ အချက်အလက်စစ်ဆေးရန် လွယ်ကူသော်လည်း အချို့သော ဓါတ်ပုံများမှာ စစ်ကောင်စီလက်ဝေခံများကဲ့သို့ နီးစပ်သူများမှ ရိုက်ကူးထားသည့်ပုံများ ဖြစ်သည့် အတွက် တိုက်ဆိုင်စစ်ဆေးရာတွင် နောက်ခံမြင်ကွင်းများ၊ ဓါတ်ပုံ/ဗွီဒီယိုဖိုင်တွင် ပါဝင်သူများ၏ အသွင်ပုံများနှင့် စကားသံများကို အဆင့်အဆင့်ပေါင်းစပ်၍ ဖော်ထုတ်ခဲ့ရသည်များလည်း ရှိခဲ့သည်။ သတိထားဖွယ်ရာ သတင်းတုများအနေဖြင့် ဘာသာရေးပဋိပက္ခ များကို ဦးတည်စေသည့် အတည်ပြုရန် ခက်ခဲသည့် အမုန်းစကားများပါဝင်သည့် သတင်းတုများလည်း ဖြန့်ဝေခဲ့ကြသည်ကို တွေ့ရှိခဲ့ရသည်။ […]

BBC ကတင်ဆက်ထားတဲ့ သတင်းတု၊သတင်းမှားတွေနဲ့ပတ်သက်ပြီး ရှောင်ရှားနိုင်တဲ့အချက် ၁၀ချက်အကြောင်း

ပညာပေး May 22, 2021

50613 Views

အမေရိကန် သမ္မတ ထရမ့် ဟာ သတင်းတု၊ သတင်းမှား ဆိုတာကို ပါးစပ် က မချစတမ်းပြော ဆိုခဲ့သူ တယောက်ပါ။ ပြီးခဲ့တဲ့ နှစ်တုန်း က ဆိုရင် fake news ဆိုတဲ့ စကားရပ် ဟာ အတွင်ကျယ်ဆုံး အသုံးပြု ခဲ့တဲ့ စကားရပ် ဆိုပြီးတော့ အဘိဓာန်တွေ ထုတ်ဝေသူ ကောလင်း ကုမ္ပဏီ က ပြောဆို ခဲ့ပါတယ်။ သတင်းတု သတင်းမှား ဆိုတာက အမြဲတမ်း တွေ့ မြင် သိရှိ နိုင်တာမျိုး မဟုတ်ဘူး လို့လည်း ဆိုပါတယ်။ ဖေ့စ်ဘုတ်တန်ဖိုး အကြီးအကျယ်ထိုးဆင်း အမုန်းစကားဖြန့်မှုကို Facebook က စောင့်ကြည့်ကိုင်တွယ်မယ် မြန်မာအရေး ဖေ့စ်ဘုတ် လုပ်ဆောင်နေတဲ့ အချက် ၃ […]

သတင်း​ဖောင်းပွမှုကို ဖြစ်​စေတဲ့ Live အတုများ

ပညာပေး May 5, 2021

25886 Views

အခုဆိုရင်လည်း လှိုင်သာယာ၊ ကယားပြည်နယ် စတဲ့ ​ဒေသ​တွေမှာဖြစ်ခဲ့တဲ့ စစ်ကောင်စီက ဆန္ဒပြတဲ့ ပြည်သူတွေကို အကြမ်းဖက်နှိမ်နှင်းတဲ့ ရုပ်သံဖိုင်တွေကို အခုပဲ ဖြစ်ပွားနေသယောင် ဖြန့်​ဝေလာကြပါတယ်။

မဝေမျှခင် အရင်စဉ်းစားပါ။

ပညာပေး September 14, 2020

47492 Views

Google ရဲ့ Youtube Channel မှာတင်ဆက်ထားတဲ့ “Tip 1: Think Before You Share” – မဝေမျှခင် အရင်စဉ်းစားသင့်တဲ့ အကြောင်းကို တွေးပြီးမှယုံမှ ဆီလျှော်သလို ဘာသာပြန် တင်ဆက်ထားပါတယ်။ Reference: (Link)

သတင်းတုကို စိစစ်ရာမှာ လိုအပ်တဲ့ ‘ C ‘ ၅ လုံး

ပညာပေး July 28, 2020

28734 Views

သူငယ်ချင်းတို့ရေ…. ဒီတခေါက်မှာတော့ သတင်းတုကို စိစစ်ဖို့လိုအပ်တဲ့ ‘C’ ၅ လုံးအကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီ အကြောင်းကိုတော့ John Spencer က ရှင်းပြထားတာဖြစ်ပြီး တွေးပြီးမှယုံမှ ဘာသာပြန်ထားတာ ဖြစ်ပါတယ်။