Home>>Uncategorized

ကိုဗစ်-၁၉ ကူးစက်ခံရတဲ့ ၂ လသားကလေးငယ် သေဆုံးပြီဆိုတဲ့ သတင်းတု

Uncategorized August 31, 2020

541 Views

တကျော့ပြန်ဖြစ်ပွားလာနေတဲ့ ကိုဗစ်-၁၉ နဲ့ ပတ်သက်လို့ လူအများစိုးရိမ်ထိတ်လန့်နေချိန်မှာပဲ သတင်းတုတွေက အဆက်မပြတ်ထွက်ပေါ်လာပါတယ်။ အခုတစ်ခေါက်မှာဆိုရင်လည်း “ကိုဗစ် ဖြစ်တဲ့ ကလေးသေသွားပါပြီ” ဆိုတဲ့ စာအညွှန်းနဲ့ ကလေးငယ် တစ်ဦးရဲ့ နားရေးဓါတ်ပုံတွေကို ဖြန့်ဝေထားပါတယ်။ ဒီသတင်းတုကို ဘယ်ပါတီကို ရွေးကြမလဲ ဆိုတဲ့ Page တစ်ခုကနေ ဩဂုတ်လ ၂၉ ရက်နေ့၊ နေ့လည် ၁၂နာရီ ၂၀မိနစ်က တင်ထားခဲ့တာဖြစ်ပါတယ်။ တွေးပြီးမှယုံ ကနေ တွေ့ရှိချိန်မှာဆိုရင်တော့ ပြန်လည်မျှဝေသူပေါင်း ၇၀၈ ဦးရှိနေပြီဖြစ်ပါတယ်။ ဒါ့အပြင် သာလွန်ဂန္တဝင်ကြီးများ ဆိုတဲ့ အကောင်ကနေလည်း ၂၉ ရက်နေ့ တစ်ရက်တည်းမှာပဲ တင်ထားခဲ့ပြီး  ပြန်လည်မျှဝေသူပေါင်း ၃၄၀ ဦးရှိနေပါတယ်။ တွေးပြီးမှယုံ ကနေ စစ်ဆေးကြည့်ခဲ့ရာမှာ သတင်းတုဖြစ်နေတာကို တွေ့ရှိခဲ့ရပါတယ်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ဩဂုတ်လ ၃၀ရက်နေ့ […]

COVID-19 ကာကွယ်ဖို့၊ ဆပ်ပြာနှင့်ရေအသုံးပြုလို့၊ စက္ကန့်(၂၀)စနစ်တကျလက်ဆေးကြစို့

Uncategorized April 22, 2020

1213 Views

ကျန်းမာရေးဝန်ကြီးဌာန ဖေ့ဘွတ်စ်ပေ့ချ်ကနေ COVID-19 ကာကွယ်ရေးနဲ့ ပတ်သက်ပြီး အသိပညာပေး ဗွီဒီယိုလေးကို ပြန်လည်ကူးယူဖော်ပြပေးလိုက်ပါတယ်နော်။

ပညာရေးဝန်ကြီးဌာန အမိန့်ကြေညာစာအတု

Uncategorized January 9, 2020

305 Views

သူငယ်ချင်းတို့ရေ… ပညာရေးဝန်ကြီးဌာန အမိန့်ကြေညာစာအတု တော်တော်လေးပြန်နှံ့နေတာကို တွေ့ရှိရပါတယ်။ ဒီအမိန့်ကြေညာစာအတုဟာ ပညာရေးဝန်ကြီးဌာနမှ ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် ဆရာ/ဆရာမများ လူမှုကွန်ရက် အသုံးပြုရာတွင် ကျင့်ဝတ်၊ စည်းကမ်းများကို လေးစားနာရန် တိုက်တွန်းပြောကြားချက်ကို အခြေခံကောက်ယူပြီး လိုသလို ဖြည့်စွက်ရေးသားထားတဲ့ ကြေညာချက်အတုပဲဖြစ်ပါတယ်။ ဒီကြေညာချက်အတုနဲ့ ပတ်သက်ပြီး Myanmar Harp Media မှ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းကို ဆက်သွယ်မေးမြန်းချက်ကိုလည်း ဖော်ပြပေးလိုက်ပါတယ်။ “စာအတုထဲမှာ စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးအမှတ်စဉ် (၃၂/၂၀၂၀)ဆိုတာပါတယ်။စဉ်းစားကြည့်ဗျာ။ခုမှ ၉ ရက်နေ့ပဲ ရှိသေးတယ်။ဒီ ၉ ရက်ထဲမှာ အစည်းအဝေးက ၃၂ခု ဘယ်လိုမှမဖြစ်နိုင်ဘူး။နောက်တစ်ခုက အခြေခံပညာဦးစီးဌာနကစာ။ဒီစာကို ဒုတိယအမြဲတမ်းအတွင်းဝန်က လက်မှတ်ထိုးထားတယ်။အမှန် ဒုတိယအမြဲတမ်းအတွင်းဝန်က လက်မှတ်မထိုးရဘူး။နောက် ရုံးတံဆိပ်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ပညာရေးဝန်ကြီးဌာန ဆိုတဲ့ တံဆိပ်။စာအမှန်ဆို ဒီစာမှာ ဒီရုံတံဆိပ်မရှိရဘူး။နောက် ဒုတိယအမြဲတမ်းအတွင်းဝန်ဦးကျော်ဝင်း ဒီပုဂ္ဂိုလ်က […]

Tik Tok (သို့မဟုတ်) အမုန်းတွေ မီးညှိပေးနေတဲ့ လူမှုကွန်ရက် အပိုင်း (၃)

Uncategorized December 29, 2019

41286 Views

ဟုတ်တယ် vs မဟုတ်ဘူး ပေ့ချ်လေးကနေ Tik Tok (သို့မဟုတ်) အမုန်းတွေ မီးညှိပေးနေတဲ့ လူမှုကွန်ရက် အပိုင်း (၃) အဆက်လေးကို ပြန်လည်ကူးယူဖော်ပြပေးလိုက်ပါတယ်နော်။
အသုံးပြုသူတွေအပျော်သဘောနဲ့ ဆော့ကစားလေ့ရှိတဲ့ Tik Tok ဟာ အိန္ဒိယနိုင်ငံမှာတော့ အမုန်းတရားတွေ၊အမုန်းစကားတွေ ဖြန့်ဖြူးရာ လူမှုကွန်ရက်တစ်ခုဖြစ်လာပါတယ်။

ရန်ကုန် အရှေ့တိုင်း တက္ကသိုလ်ကျောင်းသူ ကျောင်းထုတ်ခံရတယ် ဆိုတဲ့ သတင်းတု

Uncategorized December 9, 2019

253 Views

သူငယ်ချင်းတို့ရေ….. ဒီနေ့အတွက် Fake News Alert ကတော့…… “ထမီချွတ်ပြီးကတဲ့ ရန်ကုန် အရှေ့တိုင်း တက္ကသိုလ်ကျောင်းသူ ကျောင်းထုတ်ခံရတဲ့ ဗီဒီယိုဖိုင်” ဆိုတဲ့ခေါင်းစဉ်နဲ့ ဗီဒီယိုဖိုင်တစ်ခုပါ။ ဒီသတင်းအတုကို တွေးပြီးမှယုံက သတိထားမိတဲ့အချိန်မှာ Like-819 နဲ့ Share-141 ရှိနေပါပြီ။ ဒီသတင်းတုကို စစ်ကြည့်လိုက်တဲ့အခါမှာ ၂၀၁၆ ခုနှစ်ကတည်းက Youtube မှာတင်ထားခဲ့ပြီးသား ဖိုင်တစ်ခုဖြစ်နေပါတယ်။ တက္ကသိုလ်ကျောင်းသူ ဆိုတဲ့ ဦးတည်ချက်မျိုးနဲ့ ရေးသားထားပြီး Comment တွေမှာဆိုရင်လည်း အမျိုးသမီးဖြစ်တည်မှုကို တိုက်ခိုက်ရေးသားထားတာမျိုးတွေ တွေ့နေရပါတယ်။ တွေးပြီးမှယုံရဲ့ သူငယ်ချင်းတို့ရေ…….. သတင်းတစ်ခုကိုတွေ့တဲ့ခါ အတုအစစ် ဆန်းစစ်ပြီး ကိုယ့်ကြောင့် သတင်းတုတွေမပျံ့နှံ့ဖို့ သတိထားရမယ့်အပြင် သတင်းတုတွေကို အခြေခံပြီး Comment တွေမှာ တခြားသူတွေကို မထိခိုက်မိစေဖို့ကို သတိထားဖို့လိုပါတယ်။

အမြန်လမ်း ၁၆၅ မိုင် ဆွာချောင်းတံတား ကျိုးသွားပြီဆိုတဲ့သတင်းမှား

Uncategorized July 26, 2019

230 Views

သူငယ်ချင်းတို့ရေ… အမြန်လမ်း ၁၆၅ မိုင် ဆွာချောင်းတံတား ကျိုးသွားပြီဆိုတဲ့သတင်းမှားနဲ့ ပတ်သက်ပြီး သတင်းမှားတွေထွက်ရှိနေတဲ့အပေါ် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး ဖေ့ဘွတ်ပေ့ချ်ကနေ တင်ထားတာကို ပြန်လည်ကူးယူဖော်ပြ ပေးလိုက်ပါတယ်နော်။ အမြန်လမ်းမကြီးတစ်လျောက်. ခရီးသွားလာနေသည့် ပြည်သူများ အတွက်. အမြန်လမ်းမတွင်ဖြစ်ပွားသည့် ထူးခြားဖြစ်စဉ် နှင့် ထိခိုက်ဒဏ်ရာရရှိ ဖြစ်စဉ်များကို. သိရှိစေရန်. အမြန်လမ်းမကြီးရဲတပ်ဖွဲ့ မှူးရုံးမှ အချိန်တပြေးညီ ထုတ်ပြန် အသိပေးလျက်ရှိပါသည် သို့ ရာတွင်. ပြည်သူများ အထိတ်တလန့် စိတ်အနှောင့်အယှက် ဖြစ်စေရန်. လူ ပုဂ္ဂိုလ်တစ်ချို့ မှ. သတင်း အမှားများလုပ်ကြံ ဖော်ပြလျက်ရှိရာ. ယနေ့  ဇူလိုင်လ(၂၆) ရက် ညနေ တွင် လူမှုကွန်ယက် ၌ ဆွာချောင်းတံတား ၁၆၅ မိုင် ကျိုးကြောင်း. ဖော်ပြလျက်ရှိပါသည် အဆိုပါ […]

တရားခံအဖြစ် သတ်မှတ်ခံနေရတဲ့ ကားဆရာ ဆိုတဲ့ သတင်းဓါတ်ပုံ အတု

Uncategorized July 8, 2019

363 Views

သူငယ်ချင်းတို့ရေ….. ဒီတစ်ခါ တွေးပြီးမှယုံက မျှဝေချင်တာက ခုတလော အွန်လိုင်းပေါ်မှာ လူပြောသူပြော များနေတဲ့သတင်းကိစ္စပါ။ တရားခံ အဖြစ် သံသယရှိသူ ကားမောင်းသမားရဲ့ ထွက်ဆိုချက်ဆိုပြီးတော့ ပျံ့နှံ့လာတဲ့သတင်းနဲ့ အတူတူ အောင်ကြီးရဲ့ ပုံတွေလဲ ပျံ့နှံ့လာပါတယ်။ တကယ်တော့ ဒီပုံက အမှန်တကယ် အောင်ကြီးရဲ့ ပုံမဟုတ်ပဲ ဘယ်သူက စတင်ပြီး ဂျင်းထည့်လိုက်သလဲ မသိပါဘူး။ သတင်းလင့်တွေကတော့ တော်တော်လေး ပျံ့နှံ့နေပါပြီ။ သတင်းပုံကို ကားမောင်းသမားဆိုတိုင်း ကားမောင်းတဲ့ပုံကို ယူသုံးထားတာပါ။ ဒါဟာ ပုံယူသုံးတဲ့ Copy Right အပြင် ဂုဏ်သိက္ခာကျဆင်းစေမှုပါ မြောက်ပါတယ်။ ဓါတ်ပုံပိုင်ရှင်အနေနဲ့ကတော့ တရားပြန်ဆွဲဖို့မရှိသလို ဒီကိစ္စကို အေးဆေးလေးပဲ ဖြတ်ကျော်သွားဖို့ စဉ်းစားထားပုံရပါတယ်။ တစ်နိုင်ငံလုံး စိတ်ဝင်စားနေတဲ့သတင်းတွေကို လူပိုစိတ်ဝင်စားအောင် လုပ်ထားပြီး ကိုယ့် သတင်း Website, Page […]

The Voice Weekly ဆိုတဲ့ အမည်ယောင်နဲ့ page အတုက The Voice သတင်းဌာနယောင်ဆောင်နေတာကို သတိထားပါ

Uncategorized August 27, 2018

485 Views

The Voice Weekly ဆိုတဲ့ နာမည်နဲ့ page ဟာ သတင်းဌာနတွေရဲ့ သတင်းတွေကို ကူးယူဖော်ပြတဲ့နေရာမှာ မူရင်းသတင်းဌာနတွေရဲ့ နာမည်ကိုဖယ်ထုတ်ထားပြီး ကိုယ်ပိုင်မူရင်းသတင်းလို ပြန်လည်ကူးယူဖော်ပြထားပါ တယ်။ ဒီလိုသတင်းတွေကို ကူးယူဖော်ပြမှု နဲ့ပတ်သတ်ပြီး နိရဉ္စရာသတင်းဌာနက ပြန်လည်တုန့်ပြန်ထားတာကို ဖော်ပြပေးလိုက်ပါတယ်။ ယခုလည်း DVB က ပါမောက္ခချုပ် နုတ်ထွက်ပေးရန် ပြည်တက္ကသိုလ်ကျောင်းသား များဆန္ဒပြ ဆိုတဲ့သတင်းကိုလည်း မူရင်းသတင်းဌာနကို ဖယ်ရှားပြီး ပြန်လည်ကူးယူဖော်ပြထားပါတယ်။ သူငယ်ချင်းတို့လည်း ဒီလို သတင်းစာမျက်နှာတွေကို သတိထားမိအောင် တွေးပြီးမှယုံက ဖော်ပြပေးလိုက်ပါ တယ်။ #တွေးပြီးမှယုံ