ဇွန်လ ၁ ရက်နေ့က အောင်ဘာလေ ထီဖွင့်ပြီး ရခိုင်ပြည်နယ်၊ စစ်တွေမြို့က မောင်နှမ ၂ ယောက် ထီဆုကြီး ပေါက်တယ်ဆိုတဲ့ သတင်းတွေလဲ ဆက်တိုက်ဆိုသလိုပဲ တတ်လာပါတယ်။ မောင်နှမ နှစ်ယောက် သူတို့မိသားစုတွေနဲ့ တွဲရိုက်ထားတဲ့ပုံကို အသုံးချပြီးတော့ ဖုန်းဘေလ်နဲ့ ပိုက်ဆံတွေကို Wave Money ကတဆင့် လှူဒါန်းသွားမယ်ဆိုတဲ့ သတင်းတုတွေကို Facebook Account, Page နဲ့ Group တွေကနေ အကွက်ကျကျလှည့်စားနေတာကို ကို ဖော်ပြပေးလိုက်ပါတယ်။
သူငယ်ချင်းတို့ရေ…… အခုတစ်ခါမှာတော့ သတိထားသင့်တဲ့ ” မြန်မာပြည်သတင်းမီဒီယာကောင်စီ” ဆိုတဲ့ Page အတုအကြောင်းပြောပြပေးသွားမှာဖြစ်ပါတယ်။ ဒီ Page အတုဟာ ၂၀၂၀ မတ်လ ၁၂ ရက် နေ့မှာ မြန်မာပြည် သတင်းမီဒီယာကောင်စီဆိုတဲ့ အမည်နဲ့ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ဆိုပါ ပေ့ချ်အတုမှာတော့ အခြား သတင်းမီဒီယာတွေက သတင်းတွေကို တဆင့်ကူးယူဖော်ပြပြီး အတည်ပြုရန်ခက်ခဲတဲ့ သတင်းတွေနဲ့ သတင်းမှားတွေကိုသာ တင်ထားတာကိုတွေ့ရှိခဲ့ရပါတယ်။ ဒါ့အပြင် ဧပြီလ ၂၄ ရက်နေ့မှာလည်း ဖုန်းငွေဖြည့်ကဒ် ၅ သိန်းဖိုး မဲဖောက်ပေးမယ် ဆိုပြီးတော့ ပိုစ့်တစ်ခုတင်ခဲ့ပါတယ်။ ဖုန်းဘေလ်ရဖို့အတွက် အဆိုပါ page အတုကို Like နဲ့ Follow လုပ်ထားရမှာဖြစ်ပြီး လူသိများတဲ့ Group ထဲကို Share ပေးရမယ်လို့ ညွှန်ကြားထားပါတယ်။ ဖုန်းဘေလ် […]
အခုတခါ ပြောပြပေးချင်တဲ့ အကြောင်းအရာကတော့ Facebook Group တွေနဲ့ လူလည်ကျပြီး ဘယ်လို ဝင်ငွေရှာသလဲ ဆိုတာပါပဲ။