ကျောက်မဲမှာ နောက်ထပ် ထွေအုပ်တစ်ဦး သေနတ်နဲ့ ပစ်ခံရတယ် ဆိုတဲ့ သတင်းတု
ကျောက်မဲ
November 23, 2020
3686 Views
နိုဝင်ဘာလ ၂၁ ရက်နေ့မှာ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲခရိုင် အမှတ်(၁) ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်နေရာမှာ အနိုင်ရခဲ့တဲ့ NLD အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထိုက်ဇော်သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။
ဒီသတင်းနဲ့ မရှေ့မနှောင်းပဲ “ကျောက်မဲတွင် နောက်ထပ်ထွေအုပ်တစ်ဦး သေနတ်ဖြင့် 22.11.2020 ည 6:00 နာရီ ပစ်ခတ်ခံရ” ဆိုတဲ့ သတင်းတု ပြန့်နှံ့လာပါတယ်။