Home>>ပုံအတု

မင်းတပ်မြို့ကို ရိက္ခာတချို့ရောက်ရှိဆိုတဲ့သတင်း မဟုတ်မှန်

ပုံအတု May 19, 2021

1935 Views

ဒီသတင်းကို Steven Htun ဆိုတဲ့ Facebook အကောင့်တစ်ခုက မေ ၁၈ ရက်နေ့ (မနေ့)က တင်ခဲ့တာဖြစ်ပါတယ်။ သတင်းထဲမှာဆိုရင် “အခက်အခဲများစွာကြားမှ မင်းတပ်မြို့ကို ရိက္ခာတချို့ရောက်ရှိ” ကြောင်းရေးသားထားပြီး ပြည်သူတွေ ဆန်အိတ်တွေသယ်နေတဲ့ပုံတွေနဲ့ မင်းတပ်မြို့မှ ကြိုဆိုပါ၏ ဆိုတဲ့ ပုံနဲ့တွဲပြီး တင်ထားတာတွေ့ရပါတယ်။ အခုဆိုရင် Like နဲ့ React ပေးသူ 3.8K ရှိနေပြီး ပြန်လည်မျှဝေသူပေါင်း 2475ယောက်ရှိနေပြီဖြစ်ပါတယ်။ ဒါ့အပြင် ပြန်လည်ကူးယူတင်ပြသူတွေဟာလဲ အများအပြားရှိနေပါပြီ။ ဒီသတင်းဓါတ်ပုံတွေဟာ ကချင်ပြည်နယ် လိုင်ဇာဘက်က စစ်ဘေးရှောင်ပြည်သူတွေအတွက် သွားရောက်လှူဒါန်းထားတဲ့ ပုံတွေသာ ဖြစ်ပါတယ်။ ဒီအကြောင်းကို ဒီလင့်ထဲမှာ ဝင်ရောက်ဖတ်ရှုလို့ရပါတယ်။ မင်းတပ်ကို သွားရောက်လှူဒါန်းတဲ့ ပုံတွေမဟုတ်ကြောင်းကို ကာယကံရှင်တွေကိုယ်တိုင် ပြန်လည်ဖြေရှင်းထားကြပါတယ်။ ဒါ့အပြင် ချင်းပြည်နယ်က သတင်းများကို အဆက်မပြတ်တင်ပေးနေတဲ့ Chin […]